ရွှေရောင်အဝိုင်း
ရုရှားနိုင်ငံ၏ ဒေသ / From Wikipedia, the free encyclopedia
ရွှေရောင်အဝိုင်း (ရုရှား: Золотое кольцо;) ဆိုသည်မှာ ရုရှားနိုင်ငံ၏ မြို့တော် မော်စကိုမြို့၏ အရှေ့မြောက်ဘက်ရှိ ရှေးဟောင်းမြို့များကို ပြည်တွင်း၊ ပြည်ပ ခရီးသွားများ တဆက်တည်း သွားရောက်လည်ပတ်နိုင်စေရန် ရည်ရွယ်၍ထားသော ရှေးဟောင်းမြို့များကို ခရီးစဉ်တစ်ခုအဖြစ် ဆွဲထားသော အဝိုင်းဖြစ်သည်။ ဇာလျဲ့စကီးဟု ယခင်က ခေါ်ခဲ့သော ဒေသများကို ပေါင်းစပ်ထားခြင်းလည်း ဖြစ်သည်။
ထိုရှေးဟောင်းမြို့များသည် ရုရှားအော့သိုဒေါ့ ဘုရားကျောင်းတော် တည်ထောင်သောနေရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ရုရှားနိုင်ငံ သမိုင်းအတွက် အရေးပါသော အဖြစ်အပျက်များနှင့် အရေးကြီးသော အကြောင်းအရာများကို ထိန်းသိမ်းစောင့်ရှောက်ထားသော နေရာများလည်း ဖြစ်ကြသည်။ ထိုမြို့များတွင် ကရင်မလင်၊ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားရှိခိုးကျောင်းများနှင့် ဘုရားကျောင်းများ အပါအဝင် ၁၂ ရာစုမှ ၁၈ ရာစုအထိ ရုရှားလူမျိုးတို့၏ တုနှိုင်းဖွယ်ရာ ဗိသုကာလက်ရာများ တည်ရှိရာ နေရာများလည်း ဖြစ်ကြသည်။ ထိုမြို့များသည် ရုရှားနိုင်ငံ၏ ကြည့်ရှုချင်စရာ ပန်းချီကားချပ်သဖွယ်ရှုမျော်ခင်းများနှင့် ရုရှားတို့၏ နာမည်ကြီးလှသော ကြက်သွန်ဥသဏ္ဌာန် အမိုးခုံးများကိုလည်း ထင်ထင်ရှားရှား တွေ့မြင်နိုင်သော နေရာများလည်း ဖြစ်ကြသည်။