ဖီဂျီနိုင်ငံ
မီလန်နီးရှားဒေသရှိနိုင်ငံ / From Wikipedia, the free encyclopedia
ဖီဂျီနိုင်ငံ (တရားဝင်အခေါ်အားဖြင့် ဖီဂျီသမ္မတနိုင်ငံ) သည် တောင်ပစိဖိတ်သမုဒ္ဒရာအတွင်း မီလန်နီးရှား ဒေသတွင် ရှိသော ကျွန်းနိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ နယူးဇီလန်နိုင်ငံ၏ မြောက်ကျွန်းမှ ရေမိုင် ၁,၁၀၀ မိုင် (၂၀၀၀ ကီလိုမီတာ၊ ၁၃၀၀ မိုင်) ခန့် အကွာအဝေးတွင် တည်ရှိသည်။ အနီးဆုံး အိမ်နီးချင်းနိုင်ငံများမှာ အနောက်ဘက်တွင် ဗနွားတူနိုင်ငံ၊ အနောက်တောင်ဘက်တွင် ပြင်သစ် နယူးကယ်လီဒိုးနီးယား၊ အရှေ့တောင်ဘက်တွင် နယူးဇီလန်၏ ကာမာဒက်ကျွန်းများ၊ အရှေ့ဘက်တွင် တုံဂါနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် ဆမိုးအားနိုင်ငံ၊ ပြင်သစ်၏ ဝေါလစ်နှင့်ဖူကျူးနား နှင့် မြောက်ဘက်တွင် တူဗားလူနိုင်ငံတို့ ဖြစ်ကြသည်။
ဖီဂျီသမ္မတနိုင်ငံ
| |
---|---|
မြို့တော် နှင့် အကြီးဆုံးမြို့ | ဆူးဗားမြို့[2] 18°10′S 178°27′E |
ရုံးသုံး ဘာသာစကားများ | |
အသိအမှတ်ပြု ဒေသန္တရ ဘာသာစကားများ | Rotuman |
လူမျိုးစု (၂၀၁၆[4]) |
|
ကိုးကွယ်မှု |
|
Demonym | Fijian |
အစိုးရ | ပြည်ထောင်စု ပါလီမန် ကိုယ်စားပြု ဒီမိုကရေစီ သမ္မတနိုင်ငံစနစ် |
• သမ္မတ | Wiliame Katonivere |
• ဝန်ကြီးချုပ် | Sitiveni Rabuka |
• ပါလီမန်ဥက္ကဋ္ဌ | Naiqama Lalabalavu |
ဥပဒေပြုလွှတ်တော် | ပါလီမန် |
လွတ်လပ်ရေးရ | |
၁၉၇၀ ခုနှစ် အောက်တိုဘာလ ၁၀ ရက် | |
• သမ္မတနိုင်ငံ | ၁၉၈၇ ခုနှစ် အောက်တိုဘာလ ၇ ရက် |
ဧရိယာ | |
• စုစုပေါင်း | ၁၈,၂၇၄ km2 (၇,၀၅၆ sq mi) (အဆင့်: ၁၅၁) |
• ရေထု (%) | မပြောပလောက် |
လူဦးရေ | |
• ၂၀၁၈ ခန့်မှန်း | ၉၂၆,၂၇၆[6] (အဆင့် - ၁၆၁) |
• ၂၀၁၇ သန်းခေါင်စာရင်း | ၈၈၄,၈၈၇[7] |
• သိပ်သည်းမှု | ၄၆.၄/km2 (၁၂၀.၂/sq mi) (အဆင့် - ၁၄၈) |
GDP (PPP) | ၂၀၁၈ ခန့်မှန်း |
• စုစုပေါင်း | $၉.၁၁၂ ဘီလီယံ[8] |
• Per capita | $၁၀,၂၃၁[8] |
GDP (nominal) | ၂၀၁၈ ခန့်မှန်း |
• စုစုပေါင်း | $၅.၂၂၃ billion[8] |
