မုခ်ဝ:မြန်မာနိုင်ငံ
From Wikipedia, the free encyclopedia
မြန်မာနိုင်ငံ (အင်္ဂလိပ်: Myanmar သို့မဟုတ် Burma)၊ တရားဝင်အားဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် (Republic of the Union of Myanmar) သည် အရှေ့တောင်အာရှရှိ နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အနောက်နှင့် အနောက်မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အရှေ့နှင့် အရှေ့တောင်ဘက်တွင် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နယ်နမိတ်ချင်းထိစပ်ပြီး တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့ တည်ရှိသည်။ နိုင်ငံ၏မြို့တော်မှာ နေပြည်တော်ဖြစ်ပြီး စီးပွားရေးမြို့တော်မှာ ရန်ကုန်မြို့ဖြစ်သည်။ (Full article...)
ရွေးချယ်ထားသော ဆောင်းပါးများ - load new batch
- Image 1
ရိုဟင်ဂျာ ဆိုသည်မှာ မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ် မြောက်ဘက်ပိုင်းတွင် အများဆုံး အခြေချနေထိုင်ကြပြီး၊ မြန်မာနိုင်ငံ၏ တိုင်းရင်းသား မွတ်စလင် လူနည်းစုတစ်စုဖြစ်သည်။ ရခိုင်ပြည်နယ်၏ ဒုတိယလူဦးရေအများဆုံး လူမျိုးလည်းဖြစ်သည်။ မိမိတို့၏ မူလတိုင်းပြည်တွင် တန်းတူအခွင့်အရေး မှန်သမျှ လုယူခံရ၍ နိုင်ငံခြားသားကဲ့သို့ ခွဲခြားဆက်ဆံခံနေရသော အဖိနှိပ်ခံ လူနည်းစုတစ်စုလည်း ဖြစ်သည်။ ၎င်းတို့သည် ရခိုင်ပြည်နယ် မောင်တောမြို့၊ ဘူးသီးတောင်မြို့၊ ရသေ့တောင်မြို့၊ ကျောက်တော်မြို့၊ သံတွဲမြို့၊ မင်းပြားမြို့၊ မြောက်ဦးမြို့ နှင့် စစ်တွေမြို့စသော မြို့တို့တွင် အများစုနေထိုင်ကြသည်။ ၂၀၁၂ ခုနှစ်ထိ ရိုဟင်ဂျာပေါင်း (၁၅)သိန်းကျော် မြန်မာနိုင်ငံတွင် နေထိုင်နေသည်ဟုဆိုသည်။ ကုလသမဂ္ဂမှ ၎င်းတို့သည် ကမ္ဘာပေါ်တွင် အဖိအနှိပ်ခံရဆုံး လူနည်းစုများတွင် ပါဝင်နေသည်ဟုဆိုသည်။ အဖိနှိပ်ခံနေရသော မြန်မာ့တိုင်းရင်းသား ရိုဟင်ဂျာသည် ခေတ်အဆက်ဆက် အစိုးရ၏ ပစ်မှတ်ထား နှိပ်စက်မှုကြောင့် မိမိတို့ အမိမြေကို စွန့်လွှတ်ကာ ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးရှိ ဒုက္ခသည်စခန်းများနှင့် ထိုင်းမြန်မာနယ်စပ်များတွင်လည်း ဒုက္ခသည်အဖြစ် နေထိုင်နေရသည်။
