![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/6/6b/Electric_Car_recharging.jpg/640px-Electric_Car_recharging.jpg&w=640&q=50)
လျှပ်စစ်စွမ်းအင်သုံး ယာဉ်များ
တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော လျှပ်စစ်မော်တာများဖြင့် မောင်းနှင်ရသောယာဉ်။ / From Wikipedia, the free encyclopedia
လျှပ်စစ်စွမ်းအင်သုံးယာဉ်တစ်စီးဆိုသည်မှာ လျှပ်စစ်ဓာတ်အားအသုံးပြု၍ ရွေ့လျားနိုင်သော စက်ယန္တရားများကို ခေါ်ဆိုသည်။ ၎င်း၏ ဘီးများအား လျှပ်စစ်ဓာတ်အားသုံးမော်တာများဖြင့် ရွေ့လျားစေ၏။ လျှပ်စစ်စွမ်းအင်သုံးယာဉ်များအား သည် မြင်း သို့မဟုတ် လူ့စွမ်းအင်အား အသုံးမပြုသည့် ယာဉ်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။ လျှပ်စစ်စွမ်းအင်သုံး ကားများနှင့် ရထားများကို ၁၈၃၀ခုနှစ်များအတွင်းက တီထွင်အသုံးပြုခဲ့ကြပြီး ၁၉၀၀ခုနှစ်များအတွင်းတွင် လျှပ်စစ်ကားများက ဓာတ်ဆီအသုံးပြုသည့်ကားများထက် ပိုမိုပေါ်များခဲ့၏။ သို့သော် ဒီဇယ် သို့မဟုတ် ဓာတ်ဆီအသုံးပြုသည့် ကားများသည်ကား လွန်ခဲ့သည့် နှစ်တစ်ရာအတွင်း မှစ၍ လူသုံးများလာခဲ့လေသည်။ လျှပ်စစ်စွမ်းအင်သုံးယာဉ်များအား အသုံးပြုခဲ့သည်မှာကာလ ကြာရှည်ခဲ့ပြီးဖြစ်သည်။ သာဓကအားဖြင့် အဆောက်အဦများအတွင်းတွင် လေးလံသော်ပစ္စည်းများမသည့် Forklift များ၊ ဂေါက်ကွင်းတွင်ပစ္စည်းသယ်သည့် ယာဉ်များ၊ အိပ်သည်ယာဉ်များ သို့ လေယာဉ်ကွင်းတွင် လေယာဉ်အနီးအနားတွင်အသုံးပြုသည့် ကူဖော်လောင်ဖက် ယာဉ်များစသည်တို့ ဖြစ်ကြသည်။ ၂၁ရာစု အစောပိုင်းတွင် ကမ္ဘာကြီး ညစ်ညမ်းလာမှုအား လျှော့ချနိုင်ရေးနှင့် စွမ်းအင်ချွေတာရေး အတွက် လျှပ်စစ်စွမ်းအင်နှင့် ဟိုင်ဘတ်ယာဉ်များအား ပိုမိုအသုံးပြုလာကြလေသည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/6/6b/Electric_Car_recharging.jpg/640px-Electric_Car_recharging.jpg)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/3/3a/Roadster_2.5_windmills_trimmed.jpg/640px-Roadster_2.5_windmills_trimmed.jpg)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/9/95/Rural_carrier_in_automobile_at_mailboxes%2C_c.1910.jpg/640px-Rural_carrier_in_automobile_at_mailboxes%2C_c.1910.jpg)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/1/19/Metra_Electric_train.jpg/640px-Metra_Electric_train.jpg)