၇ ဇူလိုင် ၂၀၁၃ တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု From Wikipedia, the free encyclopedia
ဗုဒ္ဓဘာသာ ဝင်တို့ အထွဋ် အမြတ် အထားဆုံး နေရာဖြစ်သော အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာရှိ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာဖြစ်သည့် မဟာဗောဓိစေတီနှင့် အနီးတဝိုက်တွင် ၂၀၁၃ ခုနစ်၊ ဇူလိုင်လ ၇ ရက်နေ့ တနင်္ဂနွေနေ့ မနက် ၆ နာရီ နီးပါးတွင် အကြမ်းဖက်သမားများ၏ ဗုံးပေါက်ကွဲမှု ၁၀ ခု ဆက်တိုက် ဖြစ်ပွားခဲ့သည်။ လူငါးဦးနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးနှစ်ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။[2][3][4]
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှုများ | |
---|---|
မဟာဗောဓိစေတီအနီးရှိ ဗောဓိပင် | |
နေရာ | မဟာဗောဓိစေတီ၊ ဗုဒ္ဓဂါယာ |
ရက်စွဲ | ၇ ဇူလိုင် ၂၀၁၃ ၀၅:၃၀–၀၆:၀၀ (အိန္ဒိယစံတော်ချိန်) |
တိုက်ခိုက်မှု အမျိုးအစား | ဗုံးပေါက်ကွဲမှု |
လက်နက်များ | ဖြစ်သလိုဖန်တီးထားသော ပေါက်ကွဲပစ္စည်း[1] နှင့် ဆလင်ဒါဗုံးများ |
ဒဏ်ရာရဦးရေ | ၅ |
သံသယရှိ တရားခံများ | Indian Mujahideen[1] |
မဟာဗောဓိစေတီနှင့် ဗောဓိပင်တို့ ထိခိုက်မှုမရှိခဲ့ပေ။[5] သို့သော် အနီးတဝိုက်ရှိ အဆောက်အအုံအသစ်အချို့ ပျက်စီးသွားကြောင်း အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသန လေ့လာဆန်းစစ်ရေးအဖွဲ့မှ အတည်ပြုပြောကြားခဲ့သည်။[6] ဒလိုင်းလားမား၊ ဒေါ်အောင်ဆန်းစုကြည်၊ အိန္ဒိယနိုင်ငံ ကွန်ဂရက်ပါတီဥက္ကဋ္ဌ ဆိုနီယာဂန္ဒီ နှင့် သီရိလင်္ကာနိုင်ငံ သမ္မတ မာဟင်ဒါ ရာဂျာ ပါကစ အစရှိသည့် နိုင်ငံတကာမှ ထင်ရှားသူများက ဗုံးပေါက်ခွဲအကြမ်းဖက်မှုအပေါ် ပြစ်တင်ရှုတ်ချခဲ့ကြသည်။[7][8][9][10][11] ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် အိန္ဒိယနိုင်ငံ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီမှ ဗုံးပေါက်ကွဲမှုများအတွက် အိန္ဒိယ ဟင်ဒူအစွန်းရောက်အဖွဲ့တွင် တာဝန်ရှိသည်ဟု ကြေညာခဲ့သည်။[12][13]
မဟာဗောဓိ စေတီအနီး ဝန်းကျင်က နေရာများတွင်လည်း နောက်ထပ် ဗုံး ၅ လုံးလောက် ထပ် ပေါက်ခဲ့သည်။ ဗုံးများသည် ချိန်ကိုက် ဗုံးများ ဖြစ်ကာ၊ တစ်လုံးနှင့်တစ်လုံး ၅ မိနစ်လောက် ခြားပြီး ပေါက်ကွဲ ခဲ့တာလို့ ဆိုသည်။ ပေါက်ကွဲမှုကြောင့် မြန်မာ ဆရာတော် တစ်ပါး ဒဏ်ရာ ရရှိသွားလို့ ဆေးရုံတင် ထားရသည်။ တိဘက် ဘုန်းတော်ကြီး တစ်ပါး နှင့်ဒေသခံ ၅ ဦးလည်း ဒဏ်ရာ ရရှိ သွားသည်။ မပေါက်ကွဲသေးသော နောက်ထပ် ဗုံး ၂ လုံးကိုလည်း ဗုဒ္ဓဂါယာ နယ်မြေ ထဲတွင် ထပ်တွေ့ခဲ့ ရသည်။ အိန္ဒိယ အစိုးရက... အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှု တစ်ခု ဖြစ်တယ်....လို့ ဖော်ပြလိုက်ပြီး၊ အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် မန်မိုဟန် ဆင်း က ဒီဖောက်ခွဲမှု အပေါ် ပြစ်တင်ရှုတ်ချ လိုက်ပါသည်။
ဗုဒ္ဓဘာသာ ဝင်တို့ အထွဋ် အမြတ် ထားရာ အိန္ဒိယ နိုင်ငံ ဗုဒ္ဓ ဂါယာက မဟာဗောဓိ စေတီနှင့်အနီး တဝိုက်တွင်ဗုံး ပေါက်ကွဲအကြမ်းဖက်မှုများ ဖြစ်ခဲ့ ပြီး နောက်တနေ့၂၀၁၃ ခုနစ်၊ ဇူလိုင်လ( ၈ )ရက်နေ့တွင် ဂါယာက ဈေးဆိုင်တွေ အားလုံး ပိတ်ထား ခဲ့ကြသည်။
