အမျိုးသမီးတို့ ထကြလော့: အလွန်ရှုပ်ထွေးပွေလီသော
From Wikipedia, the free encyclopedia
အမျိုးသမီးတို့ ထကြလော့: အလွန်ရှုပ်ထွေးပွေလီသော (ထိုင်း: Wake Up ชะนี: Very Complicated) သည် အမျိုးသမီးတို့ ထကြလော့: သည် စီးရီး (၂၀၁၈)၏ နောက်ဆက်တွဲအဖြစ် Niti Chaichitathorn (Pompam)၊ Akhamsiri Suwanasuk (Jakjaan)၊ Apissada Kreurkongka (Ice)၊ Maneerat Kam-Uan (Ae)၊ Tipnaree Weerawatnodom (Namtan) နှင့် Ramida Jiranorraphat (Jane) တို့ ပါဝင်သရုပ်ဆောင်ထားသော ၂၀၂၀ ထိုင်းရုပ်သံဇာတ်လမ်းတွဲ တစ်ပုဒ်ဖြစ်သည်။
အမျိုးသမီးတို့ ထကြလော့: အလွန်ရှုပ်ထွေးပွေလီသော | |
---|---|
အမျိုးအစား |
|
ဖန်တီးသူ |
|
အခြေခံထားသည်မှာ | Wake Up ชะนี |
ဒါရိုက်တာ |
|
သရုပ်ဆောင် |
|
နိုင်ငံ | Thailand |
ဘာသာစကား | Thai |
အပိုင်းပေါင်း | 10 |
ထုတ်လုပ်သည့် ကုမ္ပဏီ |
|
မူရင်းရုပ်သံလိုင်း |
|
မူလပြသမှု | ၆ ဒီဇင်ဘာ ၂၀၂၀ (၂၀၂၀-၁၂-၀၆) – ၁၄ ဖေဖော်ဝါရီ ၂၀၂၁ (၂၀၂၁-၀၂-၁၄) |
ယခင်ဇာတ်လမ်း | အမျိုးသမီးတို့ ထကြလော့: သည် စီးရီး |
GMM 25 Show Details | |
ထုတ်လုပ်မှု ဝက်ဘ်ဆိုဒ် |
ဒါရိုက်တာ Komgrit Triwimol နှင့် Rangsima Mathipornwanich တို့ ရိုက်ကူးပြီး GMMTV နှင့် Parbdee Taweesuk တို့ ပူးပေါင်းထုတ်လုပ်သော ဤဇာတ်လမ်းတွဲသည် ၂၀၁၉ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့တွင် ပြုလုပ်သော GMMTV ၏ "New & Next" ပွဲ၌ ပြသခဲ့သည့် ၂၀၂၀ ခုနှစ်အတွက် ရုပ်သံဇာတ်လမ်းတွဲ ၁၂ ခုအနက် တစ်ခုဖြစ်သည်။[1][2] GMM 25 နှင့် LINE TV တို့တွင် ၂၀၂၀ ဒီဇင်ဘာလ ၆ရက်နေ့မှ စတင်ကာ အပတ်စဉ် တနင်္ဂနွေနေ့ ၂၀:၃၀ နာရီ နှင့် ၂၂:၃၀နာရီတို့တွင် ပြသခဲ့သည်။[3]