တိုင်းပြည်သို့မဟုတ်နေရာကိုအုပ်ချုပ်သည့်စနစ် From Wikipedia, the free encyclopedia
အစိုးရ ဆိုသည်မှာ တိုင်းပြည်တစ်ခု၏ အချုပ်အခြာအာဏာ အလုံးစုံ ကိုသော်လည်းကောင်း၊ အလုံးစုံ မဟုတ်ပဲ အုပ်ချုပ်ရေး အာဏာ တစ်ခုတည်းကို သော်လည်းကောင်း ကိုင်တွယ် အုပ်ချုပ်ရသည့် လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက် (သို့) အဖွဲ့အစည်း တစ်ရပ် ကိုဆိုလိုသည်။
အစိုးရ တစ်ရပ်အဖြစ် သတ်မှတ်နိုင်ရန်အတွက် အောက်ပါ အချက်များနှင့် ကိုက်ညီရန် လိုအပ်သည်။
တိုင်းပြည် တစ်ခုကို အုပ်ချုပ်သည့် အစိုးရ ကို သတ်မှတ်ရာတွင် ဥပဒေ ပညာရှင်များက အာဏာ လက်ခံ အစိုးရ (ဒီဂျူရီ / de jure) နှင့် အာဏာ လက်ကိုင်အစိုးရ (ဒီဖက်တို / de facto) ဟူ၍နှစ်မျိုး သတ်မှတ်ကြသည်။
တိုင်းပြည် အာဏာကို ပြည်သူတို့၏ ရွေးကောက် တင်မြှောက်ခြင်း ခံရသည်မဟုတ်ပဲ (သို့) အာဏာကို ပြည်သူတို့က အပ်နှင်းသည် မဟုတ်ပဲ အာဏာသိမ်းခြင်း (သို့) အကြောင်း အမျိုးမျိုးဖြင့် အာဏာကို ရယူထားသည့် အစိုးရမျိုးကို ဆိုလိုသည်။ ထိုအစိုးရမျိုးသည် အစိုးရအဖြစ် အသိအမှတ်ပြုနိုင်သည့် သတ်မှတ်ချက် ၄ ချက်တွင် ပြည်သူတို့က ရွေးကောက်တင်မြှောက်ထားခြင်း ဟူသည့် အချက်မှ လွှဲကာ ကျန်အချက်များနှင့် ပြည့်စုံသည့်အတွက် အစိုးရ အဖြစ် လက်ခံ သတ်မှတ်ကြသည်။
တိုင်းပြည် အာဏာကို ပြည်သူတို့က တရားဥပဒေ နည်းလမ်းကျ ရွေးကောက်တင် မြှောက်ခြင်းခံရသည့် အစိုးရ ဖြစ်သည်။ တစ်နည်းဆိုလျှင် အာဏာကို ပြည်သူတို့ က အပ်နှင်းခြင်းကို လက်ခံထားသည့် အစိုးရဖြစ်သည်။ ထိုအစိုးရမျိုးသည် အသိအမှတ်ပြု ရမည့်အချက်အားလုံး (၄ ချက်လုံး) နှင့် ကိုက်ညီသည့်အတွက် အစိုးရ အဖြစ်လက်ခံ သတ်မှတ်ကြသည်။
အစိုးရ တစ်ရပ်ဖြစ်လာသည်နှင့် အတူ တိုင်းပြည်၏ အချုပ်အခြာအာဏာ ကို ကိုင်တွယ်ကာ တိုင်းပြည်နှင့် ပြည်သူတို့၏ အကျိုးကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ (ဖွဲ့စည်းပုံ အခြေခံ ဥပဒေရှိလျှင်) ထိန်းသိမ်း ဖော်ဆောင်ရန်၊တိုင်းပြည်၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းရန်၊ပြည်သူတို့၏ ငြိမ်းချမ်းမှုကိုဖော်ဆောင်ရန်၊မိမိနိုင်ငံကို ကာကွယ်ရန် တာဝန်ရှိပေသည်။
