အာသာ ကိုနန် ဒွိုင်းလ်
From Wikipedia, the free encyclopedia
ဆာ အာသာ အစ်ဂ်နေးရှပ်စ် ကိုနန် ဒွိုင်းလ် (အင်္ဂလိပ်: Sir Arthur Ignatius Conan Doyle; KStJg, DL ) သည် ဗြိတိသျှ စာရေးဆရာနှင့် ဆရာဝန်တစ်ဦးဖြစ်သည်။ ၁၈၈၇ တွင် ကြက်သွေးရောင် စမ်းစစ်မှု (A Study in Scarlet) ဝတ္ထုကို ထုတ်ဝေလိုက်သောအခါ ရှားလော့ခ်ဟုမ်းစ် ဇာတ်ကောင် ပေါ်ပေါက်လာခဲ့သည်။ ထိုဝတ္ထုသည် ဟုမ်းစ်နှင့် ဒေါက်တာ ဝေါ့တ်ဆန် တို့ပါဝင်သော ဝတ္ထုရှည် လေးပုဒ်နှင့် ဝတ္ထုတို (၅၆) ပုဒ်မှ ပထမဆုံး ဝတ္ထုစာအုပ်ဖြစ်သည်။ ရှားလော့ခ်ဟုမ်းစ် ဇာတ်လမ်းများကို ယေဘုယျအားဖြင့် မှုခင်းဝတ္ထုနယ်ပယ်တွင် သမိုင်းမှတ်တိုင်အဖြစ် ယူဆသတ်မှတ်ကြသည်။
ဆာ အာသာ ကိုနန် ဒွိုင်းလ် KStJg, DL | |
---|---|
Doyle in 1914 | |
မွေးဖွား | အာသာ အစ်ဂ်နေးရှပ်စ် ကိုနန် ဒွိုင်းလ် (1859-05-22)၂၂ မေ၊ ၁၈၅၉ အက်ဒင်ဘာရာ၊ စကော့တလန် |
ကွယ်လွန် | ၇ ဇူလိုင်၊ ၁၉၃၀(1930-07-07) (အသက် ၇၁) ခရိုးဘာရာ၊ အင်္ဂလန် |
အလုပ်အကိုင် |
|
နိုင်ငံလူမျိုး | ဗြိတိသျှ |
ပညာရေး | အက်ဒင်ဘာရာ တက္ကသိုလ် |
စာပေအမျိုးအစား |
|
ထင်ရှားသည့်လက်ရာများ | |
အိမ်ထောင်ဖက် |
|
သားသမီး | ၅ |
လက်မှတ် | |
ဝက်ဘ်ဆိုဒ် | |
conandoyleestate.com |
ဒွိုင်းလ်သည် အလွန်စာရေးနိုင်သောသူတစ်ဦးဖြစ်ကာ ရှားလော့ခ်ဟုမ်းစ် ဝတ္ထုများအပြင် ၎င်း၏လက်ရာများ၌ ပါမောက္ခ တစ်ဦး (Professor Challenger) အကြောင်းပါဝင်သော စိတ်ကူးယဉ်နှင့် သိပ္ပံဇာတ်လမ်းများ၊ နပိုလီယံတပ်မှ ဗိုလ်မှူးချုပ် ဂျရတ် (Brigadier Gerard) ပါဝင်သော ဟာသဇာတ်လမ်းများအပြင် ပြဇာတ်၊ အချစ်ဝတ္ထုများ၊ ကဗျာ၊ ဖြစ်ရပ်မှန်နှင့် သမိုင်းဝတ္ထုရှည်များလည်း ပါဝင်သည်။ ဒွိုင်းလ်၏ အစောပိုင်း ဝတ္ထုတိုများထဲကတစ်ခုဖြစ်သော 'ဂျေ ဟာဘာကွခ် ဂျက်ဖ်ဆန်၏ အဆိုပြုချက်' (J. Habakuk Jephson's Statement - ၁၈၈၄) သည် အမေရိကန်ရွက် ကုန်သွယ်သင်္ဘော မယ်ရီ စလက်စ်တ် (Mary Celeste) ၏ လျှို့ဝှက်ဆန်းကြယ်မှုများကို ရေပန်းစားစေရန် အကျိုးပြုစေနိုင်ခဲ့သည်။