ဘီ-၂ ကိုယ်ပျောက်ဗုံးကြဲလေယာဉ်
From Wikipedia, the free encyclopedia
ဘီ-၂ ကိုယ်ပျောက်ဗုံးကြဲလေယာဉ်သည် အမေရိကန်ပြည်ထောင်စု၏ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ဖြစ်သည်။ လေယာဉ်ပစ်လက်နက်များထူထပ်သည့်နေရာများသို့ ထိုးဖောက်ဝင်ရောက်နိုင်ရန်အတွက် ရေဒါဖမ်းနိုင်စွမ်းနည်းပါးသည့် စတဲလ့်နည်းပညာဖြင့် ပုံစံထုတ်ထားသည်။ သမာရိုးကျလက်နက်များအပြင် နျူကလီးယားလက်နက်များကိုလည်း တင်ဆောင်နိုင်သည်။ ယာဉ်မောင်းနှစ်ဦးပါဝင်ပြီး ပေါင် ၅၀၀ (၂၃၀ကီလိုဂရမ်) လေးသည့် JDAM GPS အမျိုးအစားပဲ့ထိန်းဗုံး အလုံး၈၀ သို့မဟုတ် ပေါင် ၂,၄၀၀ (၁,၁၀၀ကီလိုဂရမ်) လေးသည့် B83 နယူကလီးယားဗုံး ၁၆ လုံးတင်ဆောင်နိုင်သည်။ ဘီ-၂ လေယာဉ်သည် ကိုယ်ပျောက်လေယာဉ်အမျိုးအစားထဲတွင် ကြီးမားသော ဝေဟင်မှမြေပြင်ပစ် standoff weapon ဒုံးပျံသယ်ဆောင်နိုင်သော တစ်ခုတည်းသောလေယာဉ်ဖြစ်သည်။ ဘီ-၂ လေယာဉ်တစ်စင်း၏ ပျှမ်းမျှကုန်ကျစရိတ်သည် ၁၉၉၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၃၇ မီလီယံရှိပြီး[3] ဆော့ဖ်ဝဲလ်ထောက်ပံ့မှု၊ ပြုပြင်ထိန်းသိမ်းစရိတ်တို့ကို တွက်ပါက စုစုပေါင်းကုန်ကျစရိတ်မှာ တစ်စီးလျင် $ ၉၂၉ မီလီယံ ကုန်ကျသည်။[3]
B-2 Spirit | |
---|---|
A U.S. Air Force B-2 Spirit flying over the Pacific Ocean in May 2006 | |
အဆင့် | Stealth strategic heavy bomber |
မူလရင်းမြစ် နိုင်ငံ | အမေရိကန်ပြည်ထောင်စု |
ထုပ်လုပ်သူ | Northrop Corporation Northrop Grumman |
ပထမဆုံး ပျံသန်း | ၁၇ ဇူလိုင် ၁၉၈၉; ၃၄ နှစ် အကြာက (၁၉၈၉-၀၇-17) |
မိတ်ဆက် | 1 January 1997 |
အခြေနေ | In service |
ပင်မ အသုံးပြုသူ | အမေရိကန်လေတပ် |
ထုတ်လုပ်ခဲ့ | 1987–2000 |
တည်ဆောက် နံပါတ် | 21[1][2] |
ပရိုဂရမ် ကုန်ကျ | US$44.75 billion (through 2004)[3] |
ယူနစ် ကုန်ကျ | |
ကုန်ကျစရိတ် များပြားလွန်းသောကြောင့် အမေရိကန် ကွန်ဂရက်တွင် အခြေတင်ဆွေးနွေးခဲ့ရသည်။ ၂၀၁၈ ခုနှစ်အရ အမေရိကန်လေတပ်တွင် တာဝန်ထမ်းဆောင်နေသော ဘီ-၂ ကိုယ်ပျောက်ဗုံးကြဲလေယာဉ် အစင်း ၂၀ ရှိပြီး ၂၀၃၂ အထိ ဆက်လက်တာဝန်ထမ်းဆောင်မည်ဖြစ်သည်။ ဘီ-၂ လေယာဉ်သည် အမြင့်ပေ ၅၀၀၀၀ မှ ဆီမဖြည့်ဘဲ မိုင် ၆၉၀၀ အတွင်း တိုက်ခိုက်နိုင်သည်။ လေထဲတွင် ဆီဖြည့်ပါက မိုင် ၁၂၀၀၀ အထိ ပျံသန်းနိုင်သည်။ မူလက နယူကလိယားဗုံးကြဲလေယာဉ်အဖြစ် ရည်ရွယ်ခဲ့သော်လည်း ရိုးရိုးတိုက်ခိုက်ရေးလေယာဉ်အဖြစ်,၁၉၉၉ ခုနှစ် ကိုဆိုဗိုစစ်ပွဲတွင် အသုံးပြုခဲ့သည်။ နောက်ပိုင်းတွင် အာဖ္ဖကန်နစတန်၊ အီရတ်နှင့် လစ်ဗျားနိုင်ငံတို့တွင်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။