မြန်မာ့ လက်ဝှေ့
From Wikipedia, the free encyclopedia
မြန်မာလက်ဝှေ့၊ ရိုးရာလက်ဝှေ့ (ဝါ) ဗန်တိုလက်ဝှေ့သည် မြန်မာနိုင်ငံတွင် အစပြုထွန်းကားသော ရိုးရာအားကစားနည်း တစ်ရပ် ဖြစ်သည်။ လက်သီး၊ တံတောင်၊ ခြေထောက်၊ ဒူး၊ ဦးခေါင်း တို့အား လွတ်လပ်စွာ အသုံးပြုခွင့် ရှိပြီး မည်သည့် အကာအကွယ် ပစ္စည်းမှ အသုံးပြုခြင်း မရှိပေ။ မြန်မာလက်ဝှေ့သည် အခြားသော အရှေ့တောင်အာရှ လက်ဝှေ့ နည်းများ ဖြစ်သည့် မွေထိုင်း (ထိုင်း)၊ မွေလာအို (လာအို)၊ ခွန်ခမာ (ကမ္ဘောဒီးယား)၊ တိုမွိုင် (မလေးရှား) တို့နှင့် အုပ်စုတူ ဖြစ်သည်။