ဧကရာဇ်
From Wikipedia, the free encyclopedia
ဧကရာဇ် (အင်္ဂလိပ်: emperor) သည် အင်ပါရာအနေအထားရှိသော တိုင်းပြည်ကို အစိုးရအုပ်ချုပ်သူဖြစ်သည်။ ယေဘုယျအားဖြင့် ဘုရင် (king) ဟုခေါ်ဆိုသော အုပ်ချုပ်သူမင်းများထက် သာလွန်သည်။ "Emperor" စကားလုံးသည် လက်တင်ဘာသာစကား imperator (စစ်ရေး အမိန့်ပေးသူ) ၊ ပြင်သစ်စကားလုံး emperere မှ ဆင်းသက်လာသည်။[2] "Empress" ကို မြန်မာဘာသာဖြင့် "ဧကရီ" ဟူ၍ ဘာသာပြန်ပြီး အနက်မှာ ဘုရင်မဟူ၍ ဖြစ်သည်။[3] "Empress" ကို သုံးရာတွင် အနက်သုံးခုဖြစ်နိုင်သည်။ ပထမမှာ ဧကရာဇ်ဘုရင်၏ မိဖုရား (empress consort)၊ ဒုတိယအနက်မှာ ကွယ်လွန်သူဧကရာဇ်ဘုရင်၏ မိဖုရားကြီး (empress dowager, မယ်တော်မိဖုရားကြီး)၊ တတိယအဓိပ္ပာယ်မှာ ကိုယ်တိုင်အုပ်ချုပ်သော ဧကရီဘုရင်မ (empress regnant) ဖြစ်သည်။