![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/6/63/Latin_America_%2528orthographic_projection%2529.svg/langmy-640px-Latin_America_%2528orthographic_projection%2529.svg.png&w=640&q=50)
လက်တင်အမေရိက
From Wikipedia, the free encyclopedia
လက်တင်အမေရိက (အင်္ဂလိပ်: Latin America) ဟူသည် ရိုမန်ဘာသာစကား (အဓိကအားဖြင့် စပိန်နှင့် ပေါ်တူဂီဘာသာ) ကိုပြောဆိုသည့် အမေရိကရှိ နိုင်ငံများကို ညွှန်းဆို ခေါ်ဝေါ်ခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စု တောင်ဘက်နယ်နမိတ်မှ တောင်အမေရိက တောင်ဘက် အစွန်းထိ (ကာရစ်ဘီယံဒေသ အပါအဝင်) ကျယ်ပြန့်ကာ အချုပ်အခြာအာဏာပိုင်နိုင်ငံပေါင်း ၂၀ ပါဝင်သည်။ ဧရိယာအားဖြင့် ၁၉,၁၉၇,၀၀၀ စတုရန်းကီလိုမီတာခန့် (၇,၄၁၂,၀၀၀ စတုရန်းမိုင်)[1] ကျယ်ဝန်းကာ ကမ္ဘာ့ကုန်းမြေစုစုပေါင်းဧရိယာ၏ ၁၃% ခန့်ရှိသည်။ လူဦးရေမှာ ၂၀၁၃ ခုနှစ် စာရင်းများအရ ၆၀၄ သန်းကျော်ဖြစ်သည်။ "လက်တင်အမေရိက" ဟူသည့် အသုံးအနှုန်းကို ၁၈၆၁ ခုနှစ်တွင် စတင်အသုံးပြုခဲ့သည်။ [5]
အချက်တိုများ ဧရိယာ, လူဦးရေ ...
![]() | |
ဧရိယာ | ၁၉,၁၉၇,၀၀၀ km2 (၇,၄၁၂,၀၀၀ sq mi)[1] |
---|---|
လူဦးရေ | ၆၂၆,၇၄၁,၀၀၀ (၂၀၁၅ ခန့်မှန်း)[2][မှတ်စု 2] |
လူဦးရေ သိပ်သည်းမှု | ၃၁/km2 (၈၀/sq mi) |
Demonym | Latin American |
နိုင်ငံများ | ၂၀[မှတ်စု 3] |
အမှီအခိုနယ်မြေများ | ၁၃ |
ဘာသာစကားများ | အဓိကအားဖြင့် စပိန် နှင့် ပေါ်တူဂီ အခြား: Quechua, Mayan languages, Guaraní, ပြင်သစ်, Aymara, Nahuatl, အီတလီ၊ ဂျာမန်၊ အင်္ဂလိပ်၊ ဒတ်ချ်၊ ပိုလန်၊ ယူကရိန်း၊ Welsh, Yidish, တရုတ် |
အချိန်ဇုန်များ | UTC-2 မှ UTC-8 |
အကြီးဆုံးမြို့များ | (မြို့ကြီးများ)[3][4] ၁။ ![]() ၂။ ![]() ၃။ ![]() ၄။ ![]() ၅။ ![]() ၆။ ![]() ၇။ ![]() ၈။ ![]() ၉။ ![]() ၁၀။ ![]() |
ပိတ်ရန်