မိုးဘတ် (အမေရိကန်ဘေ့စ်ဘောကစားသမား)
From Wikipedia, the free encyclopedia
မောရစ် "မိုး" ဘတ် (Morris "Moe" Berg)(၂ မတ် ၁၉၀၂ - ၂၉ မေ ၁၉၇၂)သည် မေဂျာလိဂ် ဘေ့စ်ဘောအသင်းတွင် အမေရိကန်လူမျိုး ဘောလုံးဖမ်းသူနှင့် နည်းပြ ဖြစ်ပြီး၊ နောင်သော် ဒုတိယကမ္ဘာစစ်ကြီး အတွင်းက ဗျူဟာ ကွပ်ကဲရေးရုံး (Office of Strategic Services) အတွက် သူလျှိုအဖြစ် တာဝန် ထမ်းဆောင်ပေးခဲ့သည်။ မေဂျာလိဂ်များတွင် သူသည် ၁၅ ရာသီ ကစားခဲ့ပြီး၊ အဓိက အမေရိကန်လိဂ်အသင်းကြီး လေးခုအတွက် လုံးဝနီးပါး ကစား ပေးခဲ့သော်လည်း၊ ဘတ်သည် သာမန် ကစားသမား တဦးထက် ဘယ်တော့မှ မပိုဘဲ၊ သူ့ကို အရန် ဘောလုံးဖမ်းသူ အဖြစ်သာ အသုံးပြုလေ့ ရှိခဲ့ပြီး၊ ပြိုင်ပွဲတွင် သူ ပါလာသည့်အခါ မည်သည့် အရာထက်မဆို "ဘေ့စ်ဘောတွင် ဦးနှောက်အကောင်းဆုံးကောင်"ဟု ထောမနာ ပြုခြင်း ခံရသည်။[1] ကယ်စီ စတင်းဂါလ် (Casey Stengel)သည် တခါသော် ဘတ်ကို "ဘေ့စ်ဘော ကစားဖူးသမျှတွင် အထူးဆန်းဆုံး လူ"ဟု ညွှန်းဆိုခဲ့သည်။[2]
ပရင့်စတန် တက္ကသိုလ် (Princeton University)နှင့် ကိုလံဘီယာ ဥပဒေကျောင်း (Columbia Law School)မှ ဘွဲ့ရသော ဘတ်သည် ဘာသာစကား များစွာ ပြောတတ်ပြီး၊ တနေ့လျှင် သတင်းစာ ၁၀ စောင် ပုံမှန် ဖတ်ရှုသည်။ ဉာဏ်စမ်းပြိုင်ပွဲ အချက်အလက်လေး ပေးပါ (quiz show Information, Please) ရေဒီယို အစီအစဉ်တွင် ဝင်ပြိုင်သူအဖြစ် ပါခြင်းက သူ့ကို ပို၍ပင် ကျော်ကြားလာစေကာ၊ ထိုအစီအစဉ်၌ သူသည် ဂရိနှင့် လက်တင်မှ စကားလုံးများနှင့် အမည်နာမများ ပြောင်းလဲ ဆင်းသက်လာပုံ၊ ဥရောပနှင့် အရှေ့ဖျားဒေသမှ သမိုင်းဝင် အဖြစ်အပျက်များနှင့် လက်ရှိ ဖြစ်ပျက်နေသော နိုင်ငံတကာ ကွန်ဖရင့်အစည်းအဝေးပွဲများ အကြောင်း ပတ်သက်သော မေးခွန်းပေါင်း မြောက်မြားစွာကို ဖြေဆိုပေးခဲ့သည်။[3]
အမေရိကန်အစိုးရအတွက် အလုပ်လုပ်သော စပိုင် တယောက် အဖြစ်၊ ဘတ်သည် အမေရိကန် အစိုးရက ထောက်ပံ့ပေးထားသည်ဟု ယူဆရသော အတိုက်အခံ အုပ်စု၏ သတင်းနှိုက်ရန် ယူဂိုဆလားဗီးယားသို့ ခရီးသွားခဲ့သည်။ ထို့နောက် အီတလီသို့ စစ်ဆင်ရေးအဖြစ်၊ သူ့ကို ပို့လိုက်ရာ၊ ဂျာမန် နျူကလီးယား အစီအစဉ်နှင့် ပတ်သက်သော ရူပဗေဒ ပညာရှင် များစွာကို သူ အင်တာဗျူးခဲ့သည်။ စစ်ပြီးနောက်၊ ဘတ်ကို ဗဟိုထောက်လှမ်းရေးအေဂျင်စီ (Central Intelligence Agency) ဖြစ်သော အိုအက်စ်အက်စ် ၏ ဆက်ဆံသူ (OSS's successor) က မကြာမကြာ အလုပ်ခန့်သော်လည်း၊ ၁၉၅၀ ပြည့်လွန်နှစ် အလယ် ရောက်သော်၊ အလုပ် မရှိတော့ချေ။ ထို့နောက် ဆယ်စုနှစ် ၂ စု ကြာအောင်ပင် သူ့ဘဝကို အလုပ်မလုပ်ဘဲ မွေးချင်း သားချင်းများနှင့် အတူနေထိုင်သွားခဲ့သည်။[4]