ကျားမတန်းတူညီမျှမှုအား ရည်ရွယ်သော လှုပ်ရှားမှုများနှင့် အတွေးအမြင်သဘောတရားများ From Wikipedia, the free encyclopedia
သာတူညီမျှ အမျိုးသမီးဝါဒ(feminism) ဆိုသည်မှာ အမျိုးသမီတို့၏ နိုင်ငံရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ လူမှုရေး ဆိုင်ရာ ကိစ္စရပ်များတွင် သာတူညီမျှ ရပိုင်ခွင့် နှင့် ပတ်သက်၍ ဖွင့်ဆိုခြင်း၊ ဖော်ထုတ်ခြင်း နှင့် ကာကွယ်ခြင်းတို့ အတွက် ရည်ရွယ်ပြုလုပ်သော လှုပ်ရှားမှုများကို စုပေါင်းခေါ်ဆိုခြင်း ဖြစ်သည်။ ထိုဝါဒသည် အမျိုးသမီး အခွင့်အရေး ဖော်ထုတ်သူများ၏ သဘောတရားနှင့် အချို့နေရာများတွင် တူညီနေသည်။ သာတူညီမျှ အမျိုးသမီး ဝါဒမှာ အမျိုးသမီးတို့နှင့် သက်ဆိုင်သော ကိစ္စရပ်များကို ဦးတည်ချက်ထား လုပ်ဆောင်ကြသည်။ အချို့သော သာတူညီမျှ အမျိုးသမီးဝါဒီများမှာ ကျား/မ သာတူညီမျှ ဖြစ်ရေး ကို ဦးတည်ကြသဖြင့် ယောက်ျားတို့အတွက် သာတူညီမျှ အခွင့်အရေးရရှိခြင်းသည်လည်း ထိုဝါဒ၏ အဓိက အစိတ်အပိုင်း ဖြစ်သည်ဟု ဆွေးနွေးငြင်းဆိုကြသည်။ အဘယ်ကြောင့် ဆိုသော လိင်ခွဲခြား ဆက်ဆံခြင်း နှင့် အမျိုးသား အမျိုးသမီး ခွဲခြားသတ်မှတ်ခြင်းတို့သည်လည်း ယောက်ျားထုကို အကျိုးယုတ်စေနိုင်သောကြောင့် ဖြစ်သည်ဟု ဆိုကြသည်။
၁၉၆၀ပြည့်နှစ်များတွင် အမျိုးသမီးစာရေးဆရာတစုမှ စတင်လှုံ့ဆော်ခဲ့သော “မ”ဝါဒအတွေးအခေါ်သည် ၁၉၇၀ပြည့်နှစ်များတွင် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများတွင် အမျိုးသမီးရေးရာလှုပ်ရှားမှုများဖြစ်လာခဲ့ပြီး နိုင်ငံရေးအရသက်ရောက်မှုများရှိလာခဲ့သည်။ အမျိုးသမီးစာရေးဆရာများက ထောက်ပြကြသည်မှာ အမျိုးသမီးများသည် လုပ်ငန်းခွင်များ၌ အမျိုးသားများလောက် လုပ်အားခများမရရှိပဲ ရာထူးတက်လျှင်လည်း အမျိုးသားများကသာတက်ပြီး အမျိုးသမီးများမှာ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများပါ စော်ကားမှုများခံနေရပြီး ချေးငွေများနှင့် အာမခံများလျှောက်ထားရာတွင်ပါ ငြင်းပယ်ခံနေရပြီး အမျိုးသားများနှင့် ယှဉ်လျှင် ဒုတိယတန်းစားနိုင်ငံသားအဆင့်သာရှိသည်ဟု ပြောဆိုကြသည်။ အဓိကပြဿနာမှာ ဇီဝဗေဒအရကွဲပြားမှုအရ ခွဲခြားခံရမှုထက် စိတ်ပိုင်းဆိုင်ရာခံယူမှု