လူဦးရေ သိပ်သည်းမှုအလိုက် နိုင်ငံနှင့် နယ်မြေဒေသများ စာရင်း
ဝီကီပီးဒီးယားမှစာရင်းဆောင်းပါး / From Wikipedia, the free encyclopedia
ဤသည်မှာ လူဦးရေ သိပ်သည်းမှုအလိုက် နိုင်ငံများနှင့် အမှီအခိုနယ်မြေဒေသများ စာရင်းဖြစ်ပြီး လူဦးရေသိပ်သည်းမှုကို တစ် စတုရန်းကီလိုမီတာအလိုက် နေထိုင်သော လူဦးရေအရေအတွက်ဖြင့် တိုင်းတာမှုကို ပြုလုပ်ထားသည်။
အချို့သော အချုပ်အခြာ အာဏာပိုင်နိုင်ငံများနှင့် ကိုယ်ပိုင်အစိုးရဖြင့် လွတ်လပ်သော နယ်မြေများကို ISO စံညွှန်း ISO 3166-1 အရ ထည့်သွင်းပြုစုထားသည်။ ထို့အပြင် ISO 3166-1 တွင် မပါဝင်သည့် အချို့သော တစ်စိတ်တစ်ပိုင်းအသိအမှတ်ပြုနယ်မြေများလည်း ပါဝင်သည်။ ဇယားရှိ ဧရိယာများတွင် ကုန်းတွင်းရေထု(ကန်၊ မြစ်၊ ရေသိုလှောင်ရာနေရာ)တို့ပါ ပါဝင်သည်။
ဤဆောင်းပါး၌ အနောက်ဆုံးကောက်ယူထားသော သန်းခေါင်စာရင်းနှင့် တရားဝင်းခန့်မှန်းစာရင်းတို့တွင် အဓိကအခြေပြုထားသည်။ နိုင်ငံအလိုက် အချက်အလက်များကို အချိန်နှင့်တပြေးညီ ဖော်ပြနိုင်ခြင်းမရှိပဲ United Nations Department of Economic and Social Affairs ၏ လူဦးရေဌာနကြီး(Population Division)၏ online projections တွင် အခြေပြုထားသည်။[1]