အစိုးရဖြစ်သည့် လူပုဂ္ဂိုလ်သော် လည်းကောင်း၊ အဖွဲ့အစည်းသော် လည်းကောင်း တိုင်းပြည် အာဏာကို ကိုင်တွယ် ကျင့်သုံးပြီး အုပ်ချုပ်ရန်အတွက် အစိုးရအဖွဲ့ (ကတ်ဘိနက်) ကိုဖွဲ့စည်းကာ သတ်ဆိုင်ရာ ဝန်ကြီးဌာနများတွင် အကြီးအကဲ ဝန်ကြီးများကို ရွေးချယ် ခန့်အပ်မြဲဖြစ်သည်။ ထိုဝန်ကြီးများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ လွှတ်တော်ဖွဲ့ စည်းထားလျှင် လွှတ်တော်မှ အတည်ပြု ပေးရန် လိုအပ်သည်။ သက်ဆိုင်ရာ ဝန်ကြီးများသည် မိမိတို့၏ ဝန်ကြီးဌာန များတွင် အကြီးအကဲ အဖြစ် တာဝန်ယူကာ လုပ်ငန်းများကို ဆောင်ရွက်ရသည်။ သမ္မတစနစ် တွင် သမ္မတက တာဝန်ခံပြီး၊ ပါလီမန် ဒီမိုကရေစီ စနစ် တွင် ဝန်ကြီးချုပ်က တာဝန်ခံသည်။ ထိုသို့ ဌာနလက်ကိုင်ဝန်ကြီးများ အပါအဝင် ဌာနလက်ကိုင် မဟုတ်သည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို လည်း လိုအပ်လျှင် လိုအပ်သလို ခန့်အပ်လေ့ရှိသည်။ ပါလီမန် ဒီမိုကရေစီ စနစ် ကျင့်သုံးသည့် နိုင်ငံများတွင် ဝန်ကြီးအဖွဲ့အတွင်း လုပ်ငန်းလည်ပတ်မှုကို စီမံခန့်ခွဲရန် အတွက် အတွင်းဝန် ရာထူးဖြင့် ဝန်ကြီးတစ်ဦးကို တရားဝင် ခန့်အပ်လေ့ရှိသည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် သည် မြန်မာနိုင်ငံတွင် ပါလီမန် ဒီမိုကရေစီ ခေတ်က ဦးနု အစိုးရအဖွဲ့တွင် အတွင်းဝန် အဖြစ် ကာလအတန် ကြာထမ်းဆောင်ခဲ့ဖူးသည်။
လူမှုရေးသိပ္ပံ တွင် အစိုးရ ဟူသည့် အသုံးအနှုန်းမှာ ပေးထားသော အချိန်ကာလတစ်ခုအတွင်း (နိုင်ငံ-) ပြည်ထောင်စုနိုင်ငံ တစ်ခုကို အုပ်ချုပ်ရေး ဗျူရိုကရေစီစနစ် အရ ဖွဲ့စည်းထားသော သီးသန့် လူအသင်းအဖွဲ့ တစ်ခုနှင့် ထိုသူတို့မှ ဖွဲ့စည်းတည်ဆောက်ထားသည့် အုပ်ချုပ်ရေး အဖွဲ့အစည်းများ၏ ဆောင်ရွက်ပြုမူပုံများကို ရည်ညွှန်းပါသည်။ ဆိုလိုသည်မှာ အစိုးရဟူသည် နိုင်ငံတော်၏ စွမ်းအားများကို အသုံးချနိုင်သည့် နည်းလမ်းများ ဖြစ်သည်။ စဉ်ဆက်မပြတ် ဆက်ခံလာသော အစိုးရ အမျိုးမျိုးတို့မှ ပြည်ထောင်စု နိုင်ငံတော်တို့ ၏ တာဝန်များအား ထမ်းဆောင်လာကြသည်။ ဆက်ခံလာသော အစိုးရတစ်ခုအား နိုင်ငံရေးဆုံးဖြတ်ချက်ချရန် သီးသန့် အထူးဆောင်ရွက်သော၊ အထူးအခွင့်အရေးခံ ပုဂ္ဂိုလ်များအား လူထုတစ်ရပ်လုံးမှ ရာထူးအခြေအနေ၊ အဖွဲ့အစည်းများဖြင့် ခွဲခြား၍ ဖွဲ့စည်းထားရှိသည်။ ထိုသူတို့၏ လုပ်ငန်းဆောင်တာတို့မှာ တည်ရှိသော ဥပဒေတို့ အား အာဏာတည်စေရန်၊ ဥပဒေသစ်တို့ကို ပြဋ္ဌာန်းရန် နှင့် အကြမ်းဖက်မှုများ အပေါ်တွင် တစ်ဦးတည်းချုပ်ကိုင်မှုဖြင့် ပဋိပက္ခ များကို ကြားဝင်စေ့စပ်ပေးရန် ဖြစ်သည်။ အချို ့ သော လူ့အဖွဲ့အစည်းများတွင် ထိုအုပ်စုမှာ ကိုယ်ပိုင်ရပ်တည်သူ သို့မဟုတ် အမွေဆက်ခံသူများ ဖြစ်ကြသည်။ အခြား လူ့အဖွဲ့အစည်းများတွင် အထူးသဖြင့် ဒီမိုကရေစီနိုင်ငံများ တွင် နိုင်ငံရေးအခန်းကဏ္ဍ ရှိသေးသော်လည်း ထိုရာထူးများကို အမှန်တကယ်ဆောင်ရွက်ထမ်းဆောင်သော လူများမှာ မကြာခဏ ပြောင်းလဲလေ့ရှိသည်။
အနောက်နိုင်ငံ လူ့အဖွဲ့အစည်း အများစုတွင် အစိုးရ နှင့် နိုင်ငံတော်အကြားတွင် ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြား ရှိလှသည်။ ပြည်သူလူထုမှ လက်မခံသော ထိုအစိုးရ (ဥပမာဖြင့်ဆိုရလျှင် တာဝန်ထမ်းဆောင်ဆဲတွင် ပြန်လည် ရွေးချယ်မှုမရှိခြင်း) အနေနှင့် နိုင်ငံတော်ကိုယ်တိုင်၏ လက်မခံမှုကို ကိုယ်စားပြုခြင်းမရှိပေ (ဆိုလိုသည်မှာ ယင်းသည် အစိုးရ၏ သီးသန့် မူဘောင်ပုံသဏ္ဍန်ပင် ဖြစ်သည်)။ သို့သော်လည်း အချို့သော အကြွင်းမဲ့အာဏာရှင်စနစ် ကျင့်သုံးသော အစိုးရတို့တွင် အစိုးရစနစ် နှင့် နိုင်ငံတော်အကြားတွင် ရှင်းလင်းစွာ ခွဲခြားထားခြင်းမရှိပေ။ စင်စစ်အားဖြင့် ထိုစနစ်မျိုးရှိ ခေါင်းဆောင်များသည် အစိုးရပုံစံနှင့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်ပြီး သူတို့တစ်ကိုယ်ကောင်း အကျိုးအမြတ်အတွက် တစ်ပေါင်းတည်းဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိနှင့် အစိုးရစနစ် နှင့် နိုင်ငံတော်အကြား မကွဲပြားစေရန် မှုန်ဝါးဝါးထားကြသည်။
၁၄ ရာစု အာရပ် ပညာရှင် Ibn Khaldun (အိုင်ဘင် ခါဒန်) ကအစိုးရဟူသည်ကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် "မတရားမှုများကို အခြားသူများ ပြုလုပ်မည်ထက် မိမိကိုယ်တိုင် ပြုလုပ်မိမည်ကို ကာကွယ်မှုပြုသော အဖွဲ့အစည်း" ဟုဖွင့်ဆိုခဲ့သည်။ ဗြိတိန် အတွေးအခေါ် နှင့် မနုဿဗေဒ ပညာရှင် Ernest Gellner (အာနပ် ဂဲနာ) က Ibn Khaldun (အိုင်ဘင် ခါဒန်) ၏ ဖွင့်ဆိုချက်မှာ နိုင်ငံရေးသီအိုရီ သမိုင်းတစ်လျှောက်တွင် အကောင်းဆုံးဖြစ်ကြောင်း သုံးသပ်ဆင်ခြင်ခဲ့သည်။ Ibn Khaldun (အိုင်ဘင် ခါဒန်) အတွက်မူအစိုးရဟူသည်ထိန်းချုပ်မှုများပြုရာတွင် အနည်းဆုံးမလုပ်မဖြစ်ပြုရမည့် အရာမျိုးကိုသာ လိုအပ်သောအဆိုးတစ်ခုအနေဖြင့် ပြုသင့်သည်၊ အဘယ့်ကြောင့်ဆိုသော် ယင်းမှာ လူသားအချင်းချင်း ချုပ်ချယ်မှုပင် ဖြစ်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.