• Per capita | $၅,၈၇၆[8] |
Gini (၂၀၁၃) | ၃၆.၄[9] အလယ် |
HDI (၂၀၁၉) | ၀.၇၄၃[10] မြင့် · ၉၃ |
ငွေကြေး | ဖီဂျီ ဒေါ်လာ (FJD) |
အချိန်ဇုန် | FJT (UTC+12) |
• နွေရာသီ (DST) | FJST[11] (UTC+13[12]) |
ရက်စွဲပုံစံ | dd/mm/yyyy |
ယာဉ်ကြောစနစ် | ဘယ် |
တယ်လီဖုန်းကုဒ် | +၆၇၉ |
Internet TLD | .fj |
ဝက်ဘ်ဆိုဒ် fiji.gov.fj |
ဖီဂျီနိုင်ငံသည် ကျွန်းပေါင်း ၃၃၀ ကျော်ရှိသော ကျွန်းစု ဖြစ်ပြီး ကျွန်းပေါင်း ၁၁၀ တွင် အမြဲတမ်း လူနေထိုင်ကြသည်။ ကျွန်းငယ်ကလေးပေါင်း ၅၀၀ ကျော် ရှိပြီး စုစုပေါင်း ကုန်းမြေဧရိယာမှာ ၇,၁၀၀ စတုရန်းမိုင် (၁၈,၃၀၀ စတုရန်း ကီလိုမီတာ) ရှိသည်။ အဝေးဆုံး ကျွန်းမှာ အိုနို-အိုင်-လော ကျွန်းဖြစ်သည်။ အဓိက ကျွန်းနှစ်ခု ဖြစ်သော ဗီတီလီဗူး နှင့် ဗနွားလီဗူးတွင် လူဦးရေ စုစုပေါင်း၏ ၈၇% နေထိုင်ကြသည်။ မြို့တော် ဖြစ်သော ဆူးဗားမြို့သည် ဗီတီလီဗူးကျွန်းပေါ်တွင် တည်ရှိပြီး ဖီဂျီနိုင်ငံ၏ အဓိက အပျော်စီးသင်္ဘောဆိပ်မြို့ အဖြစ်တည်ရှိသည်။ [13]ဖီဂျီနိုင်ငံသားများ၏ ၄ပုံ ၃ပုံခန့်မှာ ဗီတီလီဗူးကျွန်း၏ ကမ်းရိုးတန်းများတွင် နေထိုင်ကြပြီး ဆူဗား သို့မဟုတ် ပိုမိုသေးငယ်သော မြို့ပြဒေသများ ဖြစ်သည့် နာဒီ (ကမ္ဘာလှည့်ခရီးသွားဒေသ) နှင့် လော်တိုကာ (ကြံထုတ်လုပ်ငန်းဒေသ) တို့တွင် နေထိုင်ကြသည်။ ဗီတီလီဗူးကျွန်း၏ အတွင်းပိုင်းဒေသများမှာ ၎င်း၏ မြေမျက်နှာသွင်ပြင်ကြမ်းတမ်းမှုကြောင့် လူဦးရေ ကျဲပါးသည်။ [14]
ဖီဂျီနိုင်ငံသည် ပစိဖိတ်နိုင်ငံများတွင် စီးပွားရေး အဖွံ့ဖြိုးဆုံးနိုင်ငံများထဲတွင် တစ်နိုင်ငံ အဖြစ်ပါဝင်ပြီး သစ်တောများ၊ သတ္တုများ နှင့် ငါးများ ပေါများသောကြောင့် ဖြစ်သည်။ ယနေ့တွင် နိုင်ငံခြားငွေကြေး ရရှိသော အဓိက စီးပွားရေး လုပ်ငန်းများမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် သကြားတင်ပို့ရောင်းချခြင်းတို့ ဖြစ်သည်။[4] အသုံးပြုသော ငွေကြေးမှာ ဖီဂျီဒေါ်လာ ဖြစ်သည်။ ဖီဂျီ ဒေသ အစိုးရများမှာ မြို့တော်နှင့် မြို့ ကောင်စီများ အဖြစ်ရှိကြပြီး ဒေသအစိုးရနှင့် မြို့ပြဖွံ့ဖြိုးရေး ဝန်ကြီး ဌာန၏ လက်အောက်တွင် ရှိသည်။
