ဖားအောက်တောရ
From Wikipedia, the free encyclopedia
ဖားအောက်တောရ သည် မွန်ပြည်နယ် မော်လမြိုင်မြို့နယ် မော်လမြိုင်-မုဒုံကားလမ်းမကြီး မိုင်တိုင် အမှတ် (၉)အနီး ဖားအောက်ရွာအနီး၌ တည်ရှိသည်။ ဖားအောက်တောရ၏ အနောက်မြောက်ဘက်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် သံချပ်ကာတပ်ရင်းရှိပြီး အနောက်တောင်ဘက်တွင် နည်းပညာတက္ကသိုလ်(မော်လမြိုင်) တည်ရှိသည်။ ဖားအောက်တောရဟူသောအမည်သည် ဖားအောက်ရွာအနီးရှိ စိတ္တလတောင်ခြေပတ်ဝန်းကျင်ရှိ အသီးအသီးသော တောကျောင်းများ တည်ရှိရာနယ်မြေကို ခြုံငုံ၍ ခေါ်ဆိုသောအမည်လည်းဖြစ်သည်။ ဖားအောက်တောရကျောင်းများကို ဖားအောက်တောရဆရာတော်ဟု ထင်ရှားသော ဆရာတော်ကြီး ဘဒ္ဒန္တအာစိဏ္ဏ ထိန်းသိမ်းစောင့်ရှောက် စီမံအုပ်ချုပ်လျက်ရှိသည်။ မြန်မာပြည်အရပ်ရပ်သာမက နိုင်ငံရပ်ခြားမှ ယောဂီများ ဖားအောက်တောရ(ပင်မ)သို့ လာရောက်၍ ဝိပဿနာတရားများ အားထုတ်ကျင့်ကြံကြသည်။ မြန်မာပြည်အရပ်ရပ်နှင့် အခြားနိုင်ငံများတွင်လည်း ဖားအောက်တောရရိပ်သာခွဲများနှင့် ဩဝါဒခံရိပ်သာများရှိသည်။ [1]