မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်
From Wikipedia, the free encyclopedia
IUCN Red List ၏ မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်[2][3] ( Endangered - EN )[4] ဆိုသည်မှာ အကောင်ရေ လျော့နည်းသွားသည့် အတွက်ကြောင့် လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် အမဲလိုက်စားသုံးရန် အခြေအနေများ ပြောင်းလဲသွားသည့်အတွက်ကြောင့် လည်းကောင်း မျိုးသုဉ်းရန်အတွက် စိုးရိမ်ရသည့်အခြေအနေရှိသော သတ္တဝါများကို ခေါ်ဆိုခြင်းဖြစ်သည်။ နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်းမှ ၂၀၀၆ ခုနှစ်တွင် ရရှိထားသော နမူနာများပေါ်မူတည်၍ မျိုးသုဉ်းရန် စိုးရိမ်ရသည့်အခြေအနေရှိသော သတ္တဝါ ရာခိုင်နှုန်းမှာ သက်ရှိအားလုံး၏ ၄၀ ရာခိုင်နှုန်း ရှိသည်ဟု တွက်ချက်ထားသည်။
ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း | |
---|---|
မျိုးသုဉ်းသည့် အဆင့် | |
အန္တရာယ်မြင့်မားသည့် အဆင့် | |
အန္တရာယ်နည်းပါးသည့် အဆင့် | |
အခြားသတ်မှတ်မှု အဆင့် | |
| |
ဆက်စပ်သော အကြောင်းအရာများ | |
အထက်ပါ IUCN အနီရောင်စာရင်းသတ်မှတ်ချက်နှင့် အောက်ပါ NatureServe သတ်မှတ်ချက်အား နှိုင်းယှဉ်မှု | |
နိုင်ငံအတော်များများတွင် ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအပေါ်တွင် မူတည်နေသော သတ္တဝါများကို ကာကွယ် စောင့်ရှောက်ရန် ဥပဒေများ ပြဋ္ဌာန်းထိန်းချုပ်ထားကြသည်။ ဥပမာအားဖြင့် အမဲလိုက်ခြင်းကို တားမြစ်ခြင်း၊ မြေလွတ်မြေရိုင်းချဲ့ထွင်ခြင်းကို ကန့်သတ်ထားခြင့်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေများ သတ်မှတ်ထားခြင်း တို့ ဖြစ်ကြသည်။
မျိုးသုဉ်းရန် စိုးရိမ်ရသော သတ္တဝါများထဲမှ ပန်ဒါဝက်ဝံကြီး ကဲ့သို့သော သတ္တဝါ အချို့သာလျှင် စာရင်းထဲတွင် ပါဝင်ပြီး တရားဥပဒေ ကြောင်းအရ ကာကွယ် စောင့်ရှောက်ခြင်း ခံရသည်။ အခြားသော မျိုးစိတ် အတော်များများမှာ အများပြည်သူတို့၏ သတိပြုမှု မရရှိပဲ မျိုးသုဉ်းပျောက်ကွယ်ခြင်း၊ မျိုးသုဉ်းပျောက်ကွယ်နိုင်သည့် အန္တရာယ် ရှိခြင်း စသော အခြေအနေများနှင့် ရင်ဆိုင်နေရသည်။