ဖြစ်တည်သရုပ် ဗေဒ
From Wikipedia, the free encyclopedia
သဘာဝတရား ဗေဒ၏ အရေးပါလှသော အစိတ်အပိုင်း ဖြစ်သည့် ဖြစ်တည်သရုပ် ဗေဒ (အင်္ဂလိပ်: Ontology) သည် ဖြစ်တည်မှု ရှိထိုက်သည်၊ လောက၌ ရှိသည်ဟု ယူဆထိုက်သော အရာဝတ္ထုဖြစ်စေ၊ သဘောသတ္တိဖြစ်စေ၊ အခြင်းအရာဖြစ်စေ၊ စသည်တို့၏ သရုပ်သကန်ကို စဉ်းစားတွေးခေါ်လျက် ၎င်းတို့ကို အမျိုးအစားများ၊ ဆက်စပ်ပုံများ ခွဲခြားဆက်စပ်ကြည့်ခြင်း အတွေးအကြံများ ဖြစ်သည်။
သို့ဖြင့် ဖြစ်တည်ဗေဒအမျိုးမျိုးတွင် -
- ပစ္စည်းထည် (substance) ဟူသည်က အဘယ်နည်း၊
- သဘောသရုပ် (property) ဟူသည်က အဘယ်နည်း၊
- ဝတ္ထု (object) ဟူသည်က အဘယ်နည်း၊
- ၎င်းတို့ချင်း မည်သို့ ဆက်နွယ်မှု၊ သက်ဆိုင်မှု ရှိသနည်း
စသည်တို့ကို ကြံဆတွေးခေါ်ပုံ အဖုံဖုံ ရှိပေသည်။