မိုက်ခရိုဆော့ဖ်
အမေရိကန်အခြေစိုက် နည်းပညာကုမ္ပဏီကြီးတစ်ခု / From Wikipedia, the free encyclopedia
မိုက်ခရိုဆော့ဖ် (အင်္ဂလိပ်: Microsoft)သည် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပြည်နယ် ရက်မွန်တွင် ရုံးချုပ်တည်ကာ ကွန်ပျူတာဆော့ဝဲလ်များ၊ အီလက်ထရောနစ်ပစ္စည်းများ၊ တကိုယ်ရေးသုံးကွန်ပျူတာ နှင့် အခြား နည်းပညာဝန်ဆောင်မှုများကို ထုတ်လုပ်၊ ရောင်းချ၊ ဝန်ဆောင်မှု ပေးနေသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။ ထုတ်လုပ်ရောင်းချနေသော ဆော့ဝဲလ်များထဲမှ မိုက်ခရိုဆော့ဖ် ဝင်းဒိုး၊ မိုက်ခရိုဆော့ဖ် အော့ဖစ် တို့မှာ လူသုံးများပြီး လူသိအများဆုံး ဖြစ်သည်။ ရောင်းချနေသော အီလက်ထရောနစ် ပစ္စည်းများထဲတွင် အိတ်စ်ဘောက် (X-Box) ဂိမ်းနှင့် မိုက်ခရိုဆော့ဖ် ဆာဖေ့ (Microsoft Surface) ကျောက်သင်ပုန်းကွန်ပျူတာတို့မှာ အဓိက ထုတ်ကုန်များ ဖြစ်သည်။ မိုက်ခရိုဆော့ဖ်သည် ဝင်ငွေများအရ ဆော့ဝဲလ်ကုမ္ပဏီများထဲတွင်အကြီးဆုံးဖြစ်သည်။ [4] ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီများထဲတွင်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ [5]
ဤ ဆောင်းပါး သို့မဟုတ် အပိုင်းသည် ချဲ့ကားရေးသားနေဆဲ သို့မဟုတ် အကြီးစား ပြန်လည်တည်းဖြတ်နေဆဲဖြစ်ပြီး သင်လည်း ပါဝင်ကူညီ ရေးသားနိုင်သည်။ အကယ်၍ ဤဆောင်းပါး သို့မဟုတ် အပိုင်းသည် ရက်အနည်းငယ်ကြာသည်အထိ ပြင်ဆင်ခြင်းမရှိပါက ဤတမ်းပလိတ်ကို ကျေးဇူးပြု၍ ဖယ်ရှားလိုက်ပါ။ အကယ်၍ သင်သည် ဤတမ်းပလိတ်ကို ထည့်သွင်းသူ ဖြစ်ပြီး တည်းဖြတ်နေဆဲဖြစ်ပါက တည်းဖြတ်မှု တစ်ခုနှင့် တစ်ခုအကြားတွင် ကျေးဇူးပြု၍ ဤတမ်းပလိတ်အား {{in use}} ဖြင့် အစားထိုးပါ။
ဤ ဆောင်းပါး အား Quinlan83 (ဆွေးနွေး | ပံ့ပိုး) မှ ၁၁ ရက် အကြာက နောက်ဆုံးပြင်ဆင်ခဲ့သည်။ (ရှင်းသန့်ရန်) |
မြန်မာဘာသာသို့ ပြန်ဆိုခြင်းနှင့် စပ်လျဉ်း၍ |
---|
လက်ရှိစာမျက်နှာကို ဂူဂယ်ဘာသာပြန် (Google Translate) သုံး၍ မြန်မာဘာသာသို့ ပြန်ဆိုကြည့်နိုင်သည်။ သို့သော် ၎င်းဘာသာပြန်များကို အတည်မယူပါနှင့်၊ အမှားများစွာ ပါလေ့ရှိသောကြောင့်ဖြစ်သည်။ သေချာစိစစ်၍ ကြိုးစားပြုပြင်ပြီးမှ ဘာသာပြန်ရေးသားရန် ဖြစ်သည်။ ဘာသာပြန်ပြီးပါက ဤ {{Translation incomplete}} တမ်းပလိတ်ကို ဤစာမျက်နှာမှ ဖျက်ပစ်ရန် မမေ့ပါနှင့်။ |
ဤဆောင်းပါးကို မြန်မာဘာသာသို့ ပြန်ဆိုရန် လိုအပ်နေသေးသည်။
|
မိုက်ခရိုဆော့ဖ် ဝန်းအတွင်းရှိ အကြီးဆုံးအဆောက်အအုံဖြစ်သော အဆောက်အဦးအမှတ် (၁၇) ဧည့်ခန်းမဆောင်အဝင်။ | |
အမျိုးအစား | အများဆိုင် |
---|---|
လုပ်ငန်း | ဆော့ဝဲလ် အသုံးပြုသူ အီလက်ထရွန်းနစ် ကွန်ပျူတာ ဟဒ်ဝဲလ် |
တည်ထောင်သည့်နှစ် | အာဘူကူးကူး၊ နယူး မက္ကဆီကို၊ အမေရိကန်ပြည်ထောင်စု (ဧပြီ ၄၊ ၁၉၇၅ (၁၉၇၅-၀၄-၀၄)) |
တည်ထောင်သူများ | ဘီလ်ဂိတ်၊ ပါအဲလန်။ |
