From Wikipedia, the free encyclopedia
မုန့်လင်မယားမုန့်သည် မြန်မာ့ရိုးရာမုန့် တစ်မျိုးဖြစ်သည်။ မော်လမြိုင်ဘက်တွင် မုန့်အုပ်ကလေး ဟုခေါ်သည်။
ဆန်မှုန့်ညက်၊ ရေ၊ ချင်း၊ ကြက်သွန်မြိတ်၊ စားတော်ပဲပြုတ်၊ ငုံးဥ၊ ဆား၊ သကြား၊ ဟင်းခတ်မှုန့်အနည်းငယ်၊ ဆီတို့ ဖြစ်သည်။
ဆန်မှုန့် လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးထည့်လျှင် ရေလက်ဖက်ရည်ပန်းကန်လုံး တစ်လုံးခွဲကနေ နှစ်လုံးထိ ထည့်ပြီး ဆန်မှုန့်များ အားလုံး ပျော်ဝင်သွားအောင် မုန့်သားအပျော့အမာ ကိုယ့်စိတ်ကြိုက်ပေါ် မူတည်၍ ဖျော်ပေးပါ။ ပြီးလျှင် ချင်းကို ခြစ်ပြီး ချင်းရည်ကို မုန့်နှစ်ရည်ထဲ ညှစ်ထည့်ပေးပါ။ ကြက်သွန်မြိတ်လေးတွေကို ရိတ်ရိတ်ပါအောင် လှီးထည့်ပေးပါ။ ဆား၊ သကြား၊ ဟင်းခတ်မှုန့် အနည်းငယ်တို့ထည့်ပြီး အားလုံးသမအောင် မွှေခေါက်ပေးထားပါ။ ငုံးဥလေးများ အသင့်ထားပေးထားပါ။ ဆီကို ပန်းကန်လုံးလေး တစ်လုံးထဲ ထည့်ပေးထားပါ။ ပြီးလျှင် ဆီစုပ်တံလေးပါ ထားပေးထားပါ။ (တချို့ကလည်း မုန့်ရည်ဖျော်တဲ့အထဲမှာ အုန်းနို့ရည်ပါထည့်ပြီး လုပ်တတ်ပါသေးသည်။)
အားလုံးအသင့်ဖြစ်ပြီဆိုလျှင် မုန့်မကပ်ရအောင်လို့ မုန့်လုပ်မယ့်အိုးကို ဆီနဲ့ အရင် သုပ်လိမ်းပေးပါ။ မုန့်အိုးပူလာပြီဆိုလျှင် မုန့်ရည်တွေကို အိုးထဲကနေ မွှေခပ်ပြီး မုန့်အိုးလေးထဲ တစ်ခွက်ချင်းဖြည့်ပေးပါ။ ပြီးလျှင် ငုံးဥ၊ ပဲပြုတ် ထည့်ပေးပါ။ မီးအပူရှိန်နှင့် အောက်က မုန့်သားကျက်လို့ ကြွတက်လာပြီဆိုရင်တော့ ဇွန်းလေးနဲ့ မုန့်တွေ ခွာယူပြီး ဟိုဘက်ကို လှန်ပေးလိုက်ပါ။ အဲ့ဒီလိုနဲ့ မုန့်တွေ ကျက်လာတဲ့အခါ မုန့်နှစ်ခုကို တစ်ခုပေါင်းပြီး အပေါ်ကနေ ထပ်ပေးလိုက်တော့ ပူပူနွေးနွေးနဲ့ အရသာရှိတဲ့ မုန့်လင်မယားလေး ရပါပြီ။ မုန့်တစ်ခါကျက်သွားပြီးတိုင်း မုန့်ခွက်လေးတွေကို ဆီလေးသုပ်လိုက်၊ ပြီးတော့ မုန့်ရည် ထပ်ဖြည့်ပြီး ဆက်လုပ်ပေးပါ။
ကြိုက်တတ်မယ်ဆိုရင်တော့ နှမ်းလှော်လေးကို ဆားလေးနည်းနည်းနဲ့ထောင်းပြီးဖြူးစားပါ။ ပိုပြီး အရသာရှိပြီး မွှေးသည်။ မြန်မာပြည်တွင် နေရာအနှံ့မှာ ဝယ်စားလို့ရသည်။
