ဘိန်း
From Wikipedia, the free encyclopedia
ဘိန်းသည် ဘိန်းသီးမှ ရရှိသော အဆီဖြစ်သည်။ ဘိန်းပင်မှ ဖေဖော်ဝါရီလ ကုန်လောက်တွင် ပန်းများ ပွင့်၍ မိုးမကျမီ အသီးများကောင်းစွာ ကြီးရင့်ကြသည်။ ဘိန်းပင်သည် ပန်းပင်အရွယ် အပင်ငယ်ကလေးများ ဖြစ်သည်။ ပန်းပွင့်များမှာ ဆွတ်ဆွတ်ဖြူ၍ အသီးများမှာ အစိမ်းရောင်ဖြစ်သည်။ ဘိန်းပင်သည် စွတ်စိုသော ရာသီဥတုကို ခံနိုင်ရည်မရှိသည့်အတွက် ဘိန်းသီးများမှ ဘိန်းဆီကို မိုးမကျမီ ထုတ်ယူကြရသည်။
ဘိန်း | |
---|---|
Opium poppy seed pod exuding latex from a cut | |
ရင်းမြစ်အပင် | ဘိန်းပင် |
အပင်၏အစိတ်အပိုင်း | အစေး |
မူရင်းဇာတိ | Uncertain, possibly Asia Minor, or Spain, southern France and northwestern Africa[1] |
Active ingredients |
|
အဓိကထုတ်လုပ်သူများ | |
အဓိက စားသုံးသူများ | Worldwide (#1: Europe)[2] |
လက်ကားဈေး | US$၃,၀၀၀ per kilogram (as of 2002[update]) |
လက်လီဈေး | US$၁၆,၀၀၀ per kilogram (as of 2002[update]) |
တရားဝင်မှုအခြေနေ |
|
ဘိန်းဆီ ထုတ်ယူပုံမှာ ဘိန်းသီးများ၏ အခွံပေါ်၌ ခြစ်ကြောင်းကလေးများ ပြုလုပ်ပေးရ၍၊ ထိုခြစ်ကြောင်းများမှ ထွက်လာသော ပန်းရောင်ဖြစ်သည့် စေးကပ်ကပ် အဆီကို သိမ်းဆည်းယူရသည်။ ဘိန်းခင်း အလုပ် သမားတို့သည် ၂ ရက်ခြား ၃ ရက်ခြားတစ်ခါ ပင်တိုင်းစေ့ လိုက်ပြီးလျှင် ဘိန်းသီးများကို ခြစ်ပေးရ၍၊ ၂ ကြိမ် မှ ၆ ကြိမ်အထိ ထိုကဲ့သို့ခြားပြီး ခြစ်ပေးရသည်။
ဘိန်းသီးများမှရသော ဘိန်းဆီကို ခွက်ပြားကြီးများတွင်ထည့်၍ ရက်သတ္တ ၄ ပတ်ခန့်နေပူလှန်းပေးသောအခါ ရေခြောက်ခန်းသွားသည့်အတွက် ပျစ်ခဲလာသည်။ ထိုနောက် ပျစ်ခဲနေသော အဆီကို နယ်ပေးရ၍ အလုံးများ ပြုလုပ်ပြီးလျှင် ဘိန်းလုံးများကို လုံးဝ သွေ့ခြောက်သွားသည်အထိ နေပူတွင် ထပ်တလဲလဲ လှန်လှောပြီး လှန်းပေးရပြန်သည်။ သွေ့ခြောက်သွားသောအခါ ဘိန်းလုံးများကို သေတ္တာများတွင်ထည့်၍ ကာလအတော်ကြာအောင် သိမ်း ဆည်းထားလိုက်လေသည်။
ဘိန်းသည် ဆေးဝါးဘက်၌ အလွန်အဖိုးတန် အသုံးဝင်သော ပစ္စည်းဖြစ်သော်လည်း၊ ဘိန်းစားသူ ဘိန်းရှူသူများတွက် အကြီးအကျယ် တိတ်တိတ်ပုန်း ဘိန်းကုန်ကူးမှုများ ရှိခဲ့လေသည်။ ဘိန်းကုန်ကူးသည့် ကိစ္စကို လက်ဝါးကြီးအုပ်လိုမှုကြောင့် ရှေးက ပြည်ထောင်းချင်းချင်း စစ်မက်များပင် ဖြစ်ပွားခဲ့ရဖူးလေသည်။ ဘိန်းသည် လူကို အကျင့်စာရိတ္တများ ပျက်ပြားစေခြင်း၊ စိတ်ဓာတ်ညံ့ဖျင်းစေခြင်း၊ ကျန်းမာရေးချို့တဲ့စေခြင်းစသော ဆိုးကျိုး များကို ပေးတတ်သဖြင့် နိုင်ငံတိုင်းရှိ အစိုးရများက