ရာဖယ်
၁၆ရာစု အီတလီလူမျိုး ပန်းချီနှင့် ဗိသုကာပညာရှင် / From Wikipedia, the free encyclopedia
ရာဖယ်လို ဆန်ဇီယို ဒါ ရာဘီနို[2] (အီတလီ: [raffaˈɛllo ˈsantsjo da urˈbiːno]; မတ်လ ၂၈ (သို့မဟုတ်) ဧပြီလ ၆၊ ၁၄၈၃ – ဧပြီ ၆၊ ၁၅၂၀)၊[3]၊'ရာဖယ်'(/ˈræfeɪəl/, US: /ˈræfiəl, ˌrɑːfaɪˈɛl/), ဟုလည်း ခေါ်ကြသည့် ပုဂ္ဂိုလ်သည် ဉာဏ်သစ်အရေးတော်ပုံ ခေတ်တွင် ထင်ရှားကျော်ကြားသော အီတလီ လူမျိုး ပန်းချီဆရာ နှင့် ဗိသုကာပညာရှင် တစ်ဦး ဖြစ်သည်။
ဤဆောင်းပါးကို ရက်ဖီအယ်စန္တီ နှင့် ပေါင်းစပ်ရန် အကြံပြုထားပါသည်။ (ဆွေးနွေးရန်) ၂၅ ဒီဇင်ဘာ ၂၀၁၈ ကတည်းက အဆိုပြုထားသည်။ |
ရာဖယ် | |
---|---|
ရာဖယ်ဟု ထင်မှတ်ရသည့် ပုံတူပန်းချီ[1] | |
မွေးဖွား | ရာဖယ်လို ဆန်ဇီယို ဒါ ရာဘီနို (၁၄၈၁-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၃"။-၂၈)မတ် ၂၈၊ ၁၄၈၁ သို့မဟုတ် (၁၄၈၃-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၄"။-0၆)ဧပြီ ၆၊ ၁၄၈၃ ရာဘီနို, ရာဘီနို မြို့စားပိုင်နယ် |
ကွယ်လွန် | ဧပြီ ၆၊ ၁၅၂၀(၁၅၂၀-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၄"။-0၆) (အသက် ၃၇) ရိုးမား၊ ပါပယ်လ်နယ်များ |
ကျော်ကြားမှုအရင်းခံ |
|
ထင်ရှားသည့် လုပ်ဆောင်မှု | စာရင်း |
နိုင်ငံရေး လှုပ်ရှားမှု | ဉာဏ်သစ်အရေးတော်ပုံ |
ရာဖယ်သည် အလွန်တရာ ဖန်တီးနိုင်စွမ်း ကောင်းသူဖြစ်သည်ကို သူ၏ အသက် ၃၇ နှစ်၌ ကွယ်လွန်ခဲ့သော်လည်း အလွန်တရာ ကြီးမားလှသည့် အလုပ်လုပ်ရာ နေရာကြီးကို ဦးစီးခြင်းဖြင့် ကွယ်လွန်သည့် အခါ များပြားလှသော လုပ်ငန်းများကို ချန်ထားခဲ့သည်များကို ကြည့်ရှုခြင်းဖြင့် သိရှိနိုင်သည်။ သူ၏ ဖန်တီးမှုများကို ယခုအခါ ဗာတီကန် နန်းတော် တွင် ရှိသော သူ၏ အကြီးမားဆုံး ဖန်တီးမှု ဖြစ်သည့် နံရံဆေးရေးပန်းချီ ဖြစ်သည့် ရာဖယ်ခန်း တွင် တွေ့နိုင်သည်။ သူ၏ အတောက်ပဆုံး အနုပညာသည် ဗာတီကန် စတန်ဇာ ဒယ်လာ ဆက္ကနာတူရာ တွင် ရှိသည့် အေသင်ကျောင်းတော် ပင်ဖြစ်သည်။ သူ၏ ရောမမှ အစောပိုင်းနှစ်များတွင် သူ၏ များပြားသော ဖန်တီးမှုတို့သည် သူ၏ ရေးဆွဲမှုများကို သူ၏ လုပ်ငန်းမှ သိသာလှသော အရည်အသွေး အားနည်းမှု တို့ဖြင့် ထုတ်ဝေခဲ့သည်။ သူသည် ရိုးမား၏ ပြင်ပဒေသတို့တွင် သူ၏ ပုံနှိပ်လုပ်ငန်း ဖြင့် လူသိများသော်လည်း သူ၏ ဘဝတစ်လျှောက်လုံးတွင် အလွန်ပင် ဩဇာညောင်းခဲ့သည် ဟု ဆိုနိုင်သည်။
သူကွယ်လွန်ပြီးနောက် သူ၏ တည်ငြိမ်အေးချမ်း၍ သဟဇာတဖြစ်သော အရည်အသွေးများရှိသည့် လက်ရာတို့သည် အမြင့်ဆုံး စံ အဖြစ် တစ်ဖန် သတ်မှတ်ခံရသော အခါ သူ၏ ပြိုင်ဖက် ဟု ဆိုနိုင်သည့် မိုက်ကယ်အိန်ဂျလို ၏ ဩဇာလွှမ်းမိုးမှုသည် ၁၈ ရာစု နှင့် ၁၉ ရာစု ထိတိုင်အောင် ပိုမို တိုးတက်လာခဲ့သည်။ သူ၏ သက်မွေးမှုကို ဂျော်ဂျီယို ဗာဆာရီ ၏ အဆိုအရ သုံးပိုင်းခွဲခြားနိုင်သည်။ အစောပိုင်း ယူအမ်ဘရီယာ မှ နှစ်များ ၊ ထို့နောက် ဖလောရင့် မှ အနုပညာ အစဉ်အလာတို့ကို ဆည်းပူးနေသည့် လေးနှစ်တာ (၁၅၀၄ - ၁၅၀၈) ကာလ ၊ ထို့နောက် သူ၏ ကသီတလင် နိုင်သော နောက်ဆုံး ကာလ (သို့မဟုတ်) အောင်မြင်သော ကာလ (ပုပ်ရဟန်းမင်း နှစ်ဦး နှင့် သူတို့နှင့်ပတ်သက်ရာ ပတ်သက်ကြောင်းများအတွက် ဆယ့်နှစ်နှစ်တာ အလုပ်လုပ်ပေးခဲ့ခြင်း တို့ဖြစ်သည်။ [4]