အိုရှန်းနီးယားရှိ အချုပ်အခြာအာဏာပိုင်နိုင်ငံများနှင့် အမှီအခိုနယ်မြေများ စာရင်း
From Wikipedia, the free encyclopedia
ဤသည်မှာ ပထဝီဝင်ဒေသအပိုင်းအခြားအရ သမုဒ္ဒပိုင်းဇုံတွင် ကျရောက်နေသော အချုပ်အခြာအာဏာပိုင်နိုင်ငံများနှင့် အမှီအခိုနယ်မြေများဖြစ်သည်။ သမုဒ္ဒရာရေပြင်အများစုရှိပြီးနှင့် တိုက်ကြီးများ၏ ကျောက်လွှာများစွာတွင် လွှမ်းခြုံတည်ရှိနေသော်လည်း အိုရှန်းနီးယားနိုင်ငံများသည် တိုက်ကြီးများ၏ စာရင်းတွင် ရံဖန်ရံခါသာ ဖော်ပြကြသည်။
ထိုစာရင်းတွင် ပထဝီနိုင်ငံရေးအရ ပစိတ်ဖိတ်သမုဒ္ဒရာဝန်းရံထားသော ဩစတြေးလေးရှား၊ မီလန်နီးရှား၊ မိုက်ခရိုနီးရှားနှင့် ပိုလီနီးရှားတို့ ပါဝင်ကြသည်။ အိုရှန်းနီးယားဒေသ၏ ကုန်မြေထုအကြီးဆုံးပိုင်ဆိုင်သည်မှာ ဩစတေးလျနိုင်ငံဖြစ်သည်။[1]
အာရှနှင့် အိုးရှန်းနီးယားအကြား နယ်နိမိတ်သည် ရှင်းလင်းစွာ သတ်မှတ်ထားခြင်းမရှိပေ။ နိုင်ငံရေးဆိုင်ရာ အကြောင်းပြချက်များအတွက် ကုလသမဂ္ဂမှ အင်ဒိုနီးယားနှင့် ပါပူအာနယူးဂီနီ၏ ဒေသနှစ်ခုအကြားကို နယ်ကြားမျဉ်းအဖြစ် မှတ်ယူသည်။[2] ပါပူအာနယူးဂီနီအား အင်ဒိုနီးရှားနိုင်ငံ၏ အိမ်နီးချင်းအဖြစ် အာရှနိုင်ငံအဖြစ် တခါတရံ ထည်သွင်းကြသော်လည်း ဤသည်မှာ ရှားပါးလှပါပြီး ယေဘုယျအားဖြင့် အိုရှန်းနီးယား၏ အစိတ်အပိုင်းတစ်ခုအဖြစ် လက်ခံထားကြသည်။ ပထဝီဝင်အရ ပါပူအာနှင့် အနောက်ပါပူအာပြည်နယ်တို့သည်လည်း အိုရှန်းနီးယား၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။