ဂရိဒဏ္ဍာရီနှင့် ရောမဒဏ္ဍာရီ တို့၌ ဟက်တာ (အင်္ဂလိပ်: Hector; Ἕκτωρ, Hektōr, ဟက်တော) သည် ထရိုဂျန်မင်းသားတစ်ပါးဖြစ်၍ ထရိုဂျန်စစ်ပွဲတွင် ထရွိုင်မြို့အတွက် အကြီးကျယ်ဆုံး တိုက်ခိုက်ခဲ့သူတစ်ဦးလည်းဖြစ်သည်။ ထရွိုင်မြို့ကို ခုခံကာကွယ်ရာတွင် ထရိုဂျန်သားများနှင့် မဟာမိတ်တပ်များအတွက် ခေါင်းဆောင်ဖြစ်ကာ ဂရိဘက်မှ တပ်သား (၃၁,၀၀၀) ကိုသတ်ဖြတ်နိုင်ခဲ့သည်။ နောက်ဆုံး၌ ဟက်တာသည် အာခိလိဇ်၏ သတ်ခြင်းခံခဲ့ရသည်။