ဗောက်ထခြင်း
From Wikipedia, the free encyclopedia
ဗောက်ထခြင်းသည်ဦးခေါင်း၏ရေပြားရှိ Epidermis လို့ခေါ်တဲ့အရေပြားရဲ့အပေါ်ဆုံးအလွှာကဆဲလ်များသေဆုံးခြင်းဖြစ်ပြီးထိုဆဲလ်များသေဆုံးခြင်းကိုဗောက်ထခြင်းဟုခေါ်ဆိုသည်။ဗောက်ထခြင်းကို မှိုရောဂါတစ်မျိုးလို့ ဆိုကြပေမယ့်(၁၀၀)ရာနှုန်းပြည့်မှန်ကန်မှူ့မရှိပါ။ဖောက်ထခြင်းသည် ဦးရေပြားဆိုင်ရာ ပြဿနာဖြစ်ပြီး ကျား၊ မ မရွေး၊ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါသောရောဂါဖြစ်သည်။ဗောက်ထခြင်းကဆံပင် ကျွတ်စေနိုင်ပြီးဆံသားတွေရဲ့ သန်စွမ်းမှုကို ထိခိုက်စေနိုင်ပြီး ဆံသားအမြစ်တွေရဲ့ ကျန်းမာမှုကို အားနည်းစေသည်။ဗောက်များသည်ဆံသားတွေကိုအာဟာရစုပ်ယူမှုကိုလည်း အဟန့်အတားဖြစ်စေနိုင်ပြီး ဆံသားများကျန်းမာမှုကိုပါထိခိုက်စေပါသည်။