မိခင်ဝမ်းတွင်းသေဆုံးသွားသောသန္ဓေသားခြောက် From Wikipedia, the free encyclopedia
လူခြောက်ဆိုသည်မှာ သန္ဓေသားက မိခင် ဝမ်းတွင်းမှာပင် သေဆုံးသွားခြင်းဖြစ်သည်။ ကိုယ်ဝန်ပတ်၂၀ကျော်မှ မမွေးမချင်း မိခင်၏ ဝမ်းထဲတွင် သေဆုံးသွားသမျှ အကုန်လုံးကိုလူခြေက်ဟုခေါ်ကြသည်။
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
ယခင်က ကိုယ်ဝန်ဆောင်သည်များမှာ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ကောင်းကောင်း မရကြသဖြင့် မိခင်ဗိုက်ထဲမှာတင် သေဆုံးသွားသည့်ကလေးများ များပြားကြသည်။ထိုါကြောင့် လူခြောက်လေးများလည်း များပြားသည်။ယခုနောက်ပိုင်းတွင် ကိုယ်ဝန်စောစောအပ်ကြသည့် မိခင်များ များပြားလာကြသဖြင့် ယခုကဲ့သို့ သေဆုံးခြင်းတွေ နည်းသွားသည်။ထို့ကြောင့် လူခြောက်လေးများလည်း အတွေ့ရနည်းသွားသည်။သို့သော်ရှိတော့ရှိနေသေးသည်။
ဗိုက်ထဲမှ သန္ဓေသား သေဆုံးသွားသောအခါ ပြင်ပမှလူများသေဆုံးသလို ပုပ်သွားတတ်သည်။၎င်းပုပ်ခြင်းက အချိန်နှင့်အမျှ အဆင့်ဆင့် ဖြစ်ပေါ်နေသည်။
ပုပ်ခြင်းအဆင့် ၀ သေဆုံးပြီးကြာချိန်- ၈နာရီ လက္ခဏာများ- အရေပြားများနီပြီး အပူလောင်တာနှင့် ဆင်တူပါသည်။
ပုပ်ခြင်းအဆင့် ၁ သေဆုံးပြီးကြာချိန်-၈နာရီ လက္ခဏာများ-အရေပြားများ အဖက်လန်လာပါသည်။
ပုပ်ခြင်းအဆင့် ၂ သေဆုံးပြီးကြာချိန်- ၂-၇ရက် လက္ခဏာများ –အဖက်လန်ခြင်းများ ပိုသိသာလာပါသည်။
ပုပ်ခြင်းအဆင့် ၃ သေဆုံးပြီးကြာချိန်-၈ရက် လက္ခဏာများ –အသည်းက ဝါနေပါပြီ။
မိခင်များက ကလေးဗိုက်ထဲတွင် သေဆုံးသွားခြင်းကို ချက်ချင်းသိနိုင်ရန်ခဲယဉ်းသည်။ ၁ပတ်ခန့်ကြာမှ သိသဖြင့်မွေးထုတ်လိုက်ရပြီဆိုလျှင် လူခြောက်လေးဖြစ်နေပါပြီ။
ယခုကဲ့သို့အကြောင်းအရင်းများ ရှိသော်လည်း ဗိုက်ထဲမှာတင် သေဆုံးသွားသည် ကလေး၃ယောက်တွင် ၁ယောက်က အကြောင်းအရင်းမရှိဘဲ ဆုံးသွားတာဘဲ ဖြစ်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.