အာဏာရှင် ဦးနေဝင်း လက်ထက်တွင် ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးစု (၁၃၅) မျိုး စာရင်းတွင် ရိုဟင်ဂျာတိုင်းသားကို ရည်ရွယ်ချက်ရှိရှိ ချန်လှစ်ထားခဲ့သည်။ ထိုသို့ အာဏာရှင် ဦးနေဝင်း၏ တိုင်းရင်းသား လူမျိုးစု စာရင်းတွင် ရိုဟင်ဂျာ လူမျိုးစုကို ထည့်သွင်း သတ်မှတ်ထားခြင်း မရှိသဖြင့် မြန်မာလူမျိုးစုများတွင် ပါဝင်ခြင်း ရှိမရှိ ဆိုသော အချက်နှင့် ပတ်သက်၍ အငြင်းပွားမှုများစွာ ဖြစ်ပေါ်နေသည်။ အစ္စလာမ် မုန်းတီးသောသူများက ရိုဟင်ဂျာ ဆိုသည်မှာ မြန်မာနိုင်ငံအတွင်း ရှေးပဝေသဏီကတည်းကပင် နေထိုင်လာခဲ့သောလူမျိုးစု မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ဝင်ရောက်လာသူများ အဖြစ် စွပ်စွဲကြသည်။ ရိုဟင်ဂျာများကလည်း ဝန်ကြီးချုပ်ဟောင်း ဦးနု နှင့် မြန်မာနိုင်ငံ သမ္မတဟောင်း စဝ်ရွှေသိုက်တို့မှ ပြောကြားချက်များအပါအဝင် သူတို့၏ ခေတ်အဆက်ဆက် သမိုင်းအထောက်အထားနှင့်တကွ ကိုးကား၍ ရိုဟင်ဂျာဆိုသည်မှာ မြန်မာပြည်အတွင်းမှ လူမျိုးစုတစ်စုဖြစ်ကြောင်း အခိုင်အမာ တောင်းဆိုနေကြသည်။ (Full article...) - Image 2
ဇာဂနာ ခေါ် မောင်သူရ သည် မြန်မာနိုင်ငံသား စာရေးဆရာ၊ လူရွှင်တော်၊ သရုပ်ဆောင်နှင့် ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်ဖြစ်သည်။ သူသည် မြန်မာနိုင်ငံ၏ စစ်အစိုးရအား ပြစ်တင်ဝေဖန်မှုများကြောင့် မကြာခဏ ထောင်ဒဏ်ကျခံရသူလည်းဖြစ်သည်။ သူသည် မြန်မာအခေါ်အဝေါ် ဇာဂနာ (ဇာဂနာဆိုသည်မှာ သေးမွှားသော အရာကို နှုတ်ယူနိုင်သည့် ကရိယာဖြစ်သည်) ဆိုသည့် အမည်ဖြင့် မြန်မာပြည်တွင် နာမည်ကျော်ကြား လူသိများသော လူရွှင်တော်အဖြစ် လည်းကောင်း၊ ဟာသမြောက်စွာ လှောင်ပြောင်ရေးသားမှုများဖြစ် စစ်အစိုးရကို ဝေဖန်သော သူတစ်ဦးအဖြစ်၊ သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း လူသိများသည်။
ဇာဂနာသည် The Lillian Hellman and Dashiel Hammett Award ဆိုသည့် ဆုကို Free Expression (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်) ဆိုသည့် အဖွဲ့အစည်းမှ ချီးမြှင့်ခဲ့သည်။ ထိုအဖွဲ့အစည်းသည် အမေရိကန်နိုင်ငံ New York မြို့ အခြေစိုက်သည့် လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့မှ ဖွဲ့စည်းထားခြင်းဖြစ်သည်။ (Full article...) - Image 3
ပြည်သူ့ကာကွယ်ရေးတပ်မတော် (အင်္ဂလိပ်: People's Defense Force (PDF)) သည် မြန်မာနိုင်ငံ၏ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ၂၀၂၁ မေလ ၅ ရက်တွင် ဖွဲ့စည်းလိုက်သော တရားဝင်ပြည်သူ့တပ်မတော်ဖြစ်ပြီး ဖက်ဒရယ်တပ်မတော်၏ ရှေ့ပြေးအဖြစ်လည်း သတ်မှတ်ထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၎င်းထိန်းချုပ်ထားသည့် နိုင်ငံတော်ပိုင်မီဒီယာဖြစ်သည့် မြဝတီ (MWD) မှ PDF နှင့် NUG အား အကြမ်းဖက်သူများအဖြစ်တန်ပြန်ကြေဌာခဲ့သည် (Full article...) - Image 4
