အမားဂျင်း ဒရဂွန်(စ်)
From Wikipedia, the free encyclopedia
အမားဂျင်း ဒရဂွန်(စ်) အဖွဲ့သည် လက်စ်ဗေးဂတ်စ် ၊ နဗားဒါးပြည်နယ် တွင်အခြေစိုက်ပြီး 2008 ခုနှစ်တွင်ဖွဲ့စည်းခဲ့သောအမေရိကန် ပေါ့ပ်ရော့ခ် ဂီတအဖွဲ့ဖြစ်ပြီး လက်ရှိတွင် ဦးဆောင်အဆိုတော် ဒန် ရေးနိုး(စ်) ၊ ဂစ်တာသမား Wayne Sermon ၊ ဘေ့စတီးခတ်သူ Ben McKee နှင့် ဒရမ်တီးသူ Daniel Platzman တို့ပါဝင်သည်။ [1] သူတို့တီးဝိုင်းသည် " It's Time " ကို single အဖြစ်ထုတ်ဝေပြီးနောက် ပထမဆုံး အယ်လ်ဘမ်ဖြစ်သော Night Visions (2012) ကို ထုတ်ဝေခဲ့သည်။ ယင်းနောက်တွင် သူတို့၏ ပွဲဦးထွက် အယ်လ်ဘမ်ဖြစ်သော Night Visions (2012) တွင်ပါဝင်သော " Radioactive " နှင့် " Demons " တို့မှာ chart-topping single မျအဖြစ် ရပ်တည်ခဲ့သည်။ "Radioactive" ဟု အမည်ပေးထားသည့် Rolling Stone သည် Billboard Hot 100 ထိပ်ဆုံးတွင် သီတင်းပတ်အများဆုံး ရပ်တည်နိုင်သော စံချိန်တင်ခဲ့သည်။ [1] [2] [3] [4] MTV က ၎င်းတို့အား "the year's biggest breakout band" [5] ဟု ခေါ်ဆိုခဲ့ပြီး Billboard က သူတို့အဖွဲ့ကို "Breakthrough Band of 2013" နှင့် "Biggest Band of 2017" [6] အဖြစ် သတ်မှတ်ခဲ့သည်။ Billboard ၏ "Year in Rock" Ranking တွင် 2013၊ [7] 2017၊ [8] နှင့် 2018 တို့၌ ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။ [9] အမားဂျင်း ဒရဂွန်(စ်) သည် 2018 ခုနှစ်တွင် Billboard နှစ်ကုန် "ထိပ်တန်းအနုပညာရှင်များ - Duo/Group" အမျိုးအစားတွင်လည်း နံပါတ်တစ်ချိတ်ခဲ့သည်။ [10]
အမားဂျင်း ဒရဂွန်(စ်) | |
---|---|
Imagine Dragons at Roundhouse in 2017 | |
ကိုယ်ရေး အချက်အလက်များ | |
အခြားအမည်များ | Ragged Insomnia |
မူလတိုင်းပြည် | Las Vegas, Nevada, U.S. |
ဂီတဟန် |
|
တက်ကြွသည့်နှစ်များ | 2008–present |
တေးသံသွင်း ကုမ္ပဏီ |
|
ဝက်ဘ်ဆိုက် | imaginedragonsmusic.com |
လက်ရှိအဖွဲ့ဝင်များ |
|
အဖွဲ့ဝင်ဟောင်းများ |
|
သူတို့အဖွဲ့၏ ဒုတိယမြောက် စတူဒီယိုအယ်လ်ဘမ် Smoke + Mirrors (2015) သည် US၊ Canada နှင့် UK တို့တွင် နံပါတ်တစ်သို့ ရောက်ရှိခဲ့သည်။ [11] [12] ယင်းနောက်တွင် ၎င်းတို့၏ တတိယမြောက် စတူဒီယိုအယ်လ်ဘမ် Evolve (2017) ထွက်ရှိခဲ့ပြီး ထိုအယ်လ်ဘမ်ထဲမှ " Believer "၊ " Thunder " နှင့် " Whatever it takes " သီချင်းများမှာ အတော်အောင်မြင်ခဲ့သည်။ ဒီသီချင်းများနှင့်အတူ အမားဂျင်း ဒရဂွန်(စ်) အဖွဲ့သည် Billboard Hot Rock သီချင်းများဇယား တွင် နံပါတ်တစ်၌ ရက်သတ္တပတ်အကြာဆုံး ရပ်တည်နိုင်ခဲ့သည့် အဖွဲ့ဖြစ်ခဲ့သည်။