မြန်မာနိုင်ငံ၏ လူဦးရေ
မြန်မာနိုင်ငံ၏ လူဦးရေဆိုင်ရာအချက်အလက်များ / From Wikipedia, the free encyclopedia
၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေသည် (၅၁,၄၈၆,၂၅၃) ဦးဖြစ်သည်။ အမျိုးသား (၂၄,၈၂၄,၅၈၆)ဦး၊ အမျိုးသမီး (၂၆,၆၆၁,၆၆၇) ဦးဖြစ်သည်။ရန်ကုန်တိုင်းဒေသကြီးသည် လူဦးရေ (၇)သန်းကျော်ဖြင့် အများဆုံးနေထိုင်သောဒေသဖြစ်ကာ ကယားပြည်နယ်သည် လူဦးရေ (၂)သိန်းကျော်ဖြင့် အနည်းဆုံးဖြစ်သည်။
အစိုးရမှ အသိအမှတ်ပြုထားသော တိုင်းရင်းသားလူမျိုး (၁၃၅)မျိုးရှိကာ ၎င်းတို့ကို အုပ်စုဖွဲ့ထားသော အဓိကလူမျိုးစုကြီး (၈)စုရှိသည်။ ၎င်းတို့အနက် ဗမာလူမျိုးများသည် (၆၈)ရာခိုင်နှုန်းနေထိုင်ကြသည်။ ထို့နောက် ရှမ်းလူမျိုးများက (၉)ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံး နေထိုင်ကြသည်။ ဗုဒ္ဓဘာသာကို ကိုးကွယ်သူအများဆုံးဖြစ်ကာ ခရစ်ယန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ နတ်ကိုးကွယ်သူ၊ အခြားဘာသာကိုးကွယ်သူများနှင့် မည်သည့်ဘာသာမှ မကိုးကွယ်သူများ အစဉ်လိုက်များပြားသည်။