အစိုးရအဖွဲ့အကြီးအကဲ
From Wikipedia, the free encyclopedia
အစိုးရအဖွဲ့အကြီးအကဲဆိုသည်မှာ နိုင်ငံတစ်ခု၊ နယ်မြေတစ်ခု စသည်တို့၏ အုပ်ချုပ်ရေးအဖွဲ့အစည်းတွင် အမြင့်ဆုံး သို့မဟုတ် ဒုတိယအမြင့်ဆုံး ခေါင်းဆောင်ကို ယေဘူယျခေါ်ဆိုခြင်းဖြစ်သည်။ အစိုးရအဖွဲ့အကြီးအကဲသည် များသောအားဖြင့် နိုင်ငံတော်အကြီးအကဲနှင့် မတူဘဲ တာဝန်ဝတ္တရား၊ လုပ်ပိုင်ခွင့်၊ အာဏာများ ကွာခြားလေ့ရှိသည်။ သမ္မတ၊ အဓိပတိ၊ ဝန်ကြီးချုပ် စသော အစိုးရအဖွဲ့အကြီးအကဲများ၏ လုပ်ပိုင်ခွင့်သည် နိုင်ငံအလိုက်ကွဲပြားမှုရှိသည်။ အချို့သောနိုင်ငံများတွင် နိုင်ငံတော်အကြီးအကဲနှင့် အစိုးရအကြီးအကဲသည် တစ်ဦးတည်းဖြစ်ကာ အချို့နိုင်ငံများတွင် သပ်သပ်စီဖြစ်သည်။[1][2][3]
စည်းမျဉ်းခံဘုရင်စနစ်အပါအဝင် ပါလီမန်စနစ်များတွင် အစိုးရအဖွဲ့အကြီးအကဲသည် ရာထူးလက်ရှိ အမှန်တကယ်လုပ်ပိုင်ခွင့်ရှိသူဖြစ်သည်။ သမ္မတစနစ်နှင့် ဘုရင်စနစ်များကို ကျင့်သုံးသည့်နိုင်ငံများတွင် အကြီးအကဲမှာ တစ်ဦးတည်းဖြစ်သည်။