အပြာရင့်ရင့် အနမ်း
From Wikipedia, the free encyclopedia
ပြာရင့်ရင့် အနမ်း (အင်္ဂလိပ်: Dark Blue Kiss; ထိုင်း: Dark Blue Kiss – จูบสุดท้ายเพื่อนายคนเดียว, RTGS: Dark Blue Kiss – Chup Sut Thai Phuea Nai Khon Diao, lit. 'ပြာရင့်ရင့် အနမ်း – Dark Blue Kiss') သည် Tay Tawan၊ New Thitipoom၊ Pod Suphakorn၊ Gawin Caskey (Fluke) နှင့် Chayapol Jutamat (AJ) တို့ ပါဝင်သရုပ်ဆောင်ထားသည့် ၂၀၁၉ ထိုင်းဇာတ်လမ်းတွဲတစ်ပုဒ် ဖြစ်သည်။
ပြာရင့်ရင့် အနမ်း | |
---|---|
အမျိုးအစား |
|
ဖန်တီးသူ | GMMTV |
အခြေခံထားသည်မှာ | Hideko Sunshine ၏ Dark Blue Kiss รักไม่ระบุสถานะ |
ဒါရိုက်တာ | Noppharnach Chaiwimol |
သရုပ်ဆောင် |
|
အပိတ်တီးလုံး | "ไม่มีนิยาม" (Mai Mee Ni Yam) by တဝန် ဝိဟောကရတန and Thitipoom Techaapaikhun |
နိုင်ငံ | Thailand |
ဘာသာစကား | Thai |
အပိုင်းပေါင်း | 12 |
ပြသချိန် | 50 minutes |
ထုတ်လုပ်သည့် ကုမ္ပဏီ |
|
မူရင်းရုပ်သံလိုင်း |
|
မူလပြသမှု | ၁၂ အောက်တိုဘာ ၂၀၁၉ (၂၀၁၉-၁၀-၁၂) – ၂၈ ဒီဇင်ဘာ ၂၀၁၉ (၂၀၁၉-၁၂-၂၈) |
ယခင်ဇာတ်လမ်း |
|
ဆက်စပ်မှုများ |
|
GMM 25 Show Details | |
ထုတ်လုပ်မှု ဝက်ဘ်ဆိုဒ် |
ဒါရိုက်တာ အောက်ဖ် နိုပ္ဖာရနစ္ဆ ရိုက်ကူးပြီး GMMTV က ထုတ်လုပ်သော ဤ ဇာတ်ကားသည် ၂၀၁၈ခုနှစ် နိုဝင်ဘာ ၅ရက်က ကြေညာခဲ့သည့် "Wonder Th13teen" အစီအစဉ်အရ ၂၀၁၉ခုနှစ်အတွင်း GMMTV က ထုတ်လွှင့်မည့် ဇာတ်ကား ၁၃ကားတွင် တစ်ကားအပါအဝင် ဖြစ်သည်။[1][2]
၂၀၁၉ခုနှစ် အောက်တိုဘာလ ၁၂ရက်မှ စတင်ကာ GMM 25 နှင့် LINE TV တို့က အပတ်စဉ် စနေနေ့ ၂၁:၂၅ နာရီနှင့် ၂၃:၀၀ နာရီတို့တွင် အသီးသီး ထုတ်လွှင့်ပြသခဲ့ရာ ဒီဇင်ဘာလ ၂၈ရက်တွင် ဇာတ်သိမ်းသည်။[3][4][5]