ပထမ အင်္ဂလိပ် - မြန်မာစစ်
၁၉ရာစုစစ်ပွဲသည်ဗြိတိသျှနှင့်ဗမာအင်ပါယာအကြားဖြစ်ပွားခဲ့သည်။ / From Wikipedia, the free encyclopedia
ပထမအင်္ဂလိပ်မြန်မာစစ်သည် ခရစ်နှစ် ၁၈၂၄-ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သည်။ ကုန်းဘောင်ခေတ်၊ ဘကြီးတော်(စစ်ကိုင်းမင်း) လက်ထက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ရှင်မဖြူကျွန်း ကိစ္စနှင့် ပတ်သက်၍ အငြင်းပွားရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ခရစ်နှစ် ၁၈၂၆-ခုနှစ်တွင် ရန္တပိုစာချုပ်ချုပ်ဆိုပြီး စစ်ပွဲပြီးဆုံးသည်။ ပထမ အင်္ဂလိပ်မြန်မာစစ်တွင် မြန်မာတို့ ရှုံးနိမ့်ခဲ့ပြီး အကျိုးဆက်အနေဖြင့် အာသံ၊ မဏိပူရ၊ ရခိုင် နှင့် တနင်္သာရီဒေသတို့ကို အင်္ဂလိပ်တို့အား ပေးအပ်ခဲ့ရသည်။ စစ်ပွဲတွင် စစ်သူကြီးမဟာဗန္ဓုလ ဓနုဖြူ တိုက်ပွဲတွင် ရဲရဲဝံ့ဝံ့ တိုက်ခိုက်ရင်း ခရစ်နှစ်-၁၈၂၅ခု၊ ဧပြီ (၁) ရက်နေ့တွင် ကျဆုံးခဲ့သည်။ ထိုစစ်ပွဲသည် မြန်မာဘုရင်ပိုင်နက်နှင့် အချုပ်အချာအာဏာ ကျရှုံးရန် အဓိက အကြောင်းအရင်း ဖြစ်သည်။
အချက်တိုများ ပထမအင်္ဂလိပ်မြန်မာစစ်ပွဲ, ရက်စွဲ ...
ပထမအင်္ဂလိပ်မြန်မာစစ်ပွဲ | |||||||
---|---|---|---|---|---|---|---|
ဗြိတိသျှတပ်တို့ ရန်ကုန်မြို့အနီး ကမ်းကပ်လာပုံ ပန်းချီကားချပ် (၈ ရက် ဇူလိုင်လ ၁၈၂၄ ခုနှစ်) | |||||||
| |||||||
စစ်ရင်ဆိုင်သည့် နိုင်ငံများ | |||||||
ဗြိတိသျှအင်ပါယာ | မြန်မာ | ||||||
တပ်မှူးများနှင့် ခေါင်းဆောင်များ | |||||||
Lord Amherst
Sir Archibald Campbell Joseph Wanton Morrison |
ဘကြီးတော်(စစ်ကိုင်းမင်း) မဟာဗန္ဓုလ (ကျဆုံး) မဟာနေမျိုး (ကျဆုံး) |
ပိတ်ရန်