![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/e/e3/Bouteille.jpg/640px-Bouteille.jpg&w=640&q=50)
ပုလင်း
အရည် ထည့်စရာ / From Wikipedia, the free encyclopedia
ပုလင်းတစ်လုံး သည် အရည်(ရေ၊ နို့၊ ဘီယာ၊ ဝိုင်၊ မင်၊ ဟင်းချက်ဆီ၊ ဆေးဝါး၊ အချိုရည်၊ ခေါင်းလျှော်ရည် နှင့် ဓာတုပစ္စည်းများ စသည်တို့)ကို သိုလှောင်ရန်နှင့် သယ်ယူရန် ပုံစံနှင့် အရွယ်အစားအမျိုးမျိုးရှိပြီး၊ ရေမစိမ့်သော ပစ္စည်းတစ်မျိုး (ရွှံ့စေး၊ ဖန်၊ ပလတ်စတစ်၊ အလူမီနီယမ်စသည်) ဖြင့် ပြုလုပ်ထားသော လည်ကျဉ်းသည့် ထည့်စရာ ဖြစ်သည်။ ပုလင်းဝတွင် အတွင်း၌ ဗူးဆို့၊ အပြင်ဘက်မှ နေ၍ ဗူးဖုံး၊ အပိတ် သို့တည်းမဟုတ် လျှပ်ကူးတံဆိပ်ကို သုံး၍ အုပ်သော "အတွင်းတံဆိပ်" ဖြင့် တံဆိပ်ခတ်နိုင်သည်။ [1] အစောဆုံးပုလင်းအချို့သည် တရုတ် ၊ ဖိုနီးရှား ၊ ကရီတီကျွန်း နှင့် ရောမတွင် တွေ့ရှိသည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/e/e3/Bouteille.jpg/640px-Bouteille.jpg)