ဘုရင်ခံအိမ်တော် (ရန်ကုန်)
From Wikipedia, the free encyclopedia
ဘုရင်ခံအိမ်တော် (ရန်ကုန်)သည် မြန်မာနိုင်ငံကို စီရင်အုပ်ချုပ်မည့်သူတို့၏ ကော်မရှင်နာ မင်းကြီးများ၊ ဒုတိယ ဘုရင်ခံနှင့် ဘုရင်ခံများ နေထိုင်ရန်နှင့် ရုံးစိုက်ရန်အတွက် ရည်ရွယ်ဆောက်လုပ်ထားသော အိမ်တော်ဖြစ်သည်။ ၁၉၈၅ ခုနှစ်တွင် ဦးနေဝင်းသည် ၁၉၇၀ ခုနှစ်များဆီက ငလျင်ဒဏ်ကြောင့်ဟုဆိုကာ အဆောက်အဦအား ဖျက်ဆီးစေခဲ့သည်။[1][2][3] အိမ်တော်သည် ရန်ကုန်မြို့မြောက်ဘက်ခြမ်း၊ ရွှေတိဂုံဘုရား၏ အနောက်ဘက်အရပ်မျက်နှာတွင် တည်ရှိကာ ဗြိတိသျှ ဗိသုကာပညာရှင် Hoyne Fox မှ ၁၈၉၂ နှင့် ၁၈၉၅ ခုနှစ်အတွင်းတွင် တည်ဆောက်ခဲ့သည်။[1][4][5] အိမ်တော်၏ ဗိသုကာဟန်မှာ အန်နီဘုရင်မဟန် ဗိသုကာလက်ရာဖြစ်သည်။ [5]
အချက်တိုများ ဘုရင်ခံအိမ်တော် (ရန်ကုန်), အထွေထွေ အချက်အလက်များ ...
ဘုရင်ခံအိမ်တော် (ရန်ကုန်) | |
---|---|
ဘုရင်ခံအိမ်တော်၊ ရန်ကုန် (၁၈၉၅ ခုနှစ်) | |
အထွေထွေ အချက်အလက်များ | |
ဗိသုကာစတိုင် | အန်နီဘုရင်မဟန် |
တည်ဆောက်မှု စတင် | ၁၈၉၂ |
ပြီးစီး | ၁၈၉၅ |
ဒီဇိုင်းနှင့် တည်ဆောက်မှု | |
ဗိသုကာပညာရှင် | Hoyne Fox |
ပိတ်ရန်