လိုအပ်တာတွေက မုန့်နှစ်အတွက် တိုကိုယာကိအမှုန့်ထုပ်၊ ကြက်ဥ၊ ရေဘဝဲ၊ ကွန်းညခု (Konyaku) (မြန်မာလို ဝဥနဲ့ ခပ်ဆင်ဆင် တုန်တုန်တုန်တုန် အတုံးလေးတွေ)၊ ဂေါ်ဖီထုပ်၊ ကြက်သွန်မြိတ်၊ အချဉ်စိမ်ထားပြီးသားအနီရောင် ချင်းလေးတွေ၊ Dashi လို့ခေါ်တဲ့ ငါးအမှုန့်တစ်မျိုး၊ ပြီးတော့ Moyonnaise၊ ပြီးတော့၊ ပြီးတော့ Takoyaki အချိုရည်၊ ရေညှိမှုန့်အထုပ်။
မုန့်ရည်အတွက် အမှုန့်ကို ရေနဲ့အရင်ဖျော်၊ ပြီးတော့ ကြက်ဥခေါက်ထည့်ရပါမယ်။ မုန့်နှစ်တွေ သေချာကြေအောင် ခေါက်ပေးပါ။ ရေဘဝဲကို သန့်စင်အောင်ဆေးပြီး ပြုတ်၊ ပြီးတော့ မထူမပါးလေးတွေ လှီးပါ။ ကွန်းညခုကိုလည်း ခပ်သေးသေး အတုံးလေးတွေဖြစ်အောင် တုံးပါ။ ဂေါ်ဖီထုပ်ကို ရေဆေးပြီး ပါးပါးလေးတွေဖြစ်အောင် လှီးပါ။ ကြက်သွန်မြိတ်တွေကို ရေဆေး၊ ပြီးတော့ အမြစ်လေးတွေ ပါတဲ့ဘက်ကို ညီအောင်စီပြီးတော့ သားရေကွင်းနဲ့ချည်၊ ရေခါလိုက်၊ ပြီးတော့မှ ခပ်ပါးပါးလေးတွေ လှီးထားလိုက်ပါ။ ချင်းအနီရောင်လေးတွေကို ရေစစ်ထားလိုက်ပါ။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် မုန့်လုပ်မယ့်အိုးလေးကို ပလပ်ထိုးလိုက်ပြီး အိုးပူလာတဲ့အထိစောင့်၊ အိုးပူလာပြီဆိုရင်တော့ အိုးကို ဆီလေးသုပ်၊ ပြီးတော့မှ အိုးထဲက အခွက်လေးထဲကို မုန့်နှစ်လေးတွေ လိုက်ဖြည့်ထည့်၊ ပြီးတော့မှ ရေဘဝဲထည့်၊ ကွန်းညခုထည့်၊ ဂျင်းထည့်၊ ဂေါ်ဖီထုပ်ဖတ်လေးတွေထည့်၊ ကြက်သွန်မြိတ်လေးတွေ ဖြူးပေးလိုက်ပါ။ ၂ မိနစ်လောက် တုတ်ချောင်းလေးတွေနဲ့ ဟိုဘက်လှန်ပေးလိုက်၊ ခဏလောက်နေရင် ဒီဘက်ပြန်လှန်လိုက်ပါ ကျက်သွားပြီ။
ပန်းကန်ထဲကို အဲ့ဒီမုန့်လုံးလေးကို ထည့်၊ ပြီးတော့မှ အပေါ်ကနေ Takoyaki အချိုရည်လေး ဆမ်း၊ Moyonnaise လေးဆမ်း၊ ငါး Dashi လေးထည့်၊ ပြီးတော့မှ အပေါ်ဆုံးကနေ ရေညှိမှုန့်လေးဖြူးလိုက်ရင်တော့ အဆင်သင့်စားသုံးနိုင်တဲ့ တာကိုယာကိ ပူပူမွှေးမွှေးချိုချိုလေး ရပါပြီ။ [1]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.