အီဗန် ဒူးဘာ
ယူကရိန်းနိုင်ငံသား စာပေဝေဖန်ရေးသမား၊ လူမှုရေးတက်ကြွလှုပ်ရှားသူ၊ ဆိုဗီယက်အစိုးရဆန့်ကျင်သ / From Wikipedia, the free encyclopedia
အီဗန် မီခါလိုဗစ်ခ်ျ ဒူးဘာ (ယူကရိန်း: Іва́н Миха́йлович Дзю́ба; ၂၆ ဇူလိုင် ၁၉၃၁ – ၂၂ ဖေဖော်ဝါရီလ ၂၀၂၂) သည် ယူကရိန်းနိုင်ငံသား စာပေဝေဖန်ရေးသမား၊ လူမှုရေးတက်ကြွလှုပ်ရှားသူ၊ ဆိုဗီယက်အစိုးရဆန့်ကျင်သူတစ်ဦး ဖြစ်သည်။ ယူကရိန်းသူရဲကောင်းဘွဲ့ရရှိထားသူဖြစ်ပြီး ယူကရိန်းအမျိုးသားသိပ္ပံအကယ်ဒမီ၏ ပညာရှင်တစ်ဦးအဖြစ်လည်းကောင်း၊ ဒုတိယမြောက် ယဉ်ကျေးမှုဝန်ကြီးအဖြစ်လည်းကောင်း၊ ရှဗ်ချန်ကို အမျိုးသားဆုချီးမြှင့်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။[1]
အချက်တိုများ အီဗန် ဒူးဘာ, ကိုယ်ရေး အချက်အလက်များ ...
အီဗန် ဒူးဘာ | |
---|---|
Дзюба Іван Михайлович | |
၂၀၀၄ ခုနှစ်က အီဗန် ဒူးဘာ | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | အီဗန် မီခါလိုဗစ်ခ်ျ ဒူးဘာ (1931-07-26)၂၆ ဇူလိုင်၊ ၁၉၃၁ မီကိုလက်ဗကာ, ဗိုလ်နိုဗာခါပြည်နယ်, ဆိုဗီယက်ယူကရိန်း, ဆိုဗီယက်ပြည်ထောင်စု |
ကွယ်လွန် | ၂၂ ဖေဖော်ဝါရီ၊ ၂၀၂၂(2022-02-22) (အသက် ၉၀) ယူကရိန်းနိုင်ငံ၊ ခီးယဗ်မြို့ |
ပိတ်ရန်
ခေတ်သစ်ယူကရိန်းစွယ်စုံကျမ်း အယ်ဒီတာအဖွဲ့၏ တွဲဖက်ဥက္ကဋ္ဌ၊ ခေတ်ပြိုင် မဂ္ဂဇင်း၏ အယ်ဒီတာချုပ်၊ ခီးယဗ်စကာ စတာရောဗ်နာ (ရှေးဟောင်းခီးယဗ်)၊ ဆလိုဗိုအီချတ်စ်၊ ယက်ဗရိုအတ်တလန်းတစ်ကာ (ယူရိုအတ္တလန္တိတ်) ဟူသော သိပ္ပံမဂ္ဂဇင်းများ၏ အယ်ဒီတာအဖွဲ့ဝင်တို့အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။