အပြာရောင်ဝေလငါး
From Wikipedia, the free encyclopedia
ဝေလငါးပြာ (သို့) အပြာရောင်ဝေလငါးသည် မစ္စတစ္စီတိုင် (Mysticeti) မျိုးစဉ်၏ အောက်မျိုးစဉ်ငယ်တစ်မျိုးဖြစ်သည့် ဘေလိန်းဝေလငါးမျိုးထဲတွင် ပါဝင်သော အဏ္ဏဝါ-နို့တိုက်သတ္တဝါ မျိုးစိတ်တစ်စိတ် ဖြစ်၏။ ပျမ်းမျှကိုယ်လုံးအရှည်မှာ ၉၈ ပေ (၃၀ မီတာ) ခန့် ရှိပြီး ပျမ်းမျှအလေးချိန်မှာ တန်ချိန်ပေါင်း ၁၉၉ တန်ခန့်ပင်ရှိသည်ဟုသိရသည်။ ဝေလငါးပြာသည် လက်ရှိ တိရစ္ဆာန်များနှင့် ရှာဖွေတွေ့ရှိခဲ့သမျှ တိရစ္ဆာန်များအပါ အားလုံးသော တိရစ္ဆာန်များထဲ၌ အကြီးမားဆုံးတိရစ္ဆာန် ဖြစ်သည်။ ကိုယ်ထည် ရှည်လျားသွယ်လျပြီး ညိုပြာရောင်မွဲမွဲသန်းကာ အောက်ဘက်၌ အရောင်အနည်းငယ်ဖျော့သည်။
ဝေလငါးပြာ (သို့) အပြာရောင်ဝေလငါး | |
---|---|
အရွယ်ရောက်ပြီး ဝေလငါးပြာတစ်ကောင် | |
ပျမ်းမျှ လူသားတစ်ဦး၏အရွယ်အစားနှင့် အပြာရောင်ဝေလငါးအား နှိုင်းယှဉ်ပြထားပုံ | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Artiodactyla |
Infraorder: | Cetacea |
မျိုးရင်း: | Balaenopteridae |
မျိုးစု: | Balaenoptera |
မျိုးစိတ်: | B. musculus |
ဒွိနာမ | |
Balaenoptera musculus (လင်းနီးယပ်၊ ၁၇၅၈) | |
* B. m. brevicauda Ichihara, 1966
| |
မျိုးစိတ်ခွဲ | |
အပြာရောင်ဝေလငါးများ ကျက်စားရာ ဒေသများ (အပြာရောင်ခြယ်) |
ဝေလငါးပြာသည် အစာကို စစ်ထုတ်စားသောက်သော တိရစ္ဆာန် (Filter Feeder) ဖြစ်သည်။ ၎င်းတို့စားသောက်သည့် အစာအများစုမှာ ပုစွန်ဆိပ်ကလေးများဖြစ်သည်။ အချင်းချင်း အသံလှိုင်းနှင့် (အသံထွက်၍) ဆက်သွယ်ကြသည်ကို ယခင်ကတည်းက သိထားနှင့်ပြီးဖြစ်၏။ ထိုသို့ ဆက်သွယ်ရာ၌ ဝေလငါး မျိုးစိတ်တစ်စိတ်နှင့် တစ်စိတ် အသုံးပြုသည့် အသံလှိုင်းတုန်ခါနှုန်းများ မတူညီကြဘဲ ဝေလငါးပြာတို့၏ ပျမ်းမျှအသံလှိုင်းတုန်ခါနှုန်းမှာ (၈ - ၂၅ ဟက်ဇ်) အတွင်းဖြစ်သည်ဟု သိရသည်။ သို့ရာတွင် ဒေသ၊ ရာသီဥတု၊ အပြုအမူအလိုက် ကွဲပြားနိုင်သည်။
ဝေလငါးပြာသည် ၁၉ ရာစုအကုန်အထိ ကမ္ဘာ့သမုဒ္ဒရာများအားလုံးနီးပါးတွင် ပေါများခဲ့သည်။ ၁၉၆၆ ခုနှစ်၌ နိုင်ငံတကာ ဝေလငါးဖမ်းကော်မရှင် ကိုယ်တိုင်က ဝေလငါးပြာ အမဲလိုက်ခြင်းကို တားမြစ်ရသည့်အထိ မျိုးသုဉ်းလုနီးပါး အမဲလိုက်ခြင်းခံခဲ့ရသည်။ ဝေလငါးပြာများကို ၂၀၁၈ ခုနှစ်အထိ မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်အဖြစ် နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်းက သတ်မှတ်ခဲ့သည်။ လူလုပ်အန္တရာယ်(သင်္ဘောတိုက်ခိုက်မှု၊ လေထုညစ်ညမ်းမှု၊ သမုဒ္ဒရာ ဆူညံသံနှင့် ရာသီဥတုပြောင်းလဲမှု) နှင့် သဘာဝအန္တရာယ်(လူသတ်ဝေလငါး ဖမ်းဆီးခြင်း) တို့၏ ခြိမ်းခြောက်မှုများစွာကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။[3]
" ဝေလငါးပြာသည် လက်ရှိ တိရစ္ဆာန်များနှင့် ရှာဖွေတွေ့ရှိခဲ့သမျှ တိရစ္ဆာန်များအပါ အားလုံးသော တိရစ္ဆာန်များထဲ၌ အကြီးမားဆုံးတိရစ္ဆာန် ဖြစ်သည်"