ရှာရွန်ဆာ့ဘတ်
အမေရိကန် စာရေးဆရာ / From Wikipedia, the free encyclopedia
ရှာရွန်ဆာ့ဘတ် (၁၉၅၂ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့ဖွား) သည် နယူးယောက်တိုင်း၏ ရောင်းအားအကောင်းဆုံး စာရေးဆရာနှင့် [1] အနောက်နိုင်ငံများတွင် ဗုဒ္ဓဝိပဿနာတရားပြဆရာမတစ်ဦး ဖြစ်သည်။[2][3] ၁၉၇၄ ခုနှစ်တွင် သူမသည် ဂျိုးဆက်ဂိုးစတိန်း၊ ဂျက်ကွန်ဖီးတို့နှင့်အတူ ပူးတွဲကာ ဝိပဿနာတရားအဖွဲ့ (Insight Mediation Society) ကို မက်ဆာချူးဆက်ပြည်နယ်၊ Barre (ဘာရီ) တွင် တည်ထောင်ခဲ့သည်။ သူမသည် ဝိပဿနာနှင့် မေတ္တာတရားတို့အပေါ် အလေးထားကာ အားထုတ်ခဲ့ပြီး [4] သူမသည် ဆယ်စုနှစ်သုံးခုကျော် ကမ္ဘာတစ်ဝန်း တရားအားထုတ်မှုများကို ဦးဆောင်ဆောင်ရွက်ခဲ့သည်။[5][6] ထိုတရားအားထုတ်သည့် နည်းလမ်းအားလုံးသည် ထေရဝါဒတရားတော်လာ နည်းလမ်းများ ဖြစ်ကြသည်။ သူမ၏ စာအုပ်များတွင် Lovingkindness: The Revolutionary Art of Happiness (1995), A Heart as Wide as the World (1999), Real Happiness - The Power of Meditation: A 28-Day Program (2010) စသည်တို့သည် ၂၀၁၁ ခုနှစ် နယူးယောက်တိုင်း၏ ရောင်းအားအကောင်းဆုံးစာရင်းတွင် ပါဝင်ခဲ့သည်။[7] ၂၀၁၃ ခုနှစ်တွင် Real Happiness at Work စာအုပ်ထွက်ရှိခဲ့သည်။
ရှာရွန်ဆာ့ဘတ် Sharon Salzberg | |
---|---|
ရှာရွန်ဆာ့ဘတ်၊ ၂၀၂၀ ခုနှစ် | |
မွေးဖွား | (1952-08-05) ၅ ဩဂုတ်၊ ၁၉၅၂ (အသက် ၇၁) နယူးယောက်မြို့ |
နိုင်ငံလူမျိုး | အမေရိကန် |
အလုပ်အကိုင် |
|
ဝက်ဘ်ဆိုဒ် | sharonsalzberg.com |