ဘိန်းရောင်းဝယ် သုံးစွဲရေးကို ဥပဒေများဖြင့် ကြပ်မတ်ကာ ကွယ်ထားကြရသည်။ အထူးသဖြင့် တရုတ်နိုင်ငံတွင် ယခင်က ဘိန်းစားသူ ဘိန်းရှူသူ အလွန်ပေါများသည့် အတွက် ဥပဒေဖြင့် ပြင်းထန်စွာ အရေးယူ ပိတ်ပင်ခဲ့ရပေသည်။ ဤသို့အစိုးရ အသီးအသီးက အရေး ယူလျက် ရှိသော်လည်း တိတ်တိတ်ပုန်း ဘိန်းကုန်ကူးသူများနှင့် တိတ်တိတ်ပုန်း ဘိန်းစားသူ ဘိန်းရှူသူများကား ကမ္ဘာအနှံ့တွင် ရှိမြဲရှိကြသေး၏။ သို့သော် ဘိန်းဖြတ်ဆေးရုံများတွင် ကုသပျောက်ကင်းသူများလည်း အများပင် ရှိပေသည်။
ဘိန်းသည် အလွဲသုံးစား ပြုသူတို့ကိုအကျိုးယုတ်စေ နိုင်သည် မှန်သော်လည်း၊ ဆေးဖက်တွင်မူ လူတို့၏ ရောဂါ ဝေဒနာ သက်သာရေးအတွက် အထူးပင် အသုံးဝင်သည်။ ဆေးဖက်တွင် အသုံးပြုပုံမှာ ဘိန်းမှ ဖော်စပ်ရရှိသော အိုပီယိတ်ခေါ် ဆေးတစ်မျိုးကို အိပ်မပျော် နိုင်လောက်အောင် ဝေဒနာ ပြင်းထန်နေသော လူနာတို့၏ ကိုယ်တွင်းသို့ထိုးသွင်း ပေးရသည်။ ထိုအခါ ဘိန်းအရှိန်ကြောင့် ခံစားနေရသည့် ဝေဒနာသက်သာပြီးလျှင် လူနာမှာ ကောင်းစွာ အိပ်ပျော် သွားတော့သည်။
ကမ္ဘာတွင် ဘိန်းကို အကြီးအကျယ် စိုက်ပျိုးသော နိုင်ငံများမှာ အိန္ဒိယ၊ အီရန်၊ တူရကီ၊ မက်ဆီဒိုးနီးယား၊ ဗူလဂေးရီးယား၊ အီဂျစ်၊ အာရှမိုင်းနားနှင့် တရုတ်နိုင်ငံတို့ ဖြစ်ကြသည်။ ဘိန်းခင်းများကို မစိုက်ပျိုးမီ ကောင်းမွန်စွာ ပြုပြင်ပေးရ၍ အိန္ဒိယနိုင်ငံ ဂင်္ဂါမြစ်ရိုးတစ်လျှောက်တွင် အလွန်ကျယ်ဝန်းသော မြေပြန့်ပေါ်၌ စိုက်ပျိုးထားသော ဘိန်းခင်းကြီးများကို တွေ့နိုင်ပေသည်။[3]
ဘိန်း (ဘိန်းပင်မျက်ရည်၊ achrymapapaveris) သည် ခြောက်သွေ့သော အစေးဖြစ်ပြီး၊ ဘိန်းပင်များ (Papaversomniferum) မှ ရရှိသည်။ ဘိန်းတွင် မော်ဖင်းဓာတ် (ဘိန်းပါသည့် နိုက်ထရိုဂျင် အော်ဂဲနစ်ဒြပ်ပေါင်း) ၁၂ ရာခိုင်နှုန်း အထိပါဝင်ပြီး၊ ဓာတုဗေဒနည်းဖြင့် အဖန်ဖန်လုပ်ဆောင်ခြင်းဖြင့်၊ တရားမဝင်မူးယစ်ဆေး ရောင်းဝယ်ရေးအတွက် ဟီးရိုးအင်းကို ထုတ်လုပ်ပေးသည်။ အစေးတွင် ကိုဒိန်းနှင့် မူးယစ်ပစ္စည်း မပါသည့် နိုက်ထရိုဂျင် ဩဂဲနစ်ဒြပ်ပေါင်းများ ဖြစ်ကြသော ပါပါဗာရင်း၊ သီဘိန်းနှင့် နော်စ်ကပင်းတို့ ပါဝင်သည်။ အစေးကို မရင့်မှည့်သေးသော ဘိန်းသီး(အသီး)အား ခြစ်ခြင်း (သို့မဟုတ် “အစင်းကြောင်းများ” လုပ်ခြင်း)ဖြင့် ၊ အစေးထွက်လာ ပြီး၊ စေးထန်းထန်း အညိုရောင်အစေးများကို အခြောက်ခံခြင်းမှရရှိသည်။ မီကိုနီယမ် (Meconium) သည် ဘိန်းပင်၏ အခြားအစိတ်အပိုင်းများ သို့မဟုတ် ဘိန်းပင်များ၏ မတူညီမျိုးကွဲများမှ ပြုလုပ်ရရှိသည့် ပစ္စည်းများနှင့် ဆက်စပ်နေ သည်ဟု သမိုင်းအရ ရည်ညွှန်းထားသည်။