မြန်မာဘာသာစကား (အင်္ဂလိပ်: Myanmar Language)သည် မြန်မာနိုင်ငံ၏ ရုံးသုံး ဘာသာစကားဖြစ်သည။ ဗမာလူမျိုးနှင့် ဗမာနွယ်ဝင်(ဓနု၊ အင်းသား၊ တောင်ရိုးနှင့် ယော)တို့၏ ဇာတိစကားဖြစ်သည်။ ဗမာလူမျိုးတို့သည် တိဘက်-ဗမာနွယ် ဘာသာစကားများ (Tibeto-Burman Languages) ပြောဆိုသည့် လူမျိုးနွယ်စုကြီးမှ အကြီးဆုံးသော လူမျိုးဖြစ်သည်။ လူဦးရေ ၃၈သန်းကျော်ခန့်သည် မြန်မာဘာသာစကားကို မိခင်ဘာသာစကား အနေဖြင့် သုံး၍ မြန်မာတိုင်းရင်သားများသည် ဒုတိယဘာသာစကား အနေဖြင့် သုံးသည်။
မြန်မာဘာသာစကားသည် တိဘက်-ဗမာနွယ် ဘာသာစကားများ အုပ်စုတွင် ပါဝင်သည်။ တိဘက်-ဗမာနွယ် ဘာသာစကားများ အုပ်စုသည် တရုတ်-တိဗက်နွယ် ဘာသာစကားများ မိသားစု (Sino-Tibetan Languages Family) ထဲတွင် ပါသည်။ မြန်မာဘာသာသည် တက်ကျသံရှိသော (tonal) ၊ နိမ့်မြင့်အမှတ်အသားရှိ (pitch-register) ဖြစ်သော၊ ဧကဝဏ္ဏစကားလုံး (monosyllabic) အလွန်များသော ဘာသာစကား ဖြစ်သည်။ ကတ္တား-ကံ-တြိယာ စကားလုံးအစီအစဉ်ဖြင့် ရေးသော သရုပ်ခွဲဘာသာစကား (analytic language) လည်းဖြစ်သည်။ မြန်မာအက္ခရာများသည် ဗြာဟ္မီအက္ခရာ မှ ဆင်းသက်လာသည်။ (Full article...) - Image 5၁၉၈၈ ခုနှစ် နှောင်းပိုင်းမှ လက်ရှိ အချိန်အထိ မြန်မာနိုင်ငံ (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ)သည် ဈေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံးလျက် ရှိသည်။
၁၉၈၉-၉၉၊ ၁၁ နှစ်တာကာလအတွင်း နိုင်ငံတော်၏ မူဝါဒမှာ တင်းကျပ်စွာ ဗဟိုမှ ထိန်းချုပ်သော စနစ်ကို ကျင့်သုံးရန် ရည်ရွယ်ခဲ့သော်လည်း မကြာမီကာလများက ဤပြုပြင်မှုများကို ရပ်တန့်ခဲ့သည်။ ဤသို့ဖြင့် ပုဂ္ဂလိကကဏ္ဍတွင် တိုးတက်မှုများ ပြလာသည်။ (Full article...) - Image 6
- စေတီပုထိုးအမှတ် = ၁/၁(က)
:“ထီး မဆိုင်း၊ တံတိုင်းမှာရိပ်တည်။
:မလွင့် ရွှေလှောင်ပ၊ ဗိုလ်သောင်းထောင်ဝင်
:မကျပ်သည့်ပြင်၊ ဆွမ်းကပ်သူ လက်မဦး နိုင်ဘု၊
:မထူးမြည်ကြာဟီး၊ ထီးတော့ ရွှေစည်။
:မြင့်ဝှမ်းယောင် ထင်စနိုးရသည့်၊ မိုးကပ်ပြု ရေအရည်၊
:အနည်းမျှ မကြွင်း၊ ချယားပင် ဒွါဒသင်ခါမလင့်ပြီဘု၊
:ဖူးပွင့်ကြူထုံတဲ့၊ ဇေယျခုံ အံ့ဖွယ်ကိုးကို တိုးခဝပ်စင်း”ဟု
ကင်းဝန်မင်းကြီးက စပ်ဆို ပူဇော်ခဲ့သော အံ့ကိုးပါးနှင့် ပြည့်စုံတော်မူသည့် ရွှေစည်းခုံဘုရားသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့ဟောင်း၏ အရှေ့မြောက်ဘက် လေးမိုင်ခန့် ဝေးသော ညောင်ဦးမြို့တွင် တည်ရှိသည်။ ညောင်ဦးမြို့ဈေး၏ အနောက်ဘက်မိုင်ဝက်ခန့်အကွာ သဲစည်းခုံပေါ်တွင် တည်ထားသဖြင့် ရွှေစည်းခုံဘုရားဟု တွင်ခဲ့သည်။ ရွှေစည်းခုံစေတီတော်သည် ညောင်ဦးမြို့မှ အနောက်တောင် ယွန်းယွန်း ဧရာဝတီမြစ်ကမ်းနဖူးရှိ ပေ (၇၅၀) ကျော်ခန့် ရှည်လျားကျယ်ဝန်းသော မဟာရံတံတိုင်းကြီးနှင့် ဉာဏ်တော်ပေ (၁၆၀)၊ ဖိနပ်တော်အကျယ်ပေ (၁၆၀)ပမာဏရှိကာ ရွှေရောင်ဝင်းလျက် တင့်တယ်ကြည်ညိုဖွယ် တည်ရှိလေသည်။ (Full article...) - Image 7
