ပါးဆီးယပ်စ်
ရှေးခေတ် ဂရိသူရဲကောင်းနှင့် မိုက်ဆီးနီတည်ထောင်သူ / From Wikipedia, the free encyclopedia
ဂရိဒဏ္ဍာရီတွင် ပါးဆီးယပ်စ် (အင်္ဂလိပ်: Perseus, /ˈpɜːrsiəs, -sjuːs/; ဂရိ: Περσεύς) သည် မိုက်ဆီးနီနှင့် ပါးဆေးယစ်မင်းဆက်ကို တည်ထောင်သူဖြစ်သည်။ ဟဲရာကလီးဇ် မတိုင်မီကာလတွင် ကဒ်မက်စ် နှင့် ဘာလဲ့ရာဖန် တို့နှင့်အတူ အကြီးကျယ်ဆုံး ဂရိသူရဲကောင်းများတွင်ပါဝင်၍ မိစ္ဆာကောင်များကို သုတ်သင်သူလည်း ဖြစ်၏ ။[1] ဂေါ်ဂန် မက်ဒူဆာကို ဆက်ရီဖို့စ်ကျွန်းရှင် ပေါလီဒက်တီးဇ်အတွက် သုတ်သင်ခေါင်းဖြတ်ခဲ့ကာ ပင်လယ်မိစ္ဆာ ဆီးတပ်စ်၏ အန္တရာယ်မှ အန်ဒရောမစ်ဒါကို ကယ်ဆယ်ခဲ့သည်။ ဇုစ်နတ်မင်းနှင့် လူသား အမျိုးသမီး ဒန်နေယီးတို့၏ သားဖြစ်ပြီး ဟဲရာကလီးဇ်၏ ဘိုးဘေးနှင့် ညီအကို (ဖအေတူ အမေကွဲ) တော်စပ်သူတစ်ဦးဖြစ်သည်။
အချက်တိုများ ပါးဆီးယပ်စ်, ဘုံဗိမာန် ...
ပါးဆီးယပ်စ် | |
---|---|
ဘန်ဗေနူးတို ချေးလီနီ၏ လက်ရာ၊ မက်ဒူဆာခေါင်းနှင့် ပါးဆီးယပ်စ် (၁၅၅၄) | |
ဘုံဗိမာန် | အားဂေါ့စ်မြို့ |
သင်္ကေတ | မက်ဒူဆာခေါင်း |
ကိုယ်ရေး အချက်အလက် | |
မိဘများ | ဇုစ် နှင့် ဒန်နေယီး |
မွေးချင်း | အီးယကပ်စ်၊ အန်းဂဲလော့စ်၊ အဲဖရာဒိုက်တီ၊ အပေါလို၊ အဲရီးဇ်၊ အားတစ်မစ်၊ အသီးနာ၊ ဒိုင်ယာနိုက်ဆပ်စ်၊ အစ်လစ်သိုင်းယာ၊ အင်နိုင်းယို၊ အဲရစ်၊ အားဆာ၊ ဟီးဘီး၊ ထရွိုင်မှ ဟဲလင်၊ ဟစ်ဖီးစတပ်စ်၊ ဟဲရာကလီးဇ်၊ ဟားမီးဇ်၊ မိုင်းနော့စ်၊ ပန်ဒိုင်းယာ၊ ပဲဆဲဖိုနီ၊ ရာဒါမန်သပ်စ်၊ ဂရေးဆစ်၊ ဟောရီး၊ လိုက်တီး၊ မြူးဇစ်၊ မွိုင်ရီး |
ကြင်ရာတော် | အန်ဒရောမစ်ဒါ |
ကလေး | ပါးဆစ်ဇ်၊ ဟဲလီယော့စ်၊ အဲလ်ဆီးယပ်စ်၊ စသန်နာလဲ့စ်၊ အစ်လက်ထရီယန်၊ မက်စ်တာ၊ ကင့်နိုရပ်စ်၊ ဂေါ်ဂိုဖန်နီ၊ အာတို့ခ်ခီ |
ပိတ်ရန်
ဤဆောင်းပါးတွင် အထူးသီးသန့် အက္ခရာများ ပါဝင်သည်။ သင့်တော်သော ပုံဖော်တင်ဆက်သည့် ထောက်ကူစနစ် မရှိပါက သင်သည် မေးခွန်းသင်္ကေတ၊ လေးထောင့်ကွက် (သို့) အခြားသင်္ကေတများကို တွေ့မြင်နေနိုင်သည်။