ဟော့ဘစ်
ဂျေ အာ အာ တော် ကီန်း ၏ စိတ်ကူးယဉ် ဝတ္ထု / From Wikipedia, the free encyclopedia
ဟော့ဘစ် (သို့) အသွားအပြန်ခရီးစဉ် (အင်္ဂလိပ်: The Hobbit, or There and Back Again]) သည်အင်္ဂလိပ်စာရေးဆရာဂျေ အာ အာ တော်ကီးန်၏ ကလေးလူငယ်များအတွက် စိတ်ကူးယဉ်ဝတ္ထုတစ်ခုဖြစ်သည်။ ၎င်းကို ၁၉၃၇ ခုနှစ် စက်တင်ဘာ ၂၁ ရက်၌ ပုံနှိပ်ထုတ်ဝေခဲ့ရာတွင် ကာနီဂီစာပေဆု(Carnegie Medal)အတွက် ဆန်ကာတင်ရွေးချယ်ခံရခြင်းနှင့် အကောင်းဆုံးလူငယ်စိတ်ကူးယဉ်စာပေအတွက် New York Herald Tribune မှ ဆုချီးမြှင့်ခံရခြင်းစသော ဂုဏ်ပြုမှုများကျယ်ကျယ်ပြန့်ပြန့်ရရှိခဲ့သည်။ ဤဝတ္ထုသည် ယခုထိလူကြိုက်များ၍ ကလေးစာပေကဏ္ဍအတွက် ဂန္ထဝင်စာပေတစ်ခုအဖြစ်အသိအမှတ်ပြုသည်။
အမေရိက၌ ပထမဆုံးထုတ်ဝေမူ | |
စာရေးသူ | ဂျေ အာ အာ တော်ကီးန် |
---|---|
သရုပ်ဖော်သူ | ဂျေ အာ အာ တော်ကီးန် |
မျက်နှာဖုံး သရုပ်ဖော် | ဂျေ အာ အာ တော်ကီးန် |
နိုင်ငံ | ယူနိုက်တက်ကင်းဒမ်း |
ဘာသာစကား | အင်္ဂလိပ် |
အမျိုးအစား |
|
ထုတ်ဝေသူ | George Allen & Unwin (ယူကေ) |
ထုတ်ဝေသည့်ရက် | ၂၁ စက်တင်ဘာ ၁၉၃၇ |
စာမျက်နှာ | 310 (ပထမအကြိမ်) |
OCLC | 1827184 |
LC Class | PR6039.O32 H63 |
နောက်ထွက်စာအုပ် | လက်စွပ်များ၏ အရှင်သခင် |
"ဟော့ဘစ်"ကို တော်ကီးန်၏ စိတ်ကူးဖြင့်ဖန်တီးထားသောစကြဝဠာတစ်ခု၌ အခြေတည်စေခဲ့သည်။ ထို့နောက် အိမ်ခင်တွယ်သူ "ဘီလ်ဘို ဘက်ဂင်"(Bilbo Baggins)၏ စွန့်စားခန်းခရီးစဉ်ပင်ဖြစ်၏။ ထိုဟော့ဘစ်လေးသည် နဂါးကြီး စမောက်ဂ် (Smaug)စောင့်ကြပ်ထားသော ရတနာများထဲမှ ဝေစုကိုရယူနိုင်ခဲ့သည်။ ဘီလ်ဘို၏ ခရီးစဉ်တွင် ပျော်ပျော်ရွှင်ရွှင် တောရွာကျေးလက်နယ်မြေလေးမှသည် အလွန်အန္တရာယ်များသောနယ်မြေများကို သွားလာစွန့်စားရခြင်းများပါဝင်လေသည်။
ဇာတ်လမ်းကို အပိုင်းဆက်ပုံစံဖြင့် ပြောပြသည်။ အခန်းအများစု(chapter)မှာ တော်ကီးန် (စိတ်ကူးယဉ်)နယ်မြေထဲ၌ ရှိသောသတ္တဝါတစ်ကောင် (သို့) သတ္တဝါတစ်မျိုးမျိုးကို မိတ်ဆက်ပေးသည်။ ဘီလ်ဘိုသည် သူ့နဂိုသဘာဝ (ရှိုင်းယားနယ်တွင်) သမားရိုးကျသူလိုကိုယ်လိုဂုဏ်သိမ်ဂုဏ်ဒြပ်ပြောစရာမရှိ၊ ၎င်းဘဝ၏ သာယာကြည်နူးဖွယ်ကောင်းခြင်းများ၊ စွန့်စားလိုမှုအခံရှိခြင်း၊ ထူးထူးဆန်းဆန်းနေတတ်သောအမူအကျင့်များစသည်တို့ကို