ဗိုလ်ချုပ်အောင်ဆန်း (အင်္ဂလိပ်: General Aung San)သည် မြန်မာနိုင်ငံ၏လွတ်လပ်ရေးဖခင်၊အမျိုးသားအာဇာနည်ခေါင်းဆောင်၊တော်လှန်ရေးသမား၊ မျိုးချစ်ပုဂ္ဂိုလ်၊ စစ်သေနာပတိတစ်ဦးဖြစ်သည်။
အောင်ဆန်းသည် မြန်မာသက္ကရာဇ် ၁၂၇၆-ခု၊ တပေါင်းလဆန်း (၁)ရက် (ခရစ်သက္ကရာဇ် ၁၉၁၅-ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်) စနေနေ့ နံနက်လင်းအားကြီးချိန်တွင် နတ်မောက်မြို့၌ အဖရှေ့နေဦးဖာနှင့် အမိကုန်သည်ဒေါ်စုတို့မှ ဖွားမြင်သည်။ (Full article...) - Image 8
ရန်ကုန်မြို့ (အင်္ဂလိပ်: Yangon) သည် မြန်မာနိုင်ငံ၏ ယခင်က မြို့တော်ဖြစ်ပြီး ရန်ကုန်တိုင်း၏ မြို့တော်လည်းဖြစ်သည်။ ၂၀၀၆ ခုနှစ်၊ မတ်လ မှ စတင်၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ နအဖ (SPDC) သည်ရန်ကုန်မှ နေပြည်တော်သို့ မြို့တော်ဟု တရားဝင် နေရာပြောင်းလဲ သတ်မှတ်ခဲ့သော်လည်း၊ လူဦးရေ ၇ သန်းကျော်ရှိသော ရန်ကုန်မြို့သည် မြန်မာနိုင်ငံ ၏ အကြီးမားဆုံး မြို့တော်နှင့် အရေးအကြီးဆုံးသော ကူးသန်းရောင်းဝယ်ရေး အချက်အချာအဖြစ် ဆက်လက် တည်ရှိနေသည်။
ရန်ကုန်မြို့၏ အခြေခံအဆောက်အဦးသည် အရှေ့တောင်အာရှရှိ အခြားသော အရေးပါသည့် မြို့တော်များနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးမှုမရှိပါ။ ယနေ့ခေတ်တွင် ရန်ကုန်မြို့သည် အရှေ့တောင်အာရှတွင် ကိုလိုနီခေတ်မှ အဆောက်အဦး အများဆုံး ကျန်ရှိသည့်မြို့ ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုလောက်က မြို့လယ်ခေါင်နှင့် ရန်ကုန်မြို့ကြီးအတွင်း မြင့်မားသည့် နေအိမ်တိုက်တာများနှင့် ကူးသန်းရောင်းဝယ်ရေး အဆောက်အအုံများကို အများအပြား တည်ဆောက်ခြင်း၊ ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့သော်လည်း၊ မြို့ကို ပတ်လည်ဝန်းရံနေသည့် တိုးချဲ့မြို့သစ်များတွင်မူ လူနေမှု အဆင့်အတန်း နိမ့်ကျနေဆဲဖြစ်သည်။ (Full article...) - Image 9
