ဗဲရင်းပင်လယ်
ပင်လယ် / From Wikipedia, the free encyclopedia
ဗဲရင်းပင်လယ်(Bering Sea)သည် ပစိဖိတ်သမုဒ္ဒရာ၏ မြောက်ဘက်ဆုံး အစိတ်အပိုင်းဖြစ်သည်။ မြောက်အမေရိကတိုက်ရှိ အလာစကာပြည်နယ်နှင့် အာရှတိုက်၏ အရှေ့ဘက် ကမ်းရိုးတန်းအကြားတွင် ရှိ၍၊ အလျူးရှင်ကျွန်း၏ မြောက်ဘက်ကျသည်။
ဗဲရင်းရေလက်ကြားသည် ဗဲရင်းပင်လယ်ကို အာတိတ်သမုဒ္ဒရာမှ ပိုင်းခြားထား၍ အလျူးရှင်းကျွန်းသည် ဗဲရင်းပင်လယ်ကို ပစိဖိတ်သမုဒ္ဒရာမှ ပိုင်းခြားထားလေသည်။ ဗဲရင်းပင်လယ်သည် မြောက်မှတောင်သို့ အလျားမိုင် ၁,၀၀၀ ခန့် ရှည်လျား၍၊ အရှေ့မှအနောက်သို့ မိုင် ၁,၅၀၀ ခန့် ကျယ်ဝန်းသည်။ ဗဲရင်းရေလက်ကြားတွင်မူ အလာစကာပြည်နယ်နှင့် အာရှတိုက်တို့သည် ၅၄မိုင်ခန့်မျှသာ ကွာဝေးလေသည်။ ပင်လယ္၏ အနက်သည် ပျမ်းမျှခြင်းအားဖြင့် ၄,၇၀၀ ပေရှိရာ အနက်ဆုံးနေရာတွင် ပေပေါင်း ၁၃,၄၀၀ ကျော်ခန့် ရှိလေသည်။