လက်ခံပြီး သာမန်အသိရော တင်္ခဏုပ္ပတ္တိဉာဏ်များကိုရော အသုံးချနိုင်ခြင်းဖြင့် ယခင်နှင့်မတူသော ရင့်ကျက်မှု၊ ယှဉ်ပြိုင်နိုင်မှု၊ အသိဉာဏ်တို့ရရှိလာခဲ့သည်။ ဇာတ်လမ်း၏အထွတ်အထိပ်မှာ တပ်ကြီးငါးတပ်၏ တိုက်ပွဲ (the Battle of Five Armies)ဖြစ်ကာ စာအုပ်အစောပိုင်းကမိတ်ဆက်ထားသော ဇာတ်ကောင်များ၊ သတ္တဝါများ ဤတိုက်ပွဲအတွက်ပြန်လည် ပါလာခဲ့သည်။
စစ်ရေးစစ်ရာများကို ဇာတ်လမ်းအတွက် တန်ဆာဆင်ရင်း သူရဲကောင်းတို့၏ တကိုယ်ရေအစွမ်းသတ္တိတိုးတက်လာမှု၊ ပုံစံများသည် ဤဇာတ်လမ်းဝတ္ထု၏ အဓိကအကြောင်းအရာများဖြစ်သည်။ ထိုအဓိကအချက်များက ဝေဖန်အကဲဖြတ်သူများအား တော်ကီးန်ရဲ့ ပထမကမ္ဘာစစ်အတွေ့အကြုံများကို ဇာတ်လမ်းတည်ဆောက်ရာ၌ အရေးပါသည်ဟု အမြင်ရှိစေသည်။ စာရေးသူ၏ ပညာရှင်ဆန်သော ဂျာမန်ဝေါဟာရဗေဒအသိပညာများ(Germanic philology)နှင့် ဒဏ္ဍာရီများ၊ ရိုးရာနတ်သား/သမီးပုံပြင်များကို စိတ်ပါဝင်စားမှုများက တော်ကီးန်းအပေါ်လွှမ်းမိုးနိုင်စွမ်းရှိကြသည်ဟု မှတ်သားကြသည်။
ဤစာအုပ်၏ အရေးပါပြီး ငွေရေးကြေးရေးအောင်မြင်မှု တို့က ထုတ်ဝေသူများကို အားဖြစ်စေသဖြင့် နောက်ထပ်အပိုင်းသစ် ဆက်ရေးရန်တောင်းဆိုကြသည်။ ဟော့ဘစ်အဆက် လက်စွပ်များ၏ အရှင်သခင်ဖြစ်လာမည့် စာအုပ်ကို ပြုစုပျိုးထောင်နေစဉ် ဟော့ဘစ်ဝတ္ထုကို ပြန်ပြောင်းခြေရာကောက်ကာ ထိုဝတ္ထုသစ်နှင့် ရှေ့နောက် ဇာတ်လမ်းဇာတ်ကွက်များ ကိုက်ညီစေရန်ပြုခဲ့ရလေသည်။ အနည်းငယ်ဖြစ်သော်လည်း အရေးကြီးသော အပြောင်းအလဲပြုပြင်ခြင်းများကို ဒုတိယထုတ်ဝေခြင်းတွင် ပေါင်းစပ်ထည့်သွင်းခဲ့လေသည်။ နောက်ပိုင်းထုတ်ဝေခြင်းများတွင် ဘီလ်ဘို၏ အမှတ်မထင်ကြုံတွေ့ခဲ့ရသော လောကနှင့်ပတ်သက်သည့် အယူအဆများကို အပြောင်းအလဲပြုလုပ်မှုအပါအဝင် စာသား၊စာလုံးပေါင်းအသေးအဖွဲပြင်ခြင်းများပါဝင်လာခဲ့သည်။
ဤစာအုပ် ဝယ်၍မရနိုင်သော အခြေအနေမျိုး တစ်ခေါက်မှမဖြစ်ခဲ့ပါ။ ဤဝတ္ထုဇာတ်လမ်း၏ ဆက်လက်ရှိနေသောအမွေအနှစ်များထဲ၌ မှီငြမ်းပုံဖော်ထားသော ပြဇာတ်၊ ရုပ်ရှင်၊ရေဒီယို၊ board gameများ ( ကျားကွက်ကဲ့သို့သော အပြားတစ်ခုပေါ်တင် အရာဝတ္ထုများရွှေ့၍ ကစားရသောပုံစံ)၊ဗီဒီယိုဂိမ်းများစသဖြင့် များစွာပါဝင်လေသည်။ ဤပုံဖော်တင်ဆက်မှု တချို့မှာ အရေးကြီးသောအသိအမှတ်ပြုမှုများကို ကိုယ့်ပုံစံဖြင့်ကိုရရှိထားကြပေသည်။