မြန်မာသက္ကရာဇ် ၇၂၆-ခုတွင် အင်းဝမြို့ကို စတင်တည်ထောင်သူ သတိုးမင်းဖျားလက်ထက်တွင် စစ်ကိုင်း ရေဝန်းရပ်၌ ကျော်စောသော သူခိုးကြီးငတက်ပြားဟူ၍ ရှိ၏။ ၎င်းသူခိုးကြီးသည် အလွန်စွမ်း၍ ညဉ့်အခါ၌ စစ်ကိုင်းဘက်မှနေ၍ လှေဖြင့်ကူးကာ အင်းဝမြို့ မီးသွေးတိုက်တံခါးမှ ဝင်ပြီးသော် ဆင်းရဲသားအိမ်များ မဟုတ်ဘဲ မှူးမတ်၊ သူဌေးသူကြွယ်အိမ်များကိုသာ တက်ပြီးမှ ပစ္စည်းများကို သင့်တန် ရုံခိုး၍ စားသောက်နေထိုင်လေ့ ရှိသည်။ မှူးမတ်စသည်တို့ သိ၍ ဖမ်းဆီးကြသော်လည်း မမိနိုင်ချေ။
တစ်နေ့သော် သူခိုးကြီးငတက်ပြားသည် ဤသို့ ကြုံးဝါး၏။ `ငါ့ကို သတိုးမင်းဖျားရလျှင်သာ သတ်ရအံ့။ မရသော်ကား အဘယ်သူဝံ့အံ့နည်း´ဟုဆို၏။ ထိုစကားကို သတိုးမင်းဖျား ကြားသော် ဥပါယ်တမျဉ်ဖြင့် ဖမ်းအံ့ဟု ညဉ့်အခါ နန်းတော်ကဆင်းခဲ့၍ သူခိုးယောင်ဆောင်ပြီးလျှင် မီးသွေးတိုက်တံခါးမှ ထွက်လျက် ဧရာဝတီမြစ်ဆိပ်က သူခိုးငတက်ပြား အလာကို စောင့်နေလေသည်။ ငတက်ပြားလည်း လာနေကြလမ်းအတိုင်း လာ၍ မီးသွေးတိုက်ဆိပ်နားသို့ ရောက်သော် လှေပေါ်ကနေလျက် `ဟေ့ ကုန်းပေါ်က ဘယ်သူလဲ´ဟုမေးရာ၊ `ငါ ညဉ့်လူဟေ့´ဟု သတိုးမင်းဖျားက ပြန်ပြော၏။ (Full article...) - Image 10
အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် မြန်မာပြည်မြောက်ပိုင်းတွင် တည်ရှိသည်။ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် Important Bird Area (IBA) ဖြစ်ပြီး အာဆီယံ အမွေအနှစ်ဥယျာဉ်လည်းဖြစ်သည်။ (Full article...)
ဆက်စပ် မုခ်ဝများနှင့် ပရောဂျက်များ
ဓာတ်ပုံများ - load new batch
အောက်ပါတို့သည် ဝီကီပီးဒီးယားပေါ်ရှိ မြန်မာနိုင်ငံနှင့် ဆက်စပ်သော ဆောင်းပါးများမှ ပုံအမျိုးမျိုး ဖြစ်သည်။
- Image 1ပုဂံမှ ယွန်းထည်များ (from မြန်မာ့ယဉ်ကျေးမှု)
- Image 2နရပတိစည်သူမင်းလက်ထက် ပုဂံနေပြည်တော် (from မြန်မာ့သမိုင်း)
အဓိက ခေါင်းစဉ်များ
ကဏ္ဍများ
ကဏ္ဍခွဲများကို ကြည့်ရှုရန် [►] ကို ရွေးချယ်ပါ
နောက်ထပ် ခေါင်းစဉ်များ
|
တမ်းပလိတ်:မြန်မာနိုင်ငံ၏ နိုင်ငံအဆင့် အားကစားအသင်းများ |
ဝီကီမီဒီယာ
အောက်ပါ ဝီကီမီဒီယာ ဖောင်ဒေးရှင်း ညီအစ်မ ပရောဂျက်များတွင် ဤအကြောင်းအရာအတွက် ပိုမို ထောက်ပံ့ပေးထားသည်။
-
ကွန်မွန်းစ်
အခမဲ့ မီဒီယာ တည်ရာ -
ဝီကီစာအုပ်
အခမဲ့ ကျောင်းသုံးစာအုပ်နှင့် လက်စွဲစာအုပ်များ -
ဝီကီဒေတာ
အခမဲ့ အသိပညာ ဗဟို -
ဝီကီသတင်း
အခမဲ့ သတင်းများ -
ဝီကီကိုးကား
မှတ်သားဖွယ်ရာ စကားများ စုစည်းရာ -
ဝီကီရင်းမြစ်
အခမဲ့စာကြည့်တိုက် -
ဝီကီဗာစတီ
အခမဲ့ ပညာသင်စာနှင့် ဖတ်စာများ -
ဝီကီခရီးသွား
အခမဲ့ ခရီးသွားလမ်းညွှန် -
ဝစ်ရှင်နရီ
အဘိဓာန်နှင့် ဝေါဟာရအဖွင့်ကျမ်း
နောက်ထပ် မုခ်ဝများ
မုခ်ဝများကို အသုံးပြု၍ ဝီကီပီးဒီးယားကို လေ့လာပါ
-
လက်ရှိဖြစ်ရပ်များ မုခ်ဝ
-
လူ့အဖွဲ့အစည်း မုခ်ဝ