ဝမ်းဂယ်လီဖေ့
From Wikipedia, the free encyclopedia
ဝမ်းဂယ်လီဖေ့ သည် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ ဂယ်လီဖေ့ဂရင်းအနီးတွင် ဘက်စုံပါဝင်သည့် အဆောက်အဦတစ်ခု ဖြစ်သည်။ သီရိလင်္ကာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတာနှင့် ထိန်းသိမ်းပူးပေါင်းဆောင်ရွက်ထားသည့် စီမံကိန်းဖြစ်သည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့သည်။[4] မိုးမျှော်တိုက်လေးခုပါဝင်ကာ ထိုအထဲမှ တစ်ခုသည် စီးပွားရေးလုပ်ငန်းများအတွက် ရုံးခန်းများ ပါဝင်မည် ဖြစ်ပြီး နှစ်ခုသည် လူနေတိုက်ခန်းများ ပါဝင်မည်ဖြစ်သည်။[5] လေးခုမြောက်တစ်ခုကိုမူ ဟိုတယ်တစ်ခုအဖြစ် ဆောင်ရွက်မည် ဖြစ်သည်။ စီမံကိန်းတွင် ရှော့ပင်းမောတစ်ခုလည်း ပါဝင်မည်ဖြစ်သည်။ စီမံကိန်းတစ်ခုလုံး၏ ပရဝုဏ်နေရာကို ရှန်ဂရီလာမှ ပိုင်ဆိုင်သည်။
One Galle Face | |
---|---|
အထွေထွေ အချက်အလက်များ | |
အမျိုးအစား | Mixed-use |
တည်နေရာ | 1 Galle Road, Colombo 02, Sri Lanka |
ကိုဩဒိနိတ် | 06°55′40″N 79°50′41″E |
ပြီးစီး | 2017-2019 |
ဖွင့်လှစ် | 8 November 2019 |
ကုန်ကျငွေ | US$၆၀၈ million[1] |
ပိုင်ဆိုင်သူ | Shangri-La (90%)[2] |
အမြင့် | |
အပေါ်ဆုံးအထပ် | 51 |
အသေးစိတ် အချက်အလက်များ | |
အထပ် အရေအတွက် | 51 (two apartment towers) 3,733 (residential) 33 (58,166 Office space) (office tower) 31 (hotel) 7 (mall) (74,746 Commercial spaces) [2] |
ကြမ်းခင်း ဧရိယာ | ၄၉၀,၀၀၀ sq ft (၄၆,၀၀၀ m2)[1] |
ဒီဇိုင်းနှင့် တည်ဆောက်မှု | |
ဗိသုကာပညာရှင် | Chao Tse Ann & Partners (hotel) Handel Architects (hotel) LRF Designers (hotel; interior) DP Architects (residences, retail, offices) Mapsdesign (residences; design) BTR (HK) (residences, offices; interior) DDG (retail; interior) MICD Associates (all) Bensley Design Studios (all; landscape) |
ဖွံ့ဖြိုးအောင် ဆောင်ရွက်သူ | Shangri-La Group - Asia |
အဓိက ကန်ထရိုက်တာ | Woh Hup International (phase 1) China Harbour Engineering (phase 2 & 3) |
ဝဘ်ဆိုဒ် | |
https://www.onegalleface.com/ | |
[3] |
အမြွှာတာဝါနှစ်ခု ပါဝင်သည့် လူနေအဆောက်အဦသည် နိုင်ငံရှိ စတုတ္ထမြောက်အမြင့်ဆုံးအဆောက်အဦ ဖြစ်လာမည် ဖြစ်သည်။ အမြင့်မှာ ၁၉၄ မီတာ (၆၃၆ ပေ) ရှိသည်။ တာဝါတစ်ခုချင်းစီတွင် အထပ် ၅၁ ထပ် ရှိကာ အခန်းတစ်ခုချင်းစီတွင် အိပ်ခန်း ၂,၃,၄ ခန်း စသဖြင့် ပါဝင်မည် ဖြစ်သည်။ အခန်းများသည် ၁၇၃၃ စတုရန်းပေ (၁၆၁.၀ စတုရန်းမီတာ)၊ ၂၇၄၅ စတုရန်းပေ (၂၅၅.၀ စတုရန်းမီတာ)၊ ၃၅၄၁ စတုရန်းပေ (၃၂၉.၀ စတုရန်းမီတာ) အသီးသီးရှိကြသည်။ ထို့အပြင် ခေါင်မိုးပေါ်၌ အနားယူရန်တဲများ ၁၆ ခု ပါဝင်သည်။ ရှန်ဂရီလာဟိုတယ်၊ ကိုလံဘိုကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်နေ့တွင် စီမံကိန်း၏ အဆောက်အဦလေးခုထဲမှ တစ်ခုအနေဖြင့် ဖွင့်လှစ်ခဲ့သည်။ ထိုဟိုတယ်တွင် အခန်း ၅၀၀နှင့် ဝန်ဆောင်မှုအခန်း ၄၁ ခန်း ပါဝင်သည်။[6][7]