ပရာယွတ်ချန်အိုချာ
ယခင်ထိုင်းဝန်ကြီးချုပ် / From Wikipedia, the free encyclopedia
ပရယုဒ္ဓ စန္ဒြဩဇာ(ထိုင်း: ประยุทธ์ จันทร์โอชา ပရးယုဒဓ် စန်ဒရ်ဩဇာ; သင်္သကရိုက်: Prayuddha Candraojā ပြယုဒ္ဓ စန္ဒြဩဇာ) သို့မဟုတ် ပရယုဒ် ကျန်အိုချာ(အင်္ဂလိပ်: Prayut Chan-o-cha)သည် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ၂၀၁၄ခုနှစ်မှ ၂၀၂၃ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။[1] ၂၀၁၀ခုနှစ်မှ စတင်ကာ ထိုင်းဘုရင့်တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။၂၀၁၄ခုနှစ် ယင်လပ်အစိုးရကိုဖြုတ်ချကာ အာဏာသိမ်းယူပြီး နောက်ပိုင်းတွင် ထိုင်းနိုင်ငံ၏ ၂၉ယောက်မြောက်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ၂၀၂၂ခုနှစ် ဩဂုတ်လ ၂၄ရက်မှ စက်တင်ဘာ ၃၀ရက်နေ့အတွင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ရာထူးကို ဆိုင်းငံ့ထားသည်။ သို့ရာတွင် ၂၀၂၂ခုနှစ် အောက်တိုဘာ ၁ရက်နေ့တွင် ပြန်လည်ရုံးထိုင်နိုင်ကြောင်း ဆုံးဖြတ်ခဲ့သည်။[2] ၂၀၂၃ရွေးကောက်ပွဲအပြီးတွင် ၎င်း၏ပါတီက အမတ်နေရာအများစု အနိုင်မရခဲ့ပြီးနောက်တွင် သူ့အနေဖြင့် နိုင်ငံရေးမှအနားယူပြီဖြစ်ကြောင်း ဇူလိုင်လ၌ ကြေညာခဲ့သည်။ ထိုင်းနိုင်ငံ အစိုးရအဖွဲ့သစ်ပေါ်ပေါက်မလာမီအထိ ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။[3]
ပရယုဒ္ဓ စန္ဒြဩဇာ ประยุทธ์ จันทร์โอชา | |
---|---|
ထိုင်းနိုင်ငံ၏ ၂၉ယောက်မြောက်ဝန်ကြီးချုပ် | |
တာဝန်သက်တမ်း ၂၂ မေ ၂၀၁၄ – ၂၂ ဩဂုတ် ၂၀၂၃ | |
ဧကရာဇ် | ဘူမိဗလအတုလျတေဇ ဝဇိရာလင်္ကရဏ |
ယခင်လူ | ဘွန်ဆိုင်ပန်ဆင် (ယာယီ) ယင်လပ် ရှင်နာဝပ် |
ဆက်ခံသူ | ဆေထာ ထဝီဆင် |
ကာကွယ်ရေးဝန်ကြီး | |
တာဝန်သက်တမ်း ၁၀ ဇူလိုင် ၂၀၁၉ – ၁ စက်တင်ဘာ ၂၀၂၃ | |
ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် | |
တာဝန်သက်တမ်း ၁ အောက်တိုဘာ ၂၀၁၀ – ၃၀ စက်တင်ဘာ ၂၀၁၄ | |
ဝန်ကြီးချုပ် | အဘီစစ် ဝိဇ္ဇာဇီဝ ယင်လပ် ရှင်နာဝပ် |
ယခင်လူ | အနူဖောင်း ပေါင်ချန်ဒတ်ချ် |
ဆက်ခံသူ | အူဒေါင်ဒတ် စီတဘူတာ |
နိုင်ငံတော်အေးချမ်းသာယာရေးကောင်စီ၏ အကြီးအကဲ | |
တာဝန်သက်တမ်း ၂၂ မေ ၂၀၁၄ – ၁၆ ဇူလိုင် ၂၀၁၉ | |
ယခင်လူ | ရာထူးစတင် |