ဌာနချုပ် | မိုက်ခရိုဆော့ဖ် ရက်မွန် ရုံးဝန်း၊ ရက်မွန်၊ ဝါရှင်တန်မြို့, အမေရိကန် |
ဝန်ဆောင်မှု ဧရိယာ | ကမ္ဘာတစ်ဝန်း |
အရေးပါ ပုဂ္ဂိုလ်များ | John W. Thompson (Chairman) |
ထုတ်ကုန်ပစ္စည်း |
|
ဝန်ဆောင်မှု |
|
ဝင်ငွေ | US$ ၈၆.၈၃ ဘီလီယံ (၂၀၁၄)[1] |
အခွန်မဆောင်မီ ဝင်ငွေ | US$ ၂၇.၇၆ ဘီလီယံ (၂၀၁၄)[1] |
အသားတင် ဝင်ငွေ | US$ ၂၂.၀၇ ဘီလီယံ (၂၀၁၄)[1] |
ရင်းနှီးမြှုပ်နှံမှု | US$ ၁၇၂.၃၈ ဘီလီယံ (၂၀၁၄)[1] |
စုစုပေါင်း ရှယ်ယာတန်ဖိုး | US$ ၈၉.၇၈ ဘီလီယံ (၂၀၁၄)[1] |
အလုပ်သမားဦးရေ | ၁၂၈၀၇၆ (ဇွန်၊ ၂၀၁၄) [2] |
ကုမ္ပဏီခွဲ | List of Microsoft subsidiaries |
ဝက်ဘ်ဆိုက် | Microsoft.com |
ကိုးကား [3] |
မိုက်ခရိုဆော့ဖ်ကို ဘီလ်ဂိတ် နှင့် ပေါလ်အလန် တို့က ၁၉၇၅ ခုနှစ် ဧပြီလ ၄ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။ စတင်တည်ထောင်စဉ်က ရည်ရွယ်ချက်မှာ Altair 8800 ကွန်ပျူတာများအတွက် ကွန်ပျူတာ ဘာသာပြန်ပစ္စည်း BASIC interpreter ရောင်းချရန် ဖြစ်သည်။ ၁၉၈၀ နှစ်လယ်ပိုင်းတွင် နောက်ပိုင်းတွင် မိုက်ခရိုဆော့ဖ် ဝင်းဒိုးဖြစ်လာမည့် MS-DOS ဟုခေါ်ဆိုသော ကွန်ပျူတာ လည်ပတ်မှုစနစ် အသစ်ကို စတင်မိတ်ဆက်ခဲ့သည်။ ၁၉၈၆ အရောက်မှာတော့ ကုမ္ပဏီ ရှယ်ယာဈေးတွေ မြင့်တက်လာခဲ့ပြီး ဝန်ထမ်းများထဲမှ ဘီလီယံ သူဌေး ၃ ယောက်နဲ့ မီလီယံ သူဌေး ၁၂၀၀၀ ခန့် ပေါ်ပေါက်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်များအထိ ကွန်ပျူတာ လည်ပတ်မှု စနစ် ဈေးကွက်ကို ဦးဆောင်ထားနိုင်ဆဲ ဖြစ်သည်။ ၂၀၁၁ ခုနှစ် မေလမှာတော့ မိုက်ခရိုဆော့ဖ်က စကိုက်ပ်လို့ခေါ်တဲ့ အင်တာနက်ကနေ ဖုန်းခေါ်ဆိုမှု ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီကို ဒေါ်လာ သန်း ၈၅၀၀ နဲ့ဝယ်ယူခဲ့ပါတယ်။ [6]
၂၀၁၃ ခုနှစ် စာရင်းများအရ မိုက်ခရိုဆော့ဖ် တကိုယ်ရေသုံး ကွန်ပျူတာများမှာ ကွန်ပျူတာ လည်ပတ်မှုစနစ် နှင့် ရုံးသုံးဆော့ဝဲလ်များ ရောင်းချမှုများ ဈေးကွက်မှာ ဦးဆောင်မှု ရဆဲ ဖြစ်ပါတယ်။ မိုက်ခရိုဆော့ဖ်ဟာ ကွန်ပျူတာများနှင့် ဆာဗာများအတွက် ဆော့ဝဲလ်များ ထုတ်လုပ်ခြင်း၊ အင်တာနက်ဝက်ဘ်ဆိုက် ရှာဖွေမှု စနစ် "ဘင်း"၊ ဗီဒီယိုဂိမ်း "အိတ်ဘောက်"၊ နည်းပညာဝန်ဆောင်မှုဈေးကွက် "အမ်အက်စ်အန်" နှင့် မိုဘိုင်းဖုန်းများကိုပါ ထုတ်လုပ်ဖြန့်ချိ ဝန်ဆောင်မှုပေးနေပါတယ်။ ၂၀၁၂ ခုနှစ် ဇွန်လထဲမှာ မိုက်ခရိုဆော့ဟာ တကိုယ်ရေးသုံး ကွန်ပျူတာထုတ်လုပ်တဲ့ ဈေးကွက်ထဲကို ကျောက်သင်ပုန်း ကွန်ပျူတာ ဖြစ်တဲ့ မိုက်ခရိုဆော့ဖ် "ဆာဖေ့" ထုတ်လုပ်ခြင်းနှင့်အတူ ဝင်ရောက်လာပါတယ်။
မိုဘိုင်းဖုန်းလောကမှာ ဘုရင်ဖြစ်ခဲ့တဲ့ နိုကီယာ ရဲ့ ကိရိယာနှင့် ဝန်ဆောင်မှု ဌာနကိုဘည်း မိုက်ခရိုဆော့ဖ်ကနေ ဝယ်ယူခဲ့ပြီး စမတ်ဖုန်းထုတ်လုပ်ခြင်း ဈေးကွက်ထဲကိုလည်း ဝင်ရောက်ချဲ့ထွင်ခဲ့ပါတယ်။ [7]