မယွန်းနိစ်
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
မယွန်းနိစ် (အင်္ဂလိပ်: Mayonnaise) သည် အေးအေးပျစ်ပျစ် အနှစ်ရည်တမျိုးဖြစ်ပြီး အသားညှပ်ပေါင်မုန့်များ (ဆင်းဒွစ်၊ ဟမ္ဘာဂါ)၊ အသုပ်စုံနှင့် အာလူးချောင်းကြော်တို့၌ တွဲဘက်စားသုံးကြသည်။ အတိုကောက် မေယိုး (mayo) ခေါ်၏။ [1] သနပ်နှစ် ( tartar sauce)၊ အချဉ်ရည်နှစ် (fry sauce)၊ ရောမူလဒယ် (rémoulade)၊ ဆယ်လဆာဂေါ့ (salsa golf)၊ ရူရိရီ (rouille) တို့တွင် အခံအနှစ်ရည်အဖြစ်လည်း သုံး၏။ [2]
မယွန်းနိစ်ကို ဆီ၊ ကြက်ဥအကာနှင့် အချဉ်ဓာတ်အတွက် ရှလကာရည် သို့မဟုတ် ရှောက်ရည်တို့ကို မွှေ၍ရသော ခလောက်ရည်တမျိုး ဖြစ်သည်။ [3] အရသာအတွက် အခြားပါဝင်ပစ္စည်းတို့ကိုထည့်ကာ မျိုးကွဲများစွာ ရှိလာ၏။ အရောင်မှာလည်း ဖြူတူတူမှသည် ဝါတာတာအထိ ရှိတတ်သည်။ အနှစ်မှာလည်း ကရင်ပျော့ပျော့မှသည် ဂျယ်လီစေးစေး အနေအထားအထိ ရှိ၏။
ကြက်ဥရှောင်သော သားသတ်လွတ်သမားများအတွက်နှင့် ဥနှင့်မတည့်သူတို့အတွက် ကြက်ဥနှစ်မပါသော မယွန်းနိစ်ကို၎င်း၊ ထိန်းစားနေသူတို့အတွက် ဆီမပါသော ကိုလက်စထရောနည်း မယွန်းနိစ်ကို၎င်း၊ ဈေးကွက်တွင် ရနိုင်ပေသည်။ [4]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.