၂၀၁၆ အာဆီယံချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ
From Wikipedia, the free encyclopedia
၂၀၁၆ အာဆီယံချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ ကို ဆူဇူကီးမှ ပံ့ပိုးကူညီထားပြီး အာဆီယံဆူဇူကီးဖလား ၂၀၁၆ ပြိုင်ပွဲဟုလည်း လူသိများသည်။ အဆိုပါပြိုင်ပွဲသည် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ၏ ၁၁ ကြိမ်မြောက်ပြိုင်ပွဲဖြစ်ပြီး အာဆီယံဘောလုံးအဖွဲ့ချုပ်အဖွဲ့ဝင်နိုင်ငံများ ဝင်ရောက်ယှဉ်ပြိုင်ကြသော ဘောလုံးပြိုင်ပွဲလည်း ဖြစ်သည်။ အုပ်စုပွဲစဉ်များကို မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံ များတွင် ကျင်းပပြုလုပ်ခဲ့ပြီး အုပ်စုပွဲစဉ်နောက်ပိုင်းဖြစ်သော အကြိုဗိုလ်လုပွဲစဉ်များနှင့် ဗိုလ်လုပွဲစဉ်များကို တက်ရောက်ယှဉ်ပြိုင်ခွင့်ရသော အသင်းများ၏နိုင်ငံများတွင် ကျင်းပခဲ့သည်။ ပြိုင်ပွဲကာလမှာ ၂၀၁၆ခုနှစ် နိုဝင်ဘာ ၁၉ရက်မှ ဒီဇင်ဘာ ၁၇ ရက်ထိဖြစ်သည်။
အချက်တိုများ ပြိုင်ပွဲဆိုင်ရာ အချက်အလက်များ, အိမ်ရှင်နိုင်ငံများ ...
ပြိုင်ပွဲဆိုင်ရာ အချက်အလက်များ | |
---|---|
အိမ်ရှင်နိုင်ငံများ | မြန်မာ ဖိလစ်ပိုင် |
ကျင်းပသည့်နေ့ | ၁၉ နိုဝင်ဘာ – ၁၇ ဒီဇင်ဘာ |
ယှဉ်ပြိုင်သည့်အသင်း | ၈ (အဖွဲ့ချုပ်ခွဲ ၁ ခုမှ) |
အားကစားကွင်း | ၄ (အိမ်ရှင်မြို့ ၄ မြို့တွင်) |
နောက်ဆုံး ရပ်တည်မှုများ | |
ချန်ပီယံ | ထိုင်း (ပဥ္စမအကြိမ်) |
ဒုတိယ | အင်ဒိုနီးရှား |
ပြိုင်ပွဲဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ | |
ပွဲစဉ် | ၁၈ |
ဂိုးအရေအတွက် | ၅၀ (တစ်ပွဲလျှင် ၂.၇၈ ဂိုးနှုန်း) |
ပရိသတ်ဦးရေ | ၃၁၆၁၆၈ (တစ်ပွဲလျှင် ၁၇၅၆၅ ဦးနှုန်း) |
ဂိုးအများဆုံး သွင်းသူ | Teerasil Dangda (၆ ဂိုး) |
အကောင်းဆုံး အားကစားသမား | Chanathip Songkrasin |
အသန့်ရှင်းဆုံးဆု | ထိုင်း |
၂၀၁၈ → |
ပိတ်ရန်