၂၀၁၈ ဖီဖာကမ္ဘာ့ဖလား ရှုံးထွက်အဆင့်
From Wikipedia, the free encyclopedia
၂၀၁၈ ဖီဖာ ကမ္ဘာ့ဖလား၏ ရှုံးထွက်အဆင့်ပြိုင်ပွဲများကို အုပ်စုအဆင့်ပြိုင်ပွဲများ ပြီးဆုံးသည်နှင့် ကျင်းပမည်ဖြစ်သည်။ ရှုံးထွက်အဆင့်ပွဲများကို ဇွန်လ ၃၀ ရက်နေ့တွင် ၁၆ သင်းအဆင့်ပြိုင်ပွဲများဖြင့်စတင်ကစားမည်ဖြစ်ပြီး ဇူလိုင်လ ၁၅ ရက်နေ့တွင် မော်စကိုမြို့၊ လုရှ်နီးကီ အားကစားကွင်းကြီးတွင် ဗိုလ်လုပွဲကန်ပြီးနောက် ပြီးဆုံးမည်ဖြစ်သည်။[1] အုပ်စုအသီးသီးမှ ထိပ်ဆုံးအသင်း ၂ သင်းသည် ရှုံးထွက်အဆင့်သို့ ဝင်ခွင့်ရမည်ဖြစ်သည်။ တတိယလုပွဲကို ဆီမီးဖိုင်နယ် ရှုံးသော အသင်း ၂ သင်းဖြင့် ကျင်းပမည်ဖြစ်သည်။[2]
ဤဆောင်းပါးသည် လက်ရှိကျင်းပနေသော အားကစားနှင့်ဆက်နွယ်နေသည့် ပြိုင်ပွဲအား မှတ်တမ်းတင်ထားသော ဆောင်းပါးဖြစ်သည်။ ပြိုင်ပွဲကျင်းပနေမှုပေါ်မူတည်ပြီး အချက်အလက်များ မြန်မြန်ဆန်ဆန် ပြောင်းလဲသွားနိုင်ပါသည်။ ကနဦးသတင်းတင်ပြချက်များ၊ ရမှတ်များ သို့မဟုတ် ကိန်းဂဏန်းအချက်အလက်များသည် စိတ်ချယုံကြည်ဖွယ်မရှိသော အချက်အလက်များ ဖြစ်နိုင်ပါသည်။ ဤဆောင်းပါး၏ နောက်ဆုံးတည်ဖြတ်မှုသည် လက်ရှိနောက်ဆုံးသတင်းအချက်အလက်ကို ဖော်ပြပေးနိုင်ဦးမည် မဟုတ်ပေ။ (July 2018) |
ဤပွဲစဉ်ဇယားများရှိ အချိန်များကို ဒေသစံတော်ချိန်အား အသုံးပြုထားသည်။[1]