ဘလက်လစ်တ် (ထိုင်း ရုပ်သံဇာတ်လမ်းတွဲ)
From Wikipedia, the free encyclopedia
ဘလက်လစ်တ် (ထိုင်း: Blacklist – นักเรียนลับ บัญชีดำ; RTGS: Blacklist – Nakrian Lap Banchi Dam; lit. 'လျှို့ဝှက်ကျောင်းသားဘလက်လစ်တ်') သည် Korapat Kirdpan (Nanon)၊ Wachirawit Ruangwiwat (Chimon)၊ Pawat Chittsawangdee (Ohm)၊ Sattabut Laedeke (Drake)၊ Kanaphan Puitrakul (First)၊ Thanatsaran Samthonglai (Frank) နှင့် Preeti Barameeanant (Bank) တို့ပါဝင်သရုပ်ဆောင်ထားသော ၂၀၁၉ ထိုင်းရုပ်သံဇာတ်လမ်းတွဲ တစ်ပုဒ်ဖြစ်သည်။
Blacklist | |
---|---|
အမျိုးအစား | |
ဖန်တီးသူ | GMMTV |
အခြေခံထားသည်မှာ | Blacklist (ปิดบัญชีลับฉีกกฏหัวใจให้เรารักกัน) Black Date (เดตลับๆ ฉบับเราสองคน) Black Secret (พลิกบัญชีลับซ่อนหัวใจ (ไม่) ให้รักเธอ) Black Kiss (สลับกฎร้ายให้หัวใจบอกรักเธอ) Black Heart (ผมโสดครับ... โปรดรับผิดชอบด้วย) B(l)ack to School (สวัสดีครับ... ยินดีต้อนรับสู่ห้อง 6/6) Black Council (ไอดอลดวงกุด... ขอฉุดหัวใจคุณประธาน) |
ဒါရိုက်တာ | Worrawech Danuwong |
သရုပ်ဆောင် |
|
နိုင်ငံ | Thailand |
ဘာသာစကား | Thai |
အပိုင်းပေါင်း | 12 |
ပြသချိန် | 50 minutes |
ထုတ်လုပ်သည့် ကုမ္ပဏီ |
|
မူရင်းရုပ်သံလိုင်း |
|
မူလပြသမှု | ၁၃ အောက်တိုဘာ ၂၀၁၉ (၂၀၁၉-၁၀-၁၃) – ၂၉ ဒီဇင်ဘာ ၂၀၁၉ (၂၀၁၉-၁၂-၂၉) |
GMM 25 Show Details | |
ထုတ်လုပ်မှု ဝက်ဘ်ဆိုဒ် |
ဒါရိုက်တာ Worrawech Danuwong ရိုက်ကူးပြီး GMMTV နှင့် Lasercat Studio တို့ပူးပေါင်းထုတ်လုပ်သော ဤဇာတ်လမ်းတွဲသည် ၂၀၁၈ခုနှစ် နိုဝင်ဘာလ ၅ရက်နေ့တွင် ပြုလုပ်သော GMMTV ၏ "Wonder Th13teen" ပွဲစဉ်အတွင်း ၂၀၁၉ခုနှစ်အတွက် ထိုင်းရုပ်သံဇာတ်လမ်းတွဲ ၁၃ ခုအနက် တစ်ခုအဖြစ် ကြေညာခံခဲ့ရသည်။[1][2] ဤဇာတ်လမ်းတွဲကို ၂၀၁၉ခုနှစ် အောက်တိုဘာလ ၁၃ရက်နေ့မှ စတင်ကာ GMM25 နှင့် LINE TV တို့က အပတ်စဉ် တနင်္ဂနွေနေ့ ၂၁:၂၅ နာရီ နှင့် ၂၃:၀၀ နာရီတို့တွင် ပြသခဲ့သည်။ ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့တွင် ဇာတ်လမ်းတွဲပြီးဆုံးခဲ့သည်။[3][4]