ဆက်ခံသူ | ရာထူးဖျက်သိမ်း |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | (1954-03-21) ၂၁ မတ်၊ ၁၉၅၄ (အသက် ၇၀) နဂရရာဇသီမာ၊ ထိုင်းနိုင်ငံ |
အရပ်အမြင့် | ၁.၇၅ m (၅ ft ၉ in) |
ကြင်ဖော်(များ) | နာရာပွန်ချန်အိုချာ |
သားသမီး | ၂ |
မိခင်ကျောင်း | ထိုင်းအမျိုးသားကာကွယ်ရေးကောလိပ် ချူလာခန်ခလို တော်ဝင်စစ်တက္ကသိုလ် |
ကြွယ်ဝချမ်းသာမှု | အမေရိကန်ဒေါ်လာ ၄.၆မီလီယံ(၂၀၁၄) |
လက်မှတ် | |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | ထိုင်း |
တပ်/တပ်ဖွဲ့ခွဲ | ထိုင်းဘုရင့်တပ်မတော် |
အမှုထမ်းကာလ | ၁၉၇၂-၂၀၁၄ |
ရာထူး | ဗိုလ်ချုပ်ကြီး |
Commands | တပ်မတော်ကာကွယ်ရေးဦးစီးချုပ် |
သူသည် ယခင်က ထိုင်းဘုရင့်တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပြီး ၂၀၁၀ အောက်တိုဘာလမှ ၂၀၁၄အောက်တိုဘာလအထိ တာဝန်ထမ်းဆောင်ခဲ့သည်။[4][5]တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာပြီးနောက် တော်ဝင်စည်းကမ်းနည်းကျစွာ လိုက်နာသူအဖြစ် တွေ့ခဲ့ရပြီး ယခင်ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ်၏ ပြိုင်ဘက်ဖြစ်သည်။ [6] စစ်တပ်အတွင်း သဘောထား တင်းမာသူတစ်ယောက် ဖြစ်သည်။
၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် နိုင်ငံရေးအကြပ်အတည်းများ ထိုင်းနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည်။ ယင်လပ်အစိုးရကို ဆန့်ကျင်မှုများ နိုင်ငံတစ်ဝန်းပေါ်ပေါက်လာသည်။ ထိုစစ်က စစ်တပ်အနေဖြင့် ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပေ။၂၀၁၄ခုနှစ်မေလတွင်မူ ပရာယွတ်အနေဖြင့် စစ်တပ်က နိုင်ငံတော်အာဏာ အရပ်ရပ်ကို သိမ်းယူကြောင်းကြေညာခဲ့သည်။ ထို့နောက် နိုင်ငံတော်အေးချမ်းသာယာရေးကောင်စီကို ဖွဲ့စည်းခဲ့ကာ အကြီးအကဲတာဝန်ယူခဲ့သည်။[7]ထို့နောက် ၂၀၁၄ ကြားဖြတ်အစိုးရဥပဒေကို ကြေညာကာ ရာထူးအာဏာများစွာ ကိုင်တွယ်ခဲ့သည့်အပြင် အာဏာသိမ်းခဲ့၍ အရေးယူခြင်းမှ ကာကွယ်ခဲ့သည်။[8] ၂၀၁၄ ခုနှစ် ဩဂုတ်လတွင် ထိုင်းအမျိုးသားလွှတ်တော်ကို ပရာယွတ်မှ စိတ်ကြိုက် ရွေးချယ်ထားသော လူများဖြင့် ဖွဲ့စည်းသည်။ ထို့အပြင် ကိုယ်တိုင်လည်း ဒီမိုကရေစီမဆန်စွာဖြင့် ဝန်ကြီးချုပ်ရာထူး ရယူခဲ့သည်။[9][10]
အာဏာရယူအပြီးတွင် သဘောထားကွဲလွဲမှုများကို နှိမ်နှင်းခဲ့သည်။[11]