![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/6/6a/South_Korea_President_Yoon_Suk_Yeol_portrait.jpg/640px-South_Korea_President_Yoon_Suk_Yeol_portrait.jpg&w=640&q=50)
ယွန်းဆော့ယော
တောင်ကိုရီးယားနိုင်ငံ၏ ၁၃ယောက်မြောက်သမ္မတ / From Wikipedia, the free encyclopedia
ယွန်းဆော့ယော (အင်္ဂလိပ်: Yoon Suk-yeol၊ ကိုရီးယား: 윤석열 ယူန်ဆောဂ်ယောလ်)သည် ကိုရီးယားသမ္မတနိုင်ငံ၏ (၁၃)ယောက်မြောက် နိုင်ငံတော်သမ္မတ ဖြစ်သည်။[1] သူသည် စုံစမ်းရေးမှူး (အစိုးရရှေ့နေ) တစ်ဦးဖြစ်ကာ ယခင်သမ္မတ မွန်းဂျယ်အင်း လက်ထက်တွင် တောင်ကိုရီးယားနိုင်ငံ၏ (၄၃)ယောက်မြောက် စုံစမ်းရေးမှူးချုပ် (ရှေ့နေချုပ်) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ယွန်းဆော့ယော Yoon Suk-yeol | |
---|---|
윤석열 尹錫悅 | |
![]() | |
ကိုရီးယားသမ္မတနိုင်ငံ၏ ၁၃ယောက်မြောက် သမ္မတ | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁၀ မေ ၂၀၂၂ | |
ယခင်လူ | မွန်းဂျယ်အင်း |
တောင်ကိုရီးယားနိုင်ငံ၏ စုံစမ်းရေးမှူးချုပ် | |
တာဝန်သက်တမ်း ၂၅ ဇူလိုင် ၂၀၁၉ – ၄ မတ် ၂၀၂၁ | |
သမ္မတ | မွန်းဂျယ်အင်း |
ယခင်လူ | Moon Moo-il |
ဆက်ခံသူ | Cho Nam-kwan (ယာယီ) Kim Oh-soo |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | (1960-12-18) ဒီဇင်ဘာ ၁၈၊ ၁၉၆၀ (အသက် ၆၃) ဆိုးလ်မြို့၊ တောင်ကိုရီးယားနိုင်ငံ |
နိုင်ငံရေးပါတီ | ပြည်သူအာဏာပါတီ (၂၀၂၁ - လက်ရှိ) |
ကြင်ဖော်(များ) | ကင်မ်ကွန်ဟီး |
ပညာရေး | ဆိုးလ်အမျိုးသားတက္ကသိုလ် |
အလုပ်အကိုင် | နိုင်ငံရေးသမား |
ကျွမ်းကျင်မှု | ရှေ့နေ၊ စုံစမ်းရေးမှူး |
လက်မှတ် | ![]() |
သူသည် သမ္မတဟောင်း လီမြောင်ဘာ့၊ ဘတ်ဂွန်းဟဲတို့နှင့် နိုင်ငံရေးအရှုပ်တော်ပုံများကို စစ်ဆေးတရားစွဲခဲ့ရာမှ နာမည်ကျော်ကြားလာခဲ့သည်။ သူသည် စုံစမ်းရေးမှူးအနေဖြင့် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ပြီး နိုင်ငံရေးအတွေ့အကြုံ မရှိပေ။[2]၂၀၂၁ခုနှစ် မတ်လတွင် ရာထူးမှ နုတ်ထွက်ခဲ့ပြီး ဇွန်လတွင် သူ့အနေဖြင့် လာမည့် ၂၀၂၂ တောင်ကိုရီးယားနိုင်ငံ သမ္မတ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
သူသည် ဂင်ယောင်ဆမ် ပြီးနောက် ဆိုးလ်အမျိုးသားတက္ကသိုလ်မှ ဘွဲ့ရခဲ့သည့် ဒုတိယမြောက် သမ္မတဖြစ်သည်။ သူသည် အမှုစစ်အဖြစ် (၂၇)နှစ်ကြာ လုပ်ကိုင်ခဲ့သည်။ ၂၀၂၂ရွေးကောက်ပွဲတွင် ပြည်သူ့စွမ်းအားပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ၄၈.၅၆% ဖြင့် အနိုင်ရခဲ့သည်။ အဓိကပြိုင်ဘက် လီဂျယ်မြောင်အား ဝ.၇၃% အသာဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။