အပိုင်းပြဿနာသာဖြစ်ပြီး အစဉ်အလာအရ ယောက်ျားလေးဟူသည်မှာ ကြံ့ခိုင်တောင့်တင်းပြီး လွှမ်းမိုးခြယ်လှယ်နိုင်သောစရိုက်ရှိရမည် တုံးတိုက်တိုက် ကျားကိုက်ကိုက်ရှိကာ “ယောက်ျားဆန်” ရမည်ဟူ၍ ဝိုင်းဝန်းသတ်မှတ်ကြပြီး မိန်းကလေးမှာမူ နူးညံ့သိမ်မွေ့ကာ၊မိမိကိုယ်ကိုယ်ပင်မသေချာဖြစ်နေပြီး နွဲ့နွဲ့နှောင်းနှောင်းရှိသော “မိန်းမဆန်” ရမည်ဟူ၍ သတ်မှတ်ကြခြင်းသည်သာဖြစ်သည်ဟု ဆို၏။ ထိုကဲ့သို့ကျားသတ္တဝါများကြီးစိုးသောလူ့အဖွဲ့အစည်းတွင် ဤသို့ဖိအားပေးကာ ကျားစိတ်ဓာတ်၊မ စိတ်ဓာတ်ဟူ၍ ခွဲခြားသွပ်သွင်းခံရ၍သာ မိန်းမများမစွမ်းသာဟု အထင်ခံနေရခြင်းဖြစ်ပြီး ဤအခြေအနေနှင့် အတွေးအခေါ်တို့သွပ်သွင်းပုံကို မျိုးဆက်သစ်များတွင် ပုံစံပြောင်းလိုက်နိုင်ပါက ယောက်ျားလေးများ ပိုမိုသဘောထားပျော့ပျောင်းလာပြီး မိန်းကလေးများကလည်း ရဲရဲတင်းတင်းဖြင့် မိမိကိုယ်ကိုယ် ယုံကြည်မှုတိုးလာမည်ဟု “မ” ဝါဒီများကဆို၏။ ဤသို့“မ”ဝါဒီများ စည်းရုံးလှုပ်ရှားမှုများကြောင့် လုပ်ငန်းခွင်များတွင် တဖြည်းဖြည်းယောက်ျားများနှင့် တန်းတူအခွင့်အရေးရရှိလာပြီး အလုပ်ရှင်များကလည်း အမျိုးသားထက် အမျိုးသမီးကို ခန့်ထားခြင်းများပြုလုပ်လာခဲ့သည်။ လုပ်ငန်းခွင်စီမန်ခန့်ခွဲမှုရာထူးများတွင်လည်း အမျိုးသမီးများ ထိပ်ပိုင်းနေရာများကိုရရှိလာခဲ့သည်။ မိန်းမများကလုပ်ငန်းခွင်ဝင်ပြီး အမျိုးသားများက အိမ်ရှင်မတာဝန်ယူ၍ ကလေးထိန်းရခြင်းများမှာလည်း အဆန်းမဟုတ်တော့ပဲဖြစ်လာခဲ့သည်။ နိုင်ငံရေးနယ်ပယ်၌လည်း အမျိုးသမီးများက မဲပေးခွင့်ကို အသုံးချ၍ နိုင်ငံရေး၌ လွှမ်းမိုးမှု၊သက်ရောက်မှုများရှိကြောင်းကိုပြလာနိုင်ကြသည်။ ရလဒ်အားဖြင့် မဲဆွယ်သူများကလည်း အမျိုးသမီးမဲများရရှိရေးအတွက် အမျိုးသမီးအခွင့်အရေးကိစ္စများကို လျှစ်လျှရှုထား၍မရပဲ ထည့်သွင်းပြောဆိုလာရသည်။ အမေရိကတွင် အစဉ်အလာအားဖြင့် ခေတ်နောက်ပြန်ဆွဲ၍ရှေးဆန်မည်ဟုယူဆရသောအမျိုးသမီးများက သူတို့၏အခွင့်အရေးကို တိုးမပေးပဲကန့်သတ်မည့် ရှေးရိုးစွဲ ရီပတ်ဘလီကန်များထက် ဒီမိုကရက်များကိုမဲပေးကြသည်မှာလည်း နိုင်ငံရေးလောကတွင် အမျိုးသမီးများအရေးပါမှုကိုပြသနေပါသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.