အကြမ်းဖက်မှုကို မလိုလားဘူး ဆိုတာ ထုတ်ဖော်ပြသ ကြသော ဆန္ဒပြမှု များကြောင့် ဂါယာမြို့ နှင့် ဗုဒ္ဓဂါယာက ဆိုင်ခန်းများ အားလုံး ပိတ်ထားတဲ့ အတွက် စားစရာတောင် ဝယ်လို့ မရဘူးလို့ သံဃာတော် များက ပြောသည်။ ပြီးခဲတဲ့ သုံးပတ်လောက် ကတည်းက ...အကြမ်းဖက်သမား များက တိုက်ခိုက်မယ် ဆိုသော ခြိမ်းခြောက်မှုတွေ ရခဲ့ပေမဲ့ လုံခြုံရေး အရ ကိုင်တွယ် ဆောင်ရွက်ဖို့ ပျက်ကွက်တယ်... Bihar ပြည်နယ် ဝန်ကြီးချုပ် ကိုလည်း အော်ဟစ် ကန့်ကွက် ခဲ့ကြတယ်...ဟု ဗုဒ္ဓ ဂါယာက မြန်မာ သံဃာတော် ဦးပညာ စက္က က မိန့်ကြား ပါသည်။
ကမ္ဘာ့ ယဉ်ကျေးမှု အမွေ အနှစ် နေရာကို လုံခြုံရေး အရ အကာအကွယ် ပေးဖို့ သံဃာတော်များ တောင်းဆို ဆန္ဒ ပြခဲ့ ကြတာ... ဟုလည်း ဆရာတော် ဦးပညာ စက္က ကပြောသည်။
၂၀၁၃ ခုနစ်၊ ဇူလိုင်လ( ၈ )ရက်နေ့ တနင်္လာနေ့ ညနေပိုင်း တွင် အထူး ခွင့်ပြုချက် အရ ဗုဒ္ဓ ဂါယာက မဟာ ဗောဓိ စေတီတော်ကြီး အတွင်းတွင် ထိုင်း မြန်မာ၊ တိဘက် စသော အပြည်ပြည် ဆိုင်ရာက ဗုဒ္ဓ ဘာသာ ရဟန်းတော် စုစုပေါင်း (၃၀၀) များ က စုပေါင်း ဆန္ဒပြပွဲ လုပ်ခဲ့သည်။
အထူး ခွင့်ပြုချက် နှင့် ရင်ပြင်တော်မှာ ဆန္ဒပြခဲ့ကြ ရာတွင် ကိုယ်တိုင် ပါဝင်သော မာဂဓ သံဃာ့ တက္ကသိုလ်က စာသင်သား မြန်မာ သံဃာ တစ်ပါး ဖြစ်သူဆရာတော် ဦးနန္ဒာ စရိယ က တနင်္ဂနွေ နေ့ကလို တိုက်ခိုက်မှုမျိုး နောက်ထပ် မဖြစ်အောင် ကိုင်တွယ် ဆောင်ရွက်ပေးဖို့ ပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရတို့ ဆီကို တောင်းဆို မယ်လို့ မိန့်ပါသည်။ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွား အပြီး အိန္ဒိယ နိုင်ငံ ဗုဒ္ဒဂါယာတွင်လုံခြုံရေးများတင်းကျပ်စွာ ဆောင်ရွက်နေသည်။
မြန်မာ ဘုရားဖူးများသည် နှစ်စဉ် စက်တင်ဘာ လကုန် လောက်က စတင်ပြီး ဗုဒ္ဓ ဂါယာ ဘုရားဖူး သွားလေ့ ရှိကြသည်။၂၀၁၃ ခုနစ်၊ ဇူလိုင်လ( ၁ဝ )ရက်နေ့တွင် ထိုင်း၊ မြန်မာ၊ တရုတ်၊ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊လာအို၊ ဗီယက်နမ် စသော အပြည်ပြည် ဆိုင်ရာက ဗုဒ္ဓ ဘာသာ ရဟန်းတော်များ၊ သီလရှင်များ စုပေါင်း ဆန္ဒပြပွဲ လုပ်ခဲ့သည်။[14][15] [16] ဗုံး ပေါက်ကွဲ မှုကြောင့် ဘုရားဖူး တွေက ခရီးစဉ် ဖျက်သိမ်းဖို့ ပြောဆို ကြတာတွေ ရှိတဲ့ အတွက် ဗုဒ္ဓ ဂါယာ ဘုရားဖူး လုပ်ငန်းကို ထိခိုက် မှာကို ဘုရားဖူး လုပ်ငန်း လုပ်ဆောင်သူများက စိုးရိမ် နေကြသည်။ ဗုဒ္ဓဂါယာ ၌ ဘုရားရှင် သဗ္ဗညုတ ဉာဏ်ရရှိခြင်းနှင့် စပ်လျဉ်းသော နေရာများတွင် အဓိက အထိမ်းအမှတ်များ စတင်စိုက်ထူခဲ့သူမှာ အသောကခေါ် သီရိဓမ္မာ သောကမင်းကြီး ဖြစ်သည်။[17][18][19][16] ဗုဒ္ဓဂါယာ မဟာဗောဓိ စေတီအနီး တဝိုက်မှာဗုံးပေါက်ခွဲအကြမ်းဖက်မှုအပေါ်(cowardly attack) အဖြစ်၂၀၁၃ ခုနစ်၊ ဇူလိုင်လ( ၂၂ )ရက်နေ့တွင် သီတဂူဆရာတော် အရှင်ဉာဏိဿရ နှင့် အပြည်ပြည်ဆိုင်ရာသီတဂူသာသနာပြုအဖွဲ့ က ပြစ်တင်ရှုတ်ချခဲ့သည်။ [20]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.