From Wikipedia, the free encyclopedia
၁၉၄၆ စစ်ကိုင်းငလျင်များ ("ဝန်းသိုငလျင်များ" ဟုလည်း သိကြ) သည် မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၁၂ ရက်နေ့ ဒေသစံတော်ချိန် ၁၅ နာရီ ၁၇ မိနစ်တွင် ဖြစ်ပွားခဲ့သည့် ငလျင်တစ်ခု ဖြစ်သည်။[1] ပထမဆုံး လှုပ်ခတ်ခဲ့သည့်ငလျင်သည် ၈.၀ ဖြစ်ပြီး နောက်ထပ်ငလျင်သည် အဓိကငလျင်ဖြစ်ကာ M7.8 ဖြစ်ခဲ့သည်။ ဤငလျင်နှစ်ခုစလုံးသည် ၁၇၆၂ ရခိုင်ငလျင်ဖြစ်ပြီးကတည်းက နိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် အကြီးမားဆုံး ငလျင်များ ဖြစ်ခဲ့သည်။[1][2]
UTC အချိန် | 1946-09-12 15:17:23 |
---|---|
1946-09-12 15:20:28 | |
ISC ဖြစ်ရပ် | 898579 |
898580 | |
USGS-ANSS | ComCat |
ဒေသ ရက်စွဲ | September 12, 1946 |
အတိုင်းအတာ | 8.0 Mw |
7.8 Mw | |
အနက် | 35.0 km |
35.0 km | |
ငလျင်ဗဟို | 22.35°N 96.24°E |
အက်ကွဲကြောင်း | စစ်ကိုင်းပြတ်ရွေ့ကြော |
အမျိုးအစား | Strike-slip |
သက်ရောက်ဧရိယာ | မြန်မာနိုင်ငံ |
စုစုပေါင်းပျက်စီးမှု | ဘုရားစေတီများစွာ ပျက်စီးခဲ့ |
ထိခိုက်သေကြေမှုများ | 0 |
ငလျင်ကြီးနှင့် နောက်ဆက်တွဲငလျင်နှစ်ခုစလုံးသည် စစ်ကိုင်းပြတ်ရွေ့ကြောတွင် ဖြစ်ပွားခဲ့သည်။ စစ်ကိုင်းပြတ်ရွေ့ကြောသည် မြန်မာ့ကျောက်ချပ်လွှာနှင့် Sunda ကျောက်ချပ်လွှာတို့အကြား နယ်နိမိတ်ကို သတ်မှတ်ပေးထားသည်။ စစ်ကိုင်းပြတ်ရွေ့ကြောသည် မြန်မာနိုင်ငံတွင် လှုပ်ရှားမှုအရှိဆုံး ပြတ်ရွေ့ကြော ဖြစ်သည်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့်မြို့ကြီးများကို လှုပ်ခတ်ကာ ထိခိုက်မှုများဖြစ်စေခဲ့သည့် ပြတ်ရွေ့ကြောတစ်ခု ဖြစ်သည်။[3]
ပမာဏ M 8.0 ရှိသည့် အဓိကငလျင်သည်စစ်ကိုင်းပြတ်ရွေ့ကြော၏ စစ်ကိုင်းအပိုင်းတစ်လျှောက် လှုပ်ခတ်သွားခဲ့သည်။ ငလျင်ဗဟိုချက်သည် လဲသတောင်၏ တောင်ဘက်တွင်ဖြစ်ခဲ့ပြီး အနက် ၁၅.၀ ကီလိုမီတာတွင် ဖြစ်သည်။[4][5] ဒုတိယအကြိမ်လှုပ်ခတ်သည့် ပမာဏ ၇.၈ ရှိသသည့် ငလျင်သည် ပထမငလျင်အပြီး သုံးမိနစ်အကြာတွင် လှုပ်ခတ်ခဲ့ကာ ပထမငလျင်၏ မြောက်ဘက် ၁၅၅ ကီလိုမီတာအကွာတွင် ဖြစ်သည်။ ၎င်း၏ ဟိုက်ပိုစင်တာ (Hypocenter) သည် အနက် ၁၅.၀ ကီလိုမီတာတွင် ဖြစ်သည်။[4]
စစ်ကိုင်းပြတ်ရွေ့ကြောတစ်လျှောက်တွင် အခြားငလျင်ကြီးများလည်း ၁၉၄၆ ငလျင်များ၏ ငလျင်ဗဟိုချက်နှင့် နီးကပ်စွာ အကြိမ်များစွာ လှုပ်ခတ်ခဲ့သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.