![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/a/a6/Periodic_table%252C_good_SVG.svg/langmy-640px-Periodic_table%252C_good_SVG.svg.png&w=640&q=50)
သမ္ဘာရ ဒြပ်စင်
ကမ္ဘာပေါ်တွင် သဘာဝအတိုင်းမတွေ့ရှိနိုင်ပဲ လူတို့ဖန်တီးထားသော ဓာတုဒြပ်စင် / From Wikipedia, the free encyclopedia
သမ္ဘာရဒြပ်စင် သို့မဟုတ် လူတို့ပြုလုပ်သော ဒြပ်စင် (Synthetic element) ဆိုသည်မှာ လူတို့ပြုလုပ်သော သို့မဟုတ် ဒြပ်ပေါင်းများမှ ပေါ်ထွက်လာသော ဒြပ်စင်တစ်မျိုးဖြစ်ပြီး သဘာဝတွင်တွေ့ရှိရန် မဖြစ်နိုင်ပါ။ သမ္ဘာရ ဒြပ်စင်များသည် ကမ္ဘာမြေပေါ်တွင် သဘာဝအတိုင်းမဖြစ်ပေါ်မတွေ့ရှိနိုင်ဘဲ နျူးကလီးယား ရီအက်တာတစ်အခုအတွင်း၌ အခြေခံအမှုန်များအား လူသားတို့ကျွမ်းကျင်စွာကိုင်တွယ်ခြယ်လှယ်ခြင်းမှ သို့တည်းမဟုတ် အဏုမြူဗုံးတစ်လုံး ပေါက်ကွဲမှုများမှ ဖြစ်ပေါ်လာသည့် ဓာတုဗေဒဒြပ်စင် ၂၄ ခုအတွင်းမှ တစ်ခုဖြစ်သည်။ ထို့ကြောင့် ယင်းဒြပ်စင်အား "Synthetic" "Artificial" or "Man mande" "လူတို့ ပြုလုပ်သော" ဒြပ်စင်ဟု ခေါ်ဆိုကြသည်။ သမ္ဘာရဒြပ်စင်များသည် အက်တမ်အမှတ်စဉ် ၉၅-၁၁၈ ရှိသည့် ဒြပ်စင်များဖြစ်ပြီး ဘေးရှိ ဒြပ်စင်အလှည့်ကျဇယားအတွင်တွင် ခရမ်းရောင်ဖြင့်ဖော်ပြပေးထားပြီး ၎င်းဒြပ်စင် ၂၄ ခုအား ၁၉၄၄ -၂၀၁၀ အတွင်း ပထမအကြိမ်အဖြစ် ဖန်တီးခဲ့ကြသည်။ အက်တမ်အမှတ်စဉ် ၉၅အောက်ရှိသော ဒြပ်စင်တစ်ခု၏ နျူးကလိယက်အပေါ်ရှိ အဖိုမှုန်(ပရိုတွန်)အား အဓမ္မထပ်မံပေါင်းထည့်ခြင်း နည်းဖြင့် သမ္ဘာရဒြပ်စင်တစ်ခုဖြစ်အောင် ပြုလုပ်နိုင်သည်။ သမ္ဘာရဒြပ်စင်အားလုံးသည် မတည်ငြိမ်သော်လည်း ပျက်စီးယိုးယွင်းချိန် ကွဲပြားမှုနှုန်းသည်ကား ကျယ်ပြောများပြားလွန်းလှသည်။ ယင်းတို့၏ သက်တမ်းဝက်များမှ နှစ်သန်းပေါင်း ၁၅.၆ သန်းခန့်မှသည် မိုက်ခရိုစက္ကန့် ရာဂဏန်းခန့်အတွင်းရှိသည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/a/a6/Periodic_table%2C_good_SVG.svg/640px-Periodic_table%2C_good_SVG.svg.png)
အခြား ဒြပ်စင် ခုနှစ်ခုအား အတုအပပြုလုပ်ဖန်တီးခဲ့ပြီး အစပိုင်းတွင် သမ္ဘာရဒြပ်စင်အဖြစ်သတ်မှတ်ခဲ့ပြီးဖြစ်သော်လည်း သဘာဝတွင်တည်ရှိနေမှုအား သဲလွန်စရနိုင်သည့် ပမာဏခန့်စွာရှာဖွေတွေ့ရှိခဲ့သည်။ ကနဦးတွင် တက်နန်တီယမ်အား ၁၉၃၇ ခုနှစ်တွင် ဖန်တီးခဲ့ကြသည်။ ၁၉၄၀ခုနှစ်တွင် ယင်းဒြပ်စင်ကဲ့သို့ဖြစ်သည့် အက်တမ်အမှတ်၉၄ရှိသော ပလူတိုနီယမ်အား ဖန်တီးခဲ့ပြန်သည်။ ၎င်းဒြပ်စင်သည် သဘာဝတွင် ဖြစ်သော ပရိုတွန်အရေအတွက်အများဆုံး(အက်တမ်အမှတ်နှင့်ညီမျှပြီး) ရှိသည့် ဒြပ်စင်တစ်မျိုးဖြစ်သည်။ သိုသော် ယင်း၏ အနည်းငယ်မျှသော်ပမာဏက ပြုလုပ်ဖန်တီးရန်ပို၍လက်တွေ့ကျသည်။ ပလူတိုနီယမ်ကိုအနုမြူဗုံးနှင့်နျူကလီးယားဓာတ်ပေါင်းဖိုများတွင်အသုံးပြုခြင်းကြောင့်အလွန်လူသိများသည်။ အက်တမ်အမှတ် ၉၉အထက်ရှိသော မည်သည့်ဒြပ်စင်များကိုမျှ သိပ္ပံစမ်းသပ်မှုမှလွှဲ၍ အပြင်လောကတွင် အသုံးမပြုနိုင်သေးချေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ အလွန်တိုတောင်းလွန်းသော သက်တမ်းဝက်များက ပမာဏမြောက်မြားစွာထုတ်လုပ်ရန်မဖြစ်နိုင်သောကြောင့်ဖြစ်သည်။