ဖီဂျီကျွန်း အများစုမှ လွန်ခဲ့သော နှစ်သန်းပေါင်း ၁၅၀မှ မီးတောင်ပေါက်ကွဲမှုများကြောင့် ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်သည်။ ယနေ့တွင် ဗနွားလီဗူးကျွန်းနှင့် တာဗျူနီကျွန်းတို့တွင် ဘူမိအပူပိုင်း ဆိုင်ရာ ဖြစ်ရပ်များ ဆက်လက်ဖြစ်ပျက်လျက် ရှိသည်။ ဖီဂျီနိုင်ငံတွင် လူသားတို့ ဘီစီ ၂ ထောင်စုနှစ်များကပင် စတင်နေထိုင်ခဲ့ကြပြီး အစောပိုင်းတွင် အော်စထရိုနီးရှန်း လူမျိုးများ နေထိုင်ကြကာ နောက်ပိုင်းတွင် မီလန်နီးရှန်းလူမျိုးများ ဆက်လက်နေထိုင်ကြပြီး ပိုလီနီးရှန်းတို့၏ လွှမ်းမိုးမှု ရှိသည်။ ဥရောပသားတို့မှ ဖီဂျီအား ၁၇ ရာစုတွင် စတင်ရောက်ရှိခဲ့ပြီး [15] လွတ်လပ်သော ဘုရင်နိုင်ငံအဖြစ် ခဏတာမျှ တည်ရှိပြီးနောက် ၁၈၇၄ ခုနှစ်တွင် ဗြိတိသျှတို့မှ ကိုလိုနီနယ်မြေ အဖြစ် ထူထောင်ခဲ့သည်။ ဖီဂျီသည် ၁၉၇၀ အထိ ကရောင်းကိုလိုနီ အဖြစ် တည်ရှိခဲ့ပြီးနောက် ဓနသဟာယနိုင်ငံ အနေနှင့် လွတ်လပ်ရေး ရရှိခဲ့သည်။ ၁၉၈၇ အာဏာသိမ်းမှုများ ဆက်တိုက် ဖြစ်ပွားပြီးနောက် သမ္မတနိုင်ငံ အဖြစ်ကြေညာခဲ့သည်။
၂၀၀၆ ခုနှစ်တွင် ရေတပ်ဗိုလ်မှူး ဖရန့်ခ် ဘိုင်နီမာရာမာ မှ အာဏာသိမ်းခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ဗဟိုတရားရုံးမှ စစ်တပ်ဦးဆောင်သည့် အစိုးရသည် ဥပဒေနှင့်မညီကြောင်း ဆုံးဖြတ်သည့် အခါတွင် စစ်တပ်မှ ရုပ်ပြ အဖြစ်ထားရှိသော သမ္မတ ရာတူ ဂျိုဆီဖာ အီလိုအီလို မှ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး ဘိုင်နီမာရာမာကို ပြန်လည် အာဏာအပ်နှင်းခဲ့သည်။ ၂၀၀၉ ခုနှစ် နှောင်းပိုင်းတွင် အီလိုအီလို နေရာတွင် သမ္မတ ရာတူ အက်ပဲလီ နိုင်လာတီကော ဖြင့် အစားထိုးခဲ့သည်။.[16] နှစ်များစွာ ရွှေ့ဆိုင်းပြီးနောက် ဒီမိုကရေစီ ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် ကျင်းပခဲ့ပြီး ဘိုင်နီမာရာမာ၏ ဖီဂျီဖတ်စ် ပါတီမှ မဲ ၅၉.၂% ဖြင့် အနိုင်ရခဲ့ကာ နိုင်ငံတကာ လေ့လာသူများမှလည်း ရွေးကောက်ပွဲသည် တရားမျှတသည်ဟု ထင်မြင်ချက်ပေးခဲ့ကြသည်။ [17]