ဆာ ဟင်နရီ အားဗင်း (အင်္ဂလိပ်: Henry Irving) ကို 'ဂျေ အေးချ် အားဗင်း' ဟူ၍လည်း သိရှိကြ၍ အင်္ဂလိပ် ပြဇာတ်မင်းသား၊ ပြဇာတ်မန်နေဂျာတစ်ဦးဖြစ်သည်။ အမည်ရင်းမှာ ဂျွန် ဟင်နရီ ဘရော့ဒရစ် ဖြစ်၍ ၁၈၃၈ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဆမ္မားဆက်နယ်၊ ကေးတန် မန်ဒဗစ်လ်ရွာ၌ ဖွားမြင်သည်။
သူ့ဖခင်ကား ဈေးဆိုင်ငယ်တည်ခင်းရောင်းချသူ ဖြစ်သည်။ အားဗင်းသည် ငယ်စဉ် ကတည်းက အကအခုန် ဝါသနာပါသူဖြစ်၍ တစ်နေ့နေ့တွင် ကမ္ဘာကျော် ဇာတ်မင်းသားတစ်ဦး ဖြစ်ရ မည်ဟု စိတ်၌စွဲမြဲစွာ ယုံကြည်ခဲ့လေသည်။ စာရေးအလုပ်ကို လုပ်နေယင်း အားလပ်ချိန်၌ ပြဇာတ် စာအုပ်များကို ဖတ်ရှုလေ့လာ၏။ အကသင်၏။ ဓားသိုင်း အတတ်တို့ကိုလည်း သင်ကြားလေ့လာ၏။ ၁၈၅၆ ခုနှစ် စက်တင်ဘာလ၌ အသက် ၁၈ နှစ်အရွယ်တွင် အားဗင်းသည် ပထမဆုံးအကြိမ် ရစ်ရှလျူး ပြဇာတ်တွင် အော်လီယန်းမြို့စား ဂတ်စတန်အခန်းမှ ဟင်နရီ အားဗင်းဟူသောအမည်ဖြင့် ပါဝင်ကပြခဲ့လေသည်။ ထိုအခါမှ စ၍ သူသည် ထိုဟင်နရီအားဗင်းဟူသော အမည်ကို ခံယူလိုက် လေသည်။ ထိုနောက်တွင် သူသည် ဇာတ်ဖွဲ့များတွင် ပါဝင် ကပြသဖြင့် ရတ်သတ္တပတ်လျှင် ၂၅ သျှီလင်မျှ အခကြေးငွေရ လေသည်။ ထိုမျှ နည်းပါးလှသော ငွေထဲမှ မိဘများကိုထောက်ပံ့ရသေး၏။ လက်ဦးအစတွင် ဟင်နရီသည်နယ် များ၌သာ လှည့်လည်ကပြခဲ့ရသည်။ သို့သော် ၁၈၆၆ ခုနှစ်တွင် လန်ဒန်မြို့၌ ပထမဦးဆုံးအကြိမ်အဖြစ် စိန်ဂျိမ်းဇာတ်ပွဲရုံတွင် ကပြခဲ့ရလေသည်။ ထိုနောက် သူသည် ဘုရင်မဇာတ်ပွဲရုံ၊ ဟေးမားကတ်ဇာတ်ပွဲရုံ၊ ဒရူးရီးလိန်း ဇာတ်ပွဲရုံနှင့် ဂေတီ ဇာတ်ပွဲရုံများတွင်လည်း ရံဖန်ရံခါ ကပြခဲ့ရလေသည်။ သို့သော် ၁၈၇၁ ခုနှစ်ရောက်မှ သီးဗဲခေါ် ပြဇာတ်၌ ဇာတ်ဆောင် မသီးယတ်အခန်းမှ ပါဝင်ကပြရာတွင် သူ၏နာမည် ထင်ရှား လာလေသည်။ ၁၈၇၈ ခုနှစ်တွင် လိုင်စီယမ်ဇာတ်ပွဲရုံကို သူ ကိုယ်တိုင်ကြီးကြပ်အုပ်ချုပ်ခဲ့သည်။ ထိုဇာတ်ပွဲရုံ၌ နာမည်ကျော် စာရေးဆရာကြီးများ ရေးသောပြဇာတ်များကို ရုံတင်ခဲ့ရတွင် ကိုယ်တိုင်ပါဝင်၍ တွဲဘက် ကပြခဲ့လေသည်။ နာမည်ကျော် အင်္ဂလိပ်လူမျိုး စာရေးဆရာကြီး ရှိပ်စပီးယား၏ လက်ရာ များကို ပြဇာတ်ခုံပေါ်သို့တင်၍ ကပြ သဖြင့် ဟင်နရီ အားဗင်း ၏အမည်မှာ အင်္ဂလိပ်ပြဇာတ်လောကတွင် ပိုမိုထင်ပေါ်လာလေသည်။
ဟင်နရီအားဗင်းသည် အင်္ဂလန်ပြည်တွင် သဘင်ပညာနှင့်
သဘင်သည်တို့၏ အဆင့်အတန်းကို တိုးတက် ကြီးပွားစေ၍
ခေတ်မှီအောင်ပြုပြင်ပေးခဲ့သူ ဖြစ်ပေသည်။ သို့အလျောက်
၁၈၉၅ ခုနှစ်၌ ဆာဘွဲ့ချီးမြှင့် သူကောင်းပြုခြင်း ခံရလေသည်။
အားဗင်း၏ လိုင်စီယမ်ပြဇာတ်အဖွဲ့သည် အမေရိကန်ပြည်
ထောင်စုသို့ အခေါက်ခေါက်အခါခါ သွားရောက် ကပြခဲ့ဖူးလေ
သည်။ ဆာ ဟင်နရီအားဗင်းသည် ၁၉ဝ၅ ခုနှစ် အောက်တို
ဘာ ၁၃ ရက်နေ့တွင် ဗရက်ဖို့မြို့ ပြဇာတ်ကနေစဉ် ကွယ်လွန်
သည်။ ဝက်စမင်စတာဘုရား ရှိခိုးကျောင်းတွင် သူ၏ရုပ်
အလောင်းကို မြှုပ်နှံသင်္ဂြိုဟ်လေသည်။
အင်္ဂလိပ်ပြဇာတ် အဆင့်အတန်းကို မြှင့်တင်ခဲ့သဖြင့် သဘင်
သည်ထဲတွင် ပထမဆုံးဆာဘွဲ့ရသူ ဟင်နရီ အားဗင်း၏ ပုံတူ
ရုပ်ကို လန်ဒန်မြို့ ထရာဖဲလဂါစကွဲယား အနီး၌ ထုလုပ် တည်
ဆောက်ထားလေသည်။[1]
ကိုးကား
Wikiwand in your browser!
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.