အင်တာနက် ပရိုတိုကောလိပ်စာ
From Wikipedia, the free encyclopedia
အင်တာနက် ပရိုတိုကော လိပ်စာ (အိုင်ပီ လိပ်စာ) (အင်္ဂလိပ်- Internet Protocol address or IP address) နံပါတ်နှင့် အညွှန်းတပ်ခြင်းဖြစ်ပြီး ကွန်ရက် တွင်း ဆုံမှတ်တို့ အကြား ဆက်သွယ်မှုအတွက် သုံးသော အင်တာနက် ပရိုတိုကော ကို အသုံး ပြု သည့် ကွန်ပျူတာကွန်ရက် တစ်ခုတွင် ပါဝင်သည့် မည်သည့် စက်ပစ္စည်းကို မဆို ပေးဆို သော နံပါတ် သတ်မှတ်ချက်တစ်ခု ဖြစ်သည်။[1][2] အိုင်ပီ လိပ်စာ တစ်ခု၏ အဓိကလုပ်ဆောင် ချက် နှစ်ခုမှာ - လက်ခံ host သို့မဟုတ် ကွန်ရက် ကြားခံဆောင်ရွက်ခြင်းကို မည်သူမည်ဝါ သတ်မှတ်ခြင်း နှင့် တည်နေရာ လိပ်စာသတ်မှတ်ခြင်း တို့ ဖြစ်သည်။ သူ၏ ပါဝင်ဆောင်ရွက်မှု အား ဤကဲ့သို့ သတ်မှတ်ဖော်ပြသည်- " အမည်နာမ တစ် ခုမှာ ကျွန်ုပ်တို့ရှာဖွေသည့်အရာကို ဖော်ပြသည်။ လိပ်စာတစ်ခုမှာ ဘယ်နေရာတွင် ရှိသည်ကို ဖော်ပြသည်။ လမ်းကြောင်းတစ်ခု မှာ မည်သို့ရောက်အောင်သွားရမည်ကိုလည်းဖော်ပြသည်" ဟု ဖြစ်သည်။
ဒီဇိုင်းရေးဆွဲသူများမှ TCP/IP ဆိုသည်မှာ 32 bit နံပါတ်များရှိသည့် အိုင်ပီ လိပ်စာ ဖြစ် ပြီးထိုစနစ်သည် ယခုလက်ရှိအထိ အသုံးပြုနေသော အင်တာနက် ပရိုတိုကော ပုံစံကွဲ ၄ (IPv4) ဖြစ်သည်။ သို့သော် လည်း အင်တာနက် သည် အလွန် တိုးတက်လာသည် နှင့် ရရှိ နိုင်သော လိပ်စာများမှာ ကုန်ဆုံး ကုန်ပြီဖြစ်ရာ လိပ်စာများအတွက် 128bit ကို အသုံးပြု ထားသော လိပ်စာအမည် ပေးမှု စနစ်အသစ် အင်တာနက် ပရိုတိုကော ပုံစံကွဲ ၆ (IPv6) ကို ၁၉၉၅ မှ စတင် အသုံး ပြုခဲ့ကြပြီး RFC 2460 မှ ၁၉၉၈ တွင် စံနှုန်းထား သတ်မှတ်ခဲ့သည်၊ယခုအခါတွင် ကမ္ဘာလုံးဆိုင်ရာ ထိထိရောက်ရောက် ဖြန့်ကျက်အသုံးပြုလာပြီ ဖြစ်သည်။
အင်တာနက် လိပ်စာများမှာ အခြေခံ ဘိုင်နရီ နံပါတ်များ အဖြစ် သိမ်းဆည်းထားနိုင် သော်လည်း၊ ၎င်းတို့ မှာ လူအများ-ဖတ်နိုင်လွယ်သော စာသားများအဖြစ် ဖော်ပြထားလေ့ ရှိသည်။ ဥပမာ - 172.16.254.1 (IPv4 အတွက်) နှင့် 2001:db8:0:1234: 0:567:1:1 (IPv6အတွက်) အင်တာနက် ပရိုတိုကောကို ကွန်ရက်များအကြား အချက်အလက် အစုအစည်းများ ကို သင်္ချာ နည်းနှင့်တွက်ချက်ထားသော လမ်းကြောင်းပြစနစ်ရှိ ရင်းမြစ် နှင့် လားရာစုံမှတ်တို့ တည်နေ ရာနှင့် သက်ဆိုင်သော အင်တာနက် လိပ်စာ လမ်းညွှန် ခြင်းတွင်သုံးသည်။ ထို ရည်ရွယ်ချက် အတွက် အိုင်ပီလိပ်စာအတွင်းရှိ အချို့သော bit များမှာ ကွန်ရက်ခွဲ တစ်ခု အတွက် အသုံး ပြုရန် ရေးဆွဲထားသည်။ ၎င်းဘစ်များ၏ နံပါတ်သည် (IP)အိုင်ပီ လိပ်စာများ ထပ်ပေါင်းထည့်သည့် CIDR သင်္ကေတစနစ် တွင် ညွှန်ပြထားသည်။ ဥပမာ- 208.77. 188.166/24
ပုဂ္ဂလိက ကွန်ရက်များ တိုးတက် ဖွံ့ဖြိုးလာသောကြောင့် (IPv4) လိပ်စာရရှိနိုင်မှု့များ ကုန်ဆုံးနည်းပါးလာခြင်း ခြိမ်းခြောက်မှုသည်လည်း တိုးပွားလာပြီ ဖြစ်သည်။ RFC ၁၉၁၈ မှ ပုဂ္ဂလိက ကွန်ရက် ပေါ် တွင်ရှိသော မည်သူမဆို အသုံးပြုနိုင်သည့် ပုဂ္ဂလိက လိပ်စာနေရာ အချို့ကို အုပ်စုလိုက် ဘေး ဖယ် ထုတ်ထားလိုက်သည်။ ထိုသို့သော ကွန်ရက်များ သည် ကမ္ဘာလုံးဆိုင်ရာ အင်တာနက် သို့ ချိတ်ဆက်ရန် ကွန်ရက် လိပ်စာ ပြန်ဆိုသူ မုခ်ပေါက်များ လိုအပ်သည်။ အင်တာနက်နံပါတ်များ သတ်မှတ် နေရာချထားမှု အာဏာပိုင် (IANA) အနေနှင့် (IP)အိုင်ပီ လိပ်စာ နေရာချထားရေး များ ကမ္ဘာအနှံ့အပြား ခွဲဝေသတ်မှတ်ခြင်းနှင့် ဒေသတွင်း အင်တာနက် မှတ်ပုံတင်ရုံး (RIRs) ငါးခုနှင့်လည်း ပူးပေါင်း ဆောင်ရွက်ပြီး ဒေသန္တရ အင်တာနက် မှတ်ပုံတင်ရုံးများ (အင်တာနက် ဝန်ဆောင်မှုပေးသူများ-ISP) မှ ပိတ်ဆို့ ထားသော အင်တာနက်လိပ်စာများ နှင့် အခြားတည်ရှိသောနေရာများကို ခွဲဝေသတ်မှတ်ရန် ဆောင